ကျောင်းကကျွေးသော နေ့လည်စာအတွက် ပုဇွန်ကြော်လေးတွေ မစားပဲထမင်းဘူးထဲမှာ သိမ်းထားပြီး အစ်ကိုဖြစ်သူအတွက် အိမ်ယူပြန်ဖို့လုပ်နေသော ကျောင်းသားလေးတစ်ဦး

ကျောင်းကကျွေးသော နေ့လည်စာအတွက် ပုဇွန်ကြော်လေးတွေ မစားပဲထမင်းဘူးထဲမှာ သိမ်းထားပြီး အစ်ကိုဖြစ်သူအတွက် အိမ်ယူပြန်ဖို့လုပ်နေသော ကျောင်းသားလေးတစ်ဦး





Rain (For Ialinks)

Zawgyi

ကျောင်းကကျွေးသော နေ့လည်စာအတွက် ပုဇွန်ကြော်လေးတွေ မစားပဲထမင်းဘူးထဲမှာ သိမ်းထားပြီး အစ်ကိုဖြစ်သူအတွက် အိမ်ယူပြန်ဖို့လုပ်နေသော ကျောင်းသားလေးတစ်ဦး

ကိုယ်ပိုင်စာသင်ကျောင်းနှင့် အခြားနိုင်ငံခြားကျောင်းများသည် ကလေးတွေအတွက် နေ့လည်စာပါအိမ်ကထုတ်ယူလာစရာမလိုပဲ ကျောင်းမှာကျွေးမွေးတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကောင်လေးတစ်ဦးသည် ကျောင်းကကျွေးလိုက်သော နေ့လည်စာအတွက် ပုဇွန်ကြော်လေးကို မစားရက်ပဲ ထမင်းဘူးထဲမှာ သိမ်းထားပြီး အိမ်ယူပြန်ဖို့လုပ်ခဲ့သည်။

ကောင်လေးသည် ပုဇွန်ကြော်လေးကို ဘေးမှာပုံထားပြီး ကိုယ်တိုင်ကျ ထမင်းဖြူချည်းပဲစားနေကာ ကျောင်းအုပ်ဆရာကြီးမှလာမြင်၍ မေးမြန်းရာတွင် ပုဇွန်ကြော်ကိုမကြိုက်လို့မစားတာမဟုတ်ပဲ အိမ်မှာပိုလီယိုရောဂါခံစားနေရသော အစ်ကိုဖြစ်သူကို ကျွေးချင်လို့ဟု ဆိုခဲ့သည်။

ကျောင်းအုပ်ဆရာကြီးလည်း တပည့်ဖြစ်သူရဲ့စကားကို ကြားပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးစားကာ ပုဇွန်ကြော်ဗန်းလိုက်ကို ယူလာပြီး ကောင်လေးရဲ့ထမင်းဘူးထဲ အပိုထည့်ပြန်ပေးခဲ့သည်။

Rain (For Ialinks)

Crd