

ကားဆီဖြည့်တိုင်း ဆီတိုင်ကီ ပြည့်လျှံသည်အထိ မည်သည့်အခါမှ မဖြည့်သင့်တဲ့ အကြောင်းရင်း…. ( ပြသနာ တက်သွားမယ်နော်…)

မည်သည့်အကြောင်းနှင့်မှ သင့်ကားဆီတိုင်ကီကို ပြည့်လျှံသည်အထိဓာတ်ဆီ မဖြည့်မိပါစေနှင့်။ ဓာတ်ဆီဆိုင်များတွင် သွားရောက်ဖြည့်ရာတွင်လည်း ပန့်ကိုင်ဝန်ထမ်းကို တိုင်ကီပြွန်( အဖုံးဖွင့်လျှင်ဖွင့်ချင်း တွေ့ရသောအဝကျယ်ပိုက်)ကြီးမှ လေသံကြားလျှင် ဆီဆက်မထည့်ဘဲ ရပ်ခိုင်းရန်ဓာတ်ဆီဖြည့်တိုင်းမှာကြားပါ၊ သို့မဟုတ် အချို့သောခေတ်မီဓာတ်ဆီဖြည့်သည့်တိုင်များမှ

ဂေါက်များမှာကားမှပြွန်အတွင်းစိုက်ထည့်ထားသည်တွင်ဓာတ်ဆီမျက်နှာပြင်တက်လာပြီး ဂေါက်နှုတ်သီးအဖျားနှင့်ထိသည်နှင့် ပန့်က အလိုအလျောက်ရပ်ပေးပါသည်။ ထိုသို့ ရပ်သွားသောစနစ်ပါလျှင်လည်း ဂေါက်ကိုနောက်ဆွဲ၍ ထပ်မံပြည့်သထက်ပြည့်စေရန်၊ သို့မဟုတ် ပြွန်ထိပ်ဝပိတ်သော အဖုံးအထိရောက်အောင်ဆီမဖြည့်ရန်ဆိုလိုခြင်းဖြစ်သည်။ ကားအချို့ ဓာတ်ဆီဖြည့်နေပုံမှာကားလှုပ်၍ ပြည့်လုနီးပါး

အဖုံးနှင့်ဓာတ်ဆီမျက်နှာပြင် ထိသည်အထိ ဆီထည့်နေကြသည်ကို စိတ်မကောင်းခြင်းများစွာဖြင့်မကြာခဏတွေ့ရှိနေရခြင်းကြောင့် သတိပေးရခြင်းဖြစ်သည်။ အားလုံးသော ဓာတ်ဆီသုံးယာဉ်(ကား)များနှင့် ကားများတွင်ဆယ်စုနှစ်လေးခုလောက်မှစတင်၍ စနစ်အတွင်း ထွက်ပေါ်လာသည့် (မျဖစ္မေန ထွက်ပေါ်လာသည့်)ဓာတ်ဆီငွေ့ပြန်လည်စုဆောင်းသည့်စနစ်(Vap our Recovery System)ပါဝင်တပ်ဆင်လာသောကြောင့်ဖြစ်သည်။ ပြန်လည်ဖမ်းမိထာသော

ဓာတ်(ဆီ)ငွေ့များကို တိုင်ကီအတွင်းမှာဖမ်းသည်။ ထိုမှတဆင့် လှောင်ဘူးငယ်(Canister)အတွင်းသို့လမ်းပြပို့ဆောင်သည်။ အင်ဂျင်လည်ပတ်နေစဉ် ဖြစ်ပေါ်နေသော ဓာတ်ဆီဓာတ်ငွေ့များကို Intake Manifold သို့ဆက်လက် လမ်းပြပို့ဆောင်ပေးပြန်သည်။ပေါက်ကွဲမီးလောင်ဖြစ်စဉ်(Combustion Procedure)အတွင်း

ပါ၀င်သွားနိုင်စေရန်လမ်းကြောင်းပေးခြင်းလည်းဖြစ်သည်။ ဆောင်ရွက်လိုက်သော ဤအစဉ်တန်း၊ သို့မဟုတ် စနစ်သည်ကျွန်ုပ်တို့ ရှူရှိုက်နေရသောလေကို အဆိပ်အတောက် ကင်းနိုင်သမျှကင်းသွားစေရန်ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ ဓာတ်ဆီတိုင်ဂေါက်(ခေါင်း)ကို တိုင်ကီဆီထည့်ပြွန်ကြီးအတွင်းသို့စိုက်ထားပြီး ဓာတ်ဆီအော်တိုပြည့်နေစဉ်၊ သို့မဟုတ်

အပြည့်အလျှံမဟုတ်သေး၊ အနည်းငယ်လိုနေသေးသော အခြေအနေများတွင် လေသံများ စတင်ထွက်ပေါ်လာခိုက် ဆီဂေါက်မှ အလိုအလျောက်ဓာတ်ဆီအကျရပ်သွားမည်၊သို့မဟုတ် ရပ်လိုက်ပါ။ ကားကိုလှုပ်၍ ဆက်ထည့်သည့်အလုပ်မျိုး မပြုလုပ်၊ မဖြည့်အပ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဓာတ်ဆီ(အရည်)ကို စနစ်တွင်းပါရှိသော ဓာတ်ဆီအငွေ့ဘူး(Vapour Cansister)အတွင်းသို့ ရောက်ရှိစေခြင်း

ဖြစ်သဖြင့် လွန်စွာအန္တရယ်များသည်။ ထိုသို့ ပြည့်လုနီးပါး အဖုံးပင်ပိတ်ရခက်သည့် အခြေအနေမျိုးအထိ ဓာတ်ဆီဖြည့်ခြင်းသည် သင် ဓာတ်ဆီဖြည့်နေစဉ် ဓာတ်ဆီအငွေ့ဘူးက တိုင်ကီမှလာသော ဓာတ်ဆီငွေ့(အငွေ့သက်သက်)ကိုသာ လက်ခံရမည်ဖြစ်သော်လည်း ဓာတ်ဆီငွေ့ကို လက်မခံနိုင်တော့သည့်အခြေအနေ၊ အနေအထား ဖြစ်သွားတော့မည်။ အငွေ့လှုပ်ရှားမူများအတွက်

လူးသာလှိမ့်သာပင် နေရာ(Space)လွတ် မကျန်လောက်အောင် ဓာတ်ဆီကို ဖြည့်လိုက်ပါကပြည့်ခါနီးအခြေအနေတွင်ဖြစ်ပေါ်နေသော ဓာတ်ဆီငွေ့တို့သည်မည်သည့်နေရာသို့ သွားရတော့မည်ကိုမသိနိုင်တော့ပေ။တိုင်ကီအတွင်းသို့ ဓာတ္ဆီကို ဖြည့်ညင်းစွာဖြည့်လျှင်ပင်ဓာတ်ဆီအငွေ့ပြန်သည်ကိုမလွှဲရှောင်နိုင်ပေ။ ဓာတ်ဆီငွေ့ ဆားကစ်စနစ်အနှောင့်အယှက်ဖြစ်သွားရခြင်းမှာ ယခင်ကမလျော်မကန်

မှားယွင်းစွာ ဓာတ်ဆီဖြည့်ခဲ့မူကြောင့်ဖြစ်နိုင်သည်။ ယင်းသို့ချွတ်ယွင်းပါက သင့်ကားသည်လည်း ဓာတ်ဆီအငွေ့လှောင်ဘူးငယ်အသစ် မလဲသရွေ့ ပုံမှန်ဆီအပြည့်ဖြစ်ရန်ပင် စနစ်အတွင်းလေခိုအောင်းနေမူများကြောင့် များစွာအခက်အခဲတွေ့ပေလိမ့်မည်။ ဓာတ်ဆီဖြည့်တင်းမူကို Auto ဖြတ်တောက်ခြင်းသည် ဆက်တိုက်ဖြတ်တောက်မူများ ဖြစ်ပေါ်နေပြီး သင့်ကားတိုင်ကီမှာလဲ

ပုံမှန်အပြည့်ဖြည့်ရန်မည်သို့မျှမဖြစ်နိုင် ရှိချေတော့မည်။ယင်းအခက်အခဲကို ဖြေရှင်းရန် တစ်ခုထည်းသော နည်းလမ်းမှာ ပုံတွင်ပြထားသည့်ဓာတ်ဆီငွေ့ဘူးမျိုးနှစ်မျိုးအနက် တစ်မျိုးမျိုးကို အစားထိုးလဲလိုက်ရန်ဖြစ်သည်။ မိမိကားကို စက်ပိုင်းဆိုင်ရာပြဿနာဖြစ်နိုင်သည့်နည်းတူ ပတ်ဝန်းကျင်လေထုအတွင်းသို့ အဆိပ်ငွေ့ထုတ်လွှတ်မူကိုဖြစ်ပေါ်စေသည်ကလည်း တစ်ကြောင်းကြောင့်

မည်သို့မျှအကျိုးပိုရှိလာမည်မဟုတ်သည့် သင့်ကားဆီတိုင်ကီအလွန်အမင်းပြည့်သည်အထိဓာတ်ဆီဖြည့်တင်းသည့်ကိစ္စကိုမည်သည့်အခါမျှ မပြုလုပ်မိစေရန်သတိထားစေလိုပါသည်။

crd-Automobilejournal

Crd