ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနှင်လို့ရတဲ့ AirCar

ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနှင်လို့ရတဲ့ AirCar

 

ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနှင်လို့ရတဲ့ AirCar

လမ်းပေါ်မောင်းနှင်နေရင်းကနေ သုံးမိနစ်အတွင်း ဝေဟင်ပေါ် ပျံသန်းနိုင်သည့် မော်တော်ကားပျံကို ဆလိုဗက်ကီးယားတွင် တရားဝင်ပျံသန်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနှင်နိုင်တဲ့ AirCar ဟာ မော်တော်ကားလမ်းမပေါ်မှာ ပုံမှန်ကားတစ်စီးလို မောင်းနှင်နေရင်းကနေ လေယာဉ်ပျံ အသွင်ပြောင်းဖို့ အချိန် ၂ မိနစ်နဲ့ ၁၅ စက္ကန့်ပဲ လိုအပ်ပါတယ်။

ကားလိုရော လေယာဉ်ပျံလိုပါ မောင်းနှင်နိုင်တဲ့ မော်တော်ကားပျံ AirCar ကို ဆလိုဗက်ကီးယားနိုင်ငံမှာ အကြိမ်ပေါင်းများစွာ စမ်းသပ်ပျံသန်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက တရားဝင်ပျံသန်း သုံးစွဲခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

AirCar မှာ 1.6L BMW အင်ဂျင် ၁ လုံးကို ထည့်သွင်းထားပြီး လျှပ်စစ် 16 KW မော်တာ ထောက်ကူပေး ထားပါတယ်။ လောင်စာဆီနဲ့ မောင်းနှင်ရတာ ဖြစ်ပါတယ်။ အမြင့်ပေ ၈၀၀၀ ကျော်ထိ ပျံသန်းရောက်ရှိနိုင်ပြီး တစ်နာရီကို မိုင် ၁ဝဝ နှုန်းထိ အရှိန်တင် ပျံသန်းမောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

ဥရောပ လေကြောင်းပျံသန်းရေး ဘေးကင်းလုံခြုံမှုအဖွဲ့အစည်း EASA ရဲ့ စံနှုန်းအတိုင်း နာရီပေါင်း ၇ဝ ကြာ စမ်းသပ်ပျံသန်းမှုအတွင်း အကြိမ်ပေါင်း ၂ဝဝ ကျော် အတက်အဆင်း ဆောင်ရွက်မှုတွေမှာ ယာဉ်မောင်းအနေနဲ့ ပျံသန်းရေး ထိန်းချုပ်ခလုတ်တွေကို ထိစရာမလိုဘဲနဲ့တောင် စမ်းသပ်မှုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဆလိုဗက် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကနေ Air Car ကို ပျံသန်းခွင့်ပြုတဲ့လက်မှတ် ချီးမြှင့်ပေးလိုက်ပြီဖြစ်ကာ ၎င်းရဲ့ နောက်ထပ် မော်ဒယ်အသစ်ကိုလည်း တစ်နှစ်အတွင်းမှာပင် အလားတူ ပျံသန်းခွင့်ပြုတဲ့ လက်မှတ်ရရှိဖို့ မျှော်မှန်းထားကြတယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။

AirCar ကို ပျံသန်းသုံးစွဲခွင့် အသိအမှတ်ပြုလက်မှတ် ချီးမြှင့်လိုက်တာကြောင့် မော်တော်ကားပျံတွေ အမြောက်အမြား ထုတ်လုပ်နိုင်စေဖို့ တံခါးပေါက် ပွင့်သွားခဲ့တာဖြစ်တယ်လို့ AirCar ရဲ့တီထွင်သူ၊ အဆင့်မြင့် ထုတ်လုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ စမ်းသပ်ပျံသန်းရေး လေယာဉ်မှူးဖြစ်သူ ပါမောက္ခ စတီဖန်ကလိုင်း (Stefan Klein)က ဆိုပါတယ်။

AirCar ကို တီထွင်ဖို့ နာရီပေါင်း တစ်သိန်းကျော် အချိန်ယူခဲ့ရပြီး ကားပျံဟာ အလေးချိန် ၁၀၀၀ ကီလိုဂရမ် ရှိပြီး လူ ၂ ယောက် စီးနင်းနိုင်ပါတယ်။

တီထွင်တဲ့ ကုမ္ပဏီ Klein Vision က လာမယ့် ၁၂ လ အတွင်းမှာ ရောင်းချပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပြီး ကားပျံကို မောင်းနှင်ဖို့ ပိုင်းလော့လိုင်စင် လိုအပ်တယ်လို့ သိရပါတယ်။

 

Crd