ကွန်ပျူတာကို ပရိုဂျက်တာနဲ့ ချိတ်ဆက်ပြီး ပန်းချီဆွဲသင်ပေးနေရာ ချိတ်ဆက်ထားကိုမဖြုတ်မိ၍ ချစ်သူလေးနဲ့ ကြည်နူးဖွယ်စာလေးတွေ အပြန်အလှန်ပို့နေတာကို တစ်ခန်းလုံးမြင်ကုန်မှ ရှက်သွားသော ဆရာတစ်ဦး

ကွန်ပျူတာကို ပရိုဂျက်တာနဲ့ ချိတ်ဆက်ပြီး ပန်းချီဆွဲသင်ပေးနေရာ ချိတ်ဆက်ထားကိုမဖြုတ်မိ၍ ချစ်သူလေးနဲ့ ကြည်နူးဖွယ်စာလေးတွေ အပြန်အလှန်ပို့နေတာကို တစ်ခန်းလုံးမြင်ကုန်မှ ရှက်သွားသော ဆရာတစ်ဦး

တရုတ်နိုင်ငံ တက္ကသိုလ်ကျောင်းတစ်ခုမှ ဆရာတစ်ဦးသည် ပန်းချီဆွဲချိန်တွင် ကွန်ပျူတာကို ပရိုဂျက်တာနဲ့ ချိတ်ဆက်ပြီးမှ ကျောင်းသားတွေအကုန်မြင်သာအောင် သင်ကြားပေးခဲ့သည်။

ဆရာဖြစ်သူသည် တပည့်လေးတွေကို ပန်းချီဆွဲခိုင်းနေရင်း အားလပ်သည့်အချိန်လေးကို လိုင်းပေါ် ကနေ ချစ်သူမိန်းကလေး ၊သူငယ်ချင်းတွေနဲ့အတူ စကားပြောလေ့ရှိသည်။

ဆရာဖြစ်သူသည် တစ်နေ့တွင် ပရိုဂျက်တာနဲ့ ချိတ်ဆက်ထားတာကို ဖြုတ်ဖို့မေ့သွားပြီး ချစ်သူမိန်းကလေးနဲ့ ကြည်နူးဖွယ်ရာ စာလေးတွေ အပြန်အလှန်ပေးပို့နေခဲ့ရာ တစ်ခန်းလုံးရှိ တပည့်လေးတွေအကုန်မြင်သွားခဲ့တော့သည်။

ထို့နောက် ဆရာဖြစ်သူအား ရယ်မောနေခဲ့ရာကြရာမှ နောက်ပြန်ကြည့်လိုက်စဉ် ကောင်မလေးနဲ့ စကားပြောထားတာမှန်သမျှ အကုန်မြင်သွားပြီဖြစ်၍ ခေါင်းပင်မဖော်ရဲတော့ပဲ ရှက်နေခဲ့သည်။

Rain (For Ialinks)

Unicode






Rain (For Ialinks)

Crd