




Shoon (Cele Daily)

Unicode

ကမ္ဘာပေါ်တွင် ပထမဆုံးနှင့်အထူးဆန်းဆုံးသော မင်္ဂလာပွဲလို့ဆိုရမည့် အပန်းရောင်နှင့်လက်ထပ်ယူခဲ့သော မိန်းကလေးတစ်ဦး၏ မင်္ဂလာပွဲ

ကမ္ဘာပေါ်တွင်တော့ မင်္ဂလာပွဲအခမ်းအနားတွေကို ကိုယ်အမှန်တကယ်ချစ်မြတ်နိုးရသူလေးနှင့် ပျော်ရွင်စွာကျင်းပတတ်ကြပါတယ်။မင်္ဂလာပွဲလေးမှ ချစ်သူစုံတွဲနှစ်ဦး၏ ပျော်ရွင်ကြည်နူးဖွယ် ပီတိအပြုံးလေးတွေကို မြင်တွေ့ရသည်မှာ လူတိုင်း၏စိတ်နှလုံးကို အေးချမ်းစေခဲ့ရပါတယ်။

သို့သော်လည်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ Kitten’s Ceraဆိုသည့်ကောင်မလေးကတော့ ချစ်သူကောင်လေးကို လက်ထပ်ယူခဲ့ခြင်းမဟုတ်ဘဲ သူမအရမ်းနှစ်သက်သဘောကျရသည့် အပန်းရောင်ဖြင့် လက်ထပ်ယူခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကဲ့သို့ သက်မဲ့အရာတစ်ခုကို လက်ထပ်ယူခဲ့သောအမျိုးသမီးကြောင့် လူအများကအံ့သြနေခဲ့ကြရပါတယ်။အခြားသူများက အပန်းရောင်ကိုသုံးစွဲနေခဲ့လျှင် သူမ၏ယောကျာ်းကိုယူသုံးနေလို့ဆိုပြီး တရားစွဲနေမလားဆိုပြီး စဥ်းစားမိနေပါတယ်။

Shoon (Cele Daily)

Crd