ကမ္ဘာ့အရှည်လျားဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဧရာမသစ်ပင်ကြီး – Whats On Myanmar

ကမ္ဘာ့အရှည်လျားဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဧရာမသစ်ပင်ကြီး – Whats On Myanmar



ကမ္ဘာ့အရှည်လျားဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဧရာမသစ်ပင်ကြီး

ကမ္ဘာပေါ်မှာ ရှင်သန်ပေါက်ရောက်နေတဲ့ သစ်ပင်တွေမှာ အရှည်လျားဆုံး ၊ အကြီးဆုံးသစ်ပင်ကို သင့်အနေနဲ့ ဘယ်လောက်ထိမြင်ဖူးကြပါသလဲ…..ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ ရှေးအကျဆုံး ဧရာမသစ်ပင်ကြီးကို မြင်ရင်တော့ အံ့အားသင့်မိမှာတော့ သေချာပါတယ်။ အရှည်ဆုံး သစ်တုံးဟာ ၇၂.၂ မီတာ (၂၃၇ ပေ) ရှိပြီး ယင်းသစ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀,၀၀၀ ခန့်က စိုစွတ်တဲ့ အပူပိုင်းသစ်တောမှာ ၁၀၀ မီတာ (၃၃၀ ပေ) ကျော်အထိ မြင့်မားစွာ ပေါက်ရောက်ခဲ့တဲ့လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာမှာ ယနေ့ခေတ် ထိုင်းနိုင်ငံမှာ ရှေးကျတဲ့ အရွယ်နှင့် နီးကပ်တဲ့ သစ်ပင်ကြီးများ ပျောက်ကွယ်သွားခဲ့ပါပြီ။

ထိုင်းနိုင်ငံမှာ ယနေ့ခေတ် အမြင့်ဆုံးသစ်ပင်တွေဟာ မီတာ ၆၀ (ပေ ၂၀၀) နီးပါးလောက်ပဲ ရှိတော့တာ ဖြစ်ပါတယ်။ မြေကြီးထဲမြုပ်နေတဲ့ဒီသစ်ပင်တွေကို ဘယ်လိုရှာတွေ့တယ်ဆိုတာကတော့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ တာ့ခ်ခရိုင် ဘန်တက်ခရိုင်ရှိ ကြိုးဝိုင်းတောထဲမှာ ရွာသားတစ်ဦးက လွန်ခဲ့တဲ့ဆယ်နှစ်က သစ်တုံးကြီးရဲ့ အပိုင်းငယ်တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများကို အသိပေးတိုင်ကြားခဲ့ပါတယ်။

အဆိုပါသစ်လုံးအား စစ်ဆေးဖို့ တာဝန်ရှိသူတစ်ဦးက သွားရောက်ပြီး အနီးပတ်ဝန်းကျင်ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် အရှည် ၂၁ မီတာ (ပေ ၇၀) ရှိတဲ့ သစ်လုံးအား အဆုံးအထိ တူးဖော်ခဲ့ကြပါတယ်။ သစ်လုံးတစ်ခုလုံးပေါ်လာချိန်မှာတော့ အလျား ၇၂.၂၂ မီတာ (၂၃၆.၉ ပေ) ရှိတာကြောင့် အိမ်အထပ် ၂၀ နဲ့ညီမျှတဲ့ ကမ္ဘာ့အရှည်ဆုံး သစ်သားကျောက်တုံးကြီး ဖြစ်နေခဲ့ပါတယ်။ ပညာရှင်တွေရဲ့ လေ့လာချက်အရ အဆိုပါ ကျောက်ဖြစ်သစ်သားလုံးကြီးဟာ အသက် ၁၂၀,၀၀၀ နှစ်ထက်မနည်းဘူးလို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ်ကနေ ဆွဲဆောင်မှုရှိတဲ့ ရှာဖွေတွေ့ရှိမှုများကြောင့် Petrified သစ်တောဥယျာဉ်ရဲ့ အမည်ကိုစတင်ပြောင်းလဲခဲ့ပြီး ယနေ့မှာတော့ အများပြည်သူများ လေ့လာစရာနေရာအဖြစ် ပြသထားပါတယ်။

Crd

Crd