ကလေးတွေလိုချင်သော အရုပ်ကို ဝယ်ပေးဖို့ငွေကြေးမတတ်နိုင်တာကြောင့် ဒူးရင်းသီးနဲ့ အလဲအလှယ်လုပ်ခဲ့သော ဖခင်တစ်ဦး

Hlaing (Love Feeling)
Zawgyi
ကလေးတွေလိုချင်သော အရုပ်ကို ဝယ်ပေးဖို့ငွေကြေးမတတ်နိုင်တာကြောင့် ဒူးရင်းသီးနဲ့ အလဲအလှယ်လုပ်ခဲ့သော ဖခင်တစ်ဦး
မိဘတို့ရဲ့ မေတ္တာသည် သားသမီးတွေအပေါ်မှာ မပြတ်စီးဆင်းလျက်ရှိပြီး မည်မျှပဲ ဆင်းရဲနေပါစေ သူတို့သားသမီးရဲ့ လိုအင် ဆန္ဒတွေကို ဖြည့်ဆည်းပေးတတ်ကြသည်။
ယခုတွင်လည်း မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် နေထိုင်သော အသက်၂၉နှစ်အရွယ် ဖခင်တစ်ဦးသည် စားဝတ်နေရေးအတွက် ဒူရင်းသီးရောင်းကာ အသက်မွေးဝမ်းကျောင်းပြုရပြီး စျေးမရောင်းရသည့်နေ့များတွင် စားဖို့သောက်ဖို့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည်။
သို့ပေမယ့် ဖခင်ဖြစ်သူသည် သားလေးတွေမှ လမ်းဖြတ်သွားရင်း အရုပ်ဆိုင်တစ်ဆိုင်ကနေ ဒရုန်းနဲ့ အဝေးထိန်းကားရုပ်လေးတွေကို လှမ်းမြင်ကာ လိုချင်၍ ဖခင်ဆီမှာ ပူဆာခဲ့ကြသည်။
ဖခင်ဖြစ်သူသည် စျေးမရောင်းကောင်းသည့်ကြားက အရုပ်ဝယ်ခိုင်းသော သားသမီးလေးတွေကို မဆူရက်ပဲ ညနက်ထိ ဒူးရင်းသီးတွေကို ရောင်းချခဲ့ပေမယ့် ဝယ်သူမရှိတာကြောင့် စိတ်ညစ်နေခဲ့သည်။
နောက်ဆုံး ဖခင်ဖြစ်သူသည် အဆင်မပြေပေမယ့်လည်း သားသမီးတွေကို စိတ်ချမ်းသာစေချင်၍ အရုပ်ဆိုင်သို့သွားရောက်ကာ အရုပ်ဝယ်ပေးဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ဒူးရင်းသီးနဲ့ လဲလှယ်ပေးနိုင်မလားဟု ဆိုခဲ့သည်။
သဘောကောင်းသော ဆိုင်ရှင်ကလည်း အမျိုးသားရဲ့ ရောင်းမကုန်သော ဒူးရင်းသီးလေးတွေကို လက်ခံပေးကာ အရုပ်နဲ့လဲလှယ်ပေးခဲ့စဉ် သားသမီးတွေကလည်း လိုချင်တာရ၍ ဝမ်းသာနေကြပုံလေးကို ဖခင်ကြီးမှ ကြည့်ရင်း ပီတိဖြစ်နေခဲ့သည်။
Hlaing (Love Feeling)
Crd