ကိုယ့်ကိုယ်ပိုင် မင်္ဂလာပွဲနေ့မှာ ကိုယ့်ကိုကိုယ် သတို့သားမှန်း မေ့နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ရယ်စရာအဖြစ်

ကိုယ့်ကိုယ်ပိုင် မင်္ဂလာပွဲနေ့မှာ ကိုယ့်ကိုကိုယ် သတို့သားမှန်း မေ့နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ရယ်စရာအဖြစ်

မကြာသေးမီက အမျိုးသားတစ်ဦးက သူ့မင်္ဂလာပွဲမှာ သူက သတို့သားဆိုတာကိုမေ့သွားခဲ့ပြီး သူ့ရဲ့ရယ်စရာကောင်းတဲ့မင်္ဂလာအခိုက်အတန့်ဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူ့ဇနီးအသစ်လေးကတော့ ဒီအဖြစ်ကိုကြည့်ပြီး စိတ်မပျော်ဖြစ်နေတော့မှာအသေအချာပါဘဲဗျာ။ ချစ်သူနှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ချစ်ကြပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့နေ့အတွက် စိတ်လှုပ်ရှားနေရင်တောင်မှ မင်္ဂလာပွဲတွေက အရမ်းစိတ်ဖိစီးမှုများနေနိုင်တာ အမှန်ပါပဲ။ ထိုနေ့မှာ အခမ်းအနားကြီးအတွက် လုပ်စရာတွေ အများကြီးကျန်နေမှာဖြစ်သလို အခမ်းအနားအတွင်းမှာတောင် မင်းကိုစိတ်မ၀င်စားစေနိုင်တဲ့ တခြားစိုးရိမ်မှုတွေလည်း ရှိနေတတ်ပါသေးတယ်။ ဒါပေမယ့် ဒီသတို့သားရဲ့စိတ်ဖောက်ပြန်ပုံကတော့ သူကိုယ်တိုင် မင်္ဂလာဆောင်နေတာကို မေ့သွားပုံရပြီး အင်တာနက်သုံးစွဲသူတွေကို ရယ်မောသွားစေခဲ့ပါတယ်။

.

TikTok မှာ @donnagranalde က မျှဝေထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ၎င်းမင်္ဂလာပွဲဟာ အစပိုင်းမှာ အဆင်ပြေနေခဲ့ပါတယ်။ ထို့နောက် သတို့သမီးဟာ မိဘများနှင့်အတူ ခန်းမရှေ့လမ်းလျှောက်သွားကာ သတို့သားကလည်း ရိုးရာအရ သတို့သမီးမိဘတွေကို အရိုအသေပေးခြင်းဖြင့် ၎င်းရဲ့လေးစားမှုကို ပြသနေခဲ့ပါတယ်။ ထိုအစီအစဉ်ပြီးနောက်မှာ သူနှင့်သတို့သမီးက သူတို့အတွက် ထိုင်ခုံနှစ်ခုံပြင်ဆင်ထားသည့် ဘုရားကျောင်းရှေ့သို့ လျှောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် သတို့သမီးကို လမ်းပြပေးပြီးနောက် သတို့သားက သတို့သမီး ချီတက်ပွဲမတိုင်ခင် မိဘတွေနဲ့အတူ ထိုင်ထားတဲ့နေရာကို ပြန်သွားခဲ့ပါတယ်။

.

ထို့နောက် ဘုန်းကြီးစကားစစချင်းမှာ၊ အဆိုပါအမျိုးသားဟာ သူကိုယ်သူ သတို့သားဖြစ်ကြောင်းကို ခဏမေ့ထားပြီး သူ့မိဘတွေရဲ့ဘေးကနေ သတို့သမီးကို ထိုင်ကြည့်နေခဲ့ပါတယ်။ ထို့နောက်မှာဘဲ သတို့သားနောက်ကျောမှ တစ်စုံတစ်ယောက်က သတို့သားအား သူ့နေရာမှန်သို့ ရွှေ့ဖို့လှမ်းတို့လိုက်ခါမှ သူ့အမှားကို သူနားလည်သွားခဲ့ပြီး သတို့သားက သူ့ကြီးကြီးမားမား အလွဲအချော်ကြောင့် သူ့ကိုယ်သူ ရယ်မောရင်း သူ့သတို့သမီးဘက်သို့ အမြန်သွားခဲ့ရပြန်ပါတယ။

.


အဆိုပါဗီဒီယိုမှာ အင်တာနက်အသုံးပြုသူအများအပြားက ရယ်မောခဲ့ကြပြီး အချို့ကလည်း သတို့သားရဲ့ရယ်စရာအပြုအမူက ၎င်းတို့ရဲ့ပထမဆုံးသော အိမ်ထောင်ရေးတိုက်ပွဲရဲ့အကြောင်းအရာဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒီသတို့သားကတော့ မင်္ဂလာဦးညမှာ ဒုက္ခရောက်တော့မှာ အသေအချာဘဲဗျာ ။

JRose (KB Chimmy one)

Reference : rachwed

Crd