ကွန်ပြူတာလုံခြုံရေးပညာရပ် သင်ကြားနေတဲ့ ကျောင်းသား တစ်ယောက်ဟာ Apple ရဲ့ Macbook က Webcam တွေမှာ ချို့ယွင်းချက် ရှိနေတာရှာတွေ့

ကွန်ပြူတာလုံခြုံရေးပညာရပ် သင်ကြားနေတဲ့ ကျောင်းသား တစ်ယောက်ဟာ Apple ရဲ့ Macbook က Webcam တွေမှာ ချို့ယွင်းချက် ရှိနေတာရှာတွေ့

၁၉နှစ်သားကောလိပ်ကျောင်းသား Jack Sweeney ဟာ အီလွန်မတ်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဥ် ဘယ်ရောက်နေတယ် ဘယ်လေယာဥ်ကွင်းမှာ ဆင်းမယ် ဘယ်လေယာဥ်ကွင်းက တက်တော့မယ် ဆိုတာကို အလိုအလျောက် တွစ်တာ Twitter မှာ ပို့စ်တင်ပေးမယ့် ပရိုဂရမ် (Bot) လေးတစ်ခု လုပ်ထားပါတယ်။ အဲဒီ့ အလိုအလျောက်အကောင့်လေးရဲ့ နာမည်က @ElonJet တဲ့။ အဲဒီ့ အလိုအလျောက် စာတင်တဲ့ @ElonJet အကောင့်မှာ Follow လုပ်သူ ၅ သောင်းကျော်ရှိနေပါတယ်။ အီလွန်မတ် အတွက်ကတော့ သူ့လေယာဥ် ဘယ်ရောက်နေတယ်ဆိုတာ တွစ်တာမှာ လူတွေမြင်နေရတော့ စိတ်ရှုတ်ရတာပေါ့။ အကောင့် Bot ကို ဖြုတ်ချပေးရင် ဒေါ်လာ ၅ ထောင်ပေးမယ်လို့ အီလွန်မတ် က ကမ်းလှမ်းထားပါတယ်။ Sweeney က နည်းလို့ ထပ်တိုးတောင်းထားပါတယ်။ သူ့အဖေက လေယာဥ်မှူး ဖြစ်တော့ ငယ်ကတည်းက လေယာဥ်တွေကို လိုက်ရှာတတ်ပါတယ်။ အခုသူ့ကို လေယာဥ်စင်းလုံးငှား ကုမ္ပဏီ တစ်ခုက အလုပ်ပေးလိုက်ပါတယ်။ (1)

ကွန်ပြူတာလုံခြုံရေးပညာရပ် သင်ကြားနေတဲ့ ကျောင်းသား တစ်ယောက်ဟာ Apple ရဲ့ Macbook က Webcam တွေမှာ ချို့ယွင်းချက် ရှိနေတာရှာတွေ့ခဲ့လို့ ပန်းသီးက သူ့ကို (bug bounty payout )ဆုငွေ ဒေါ်လာ ၁ သိန်းကျော် $100,500 ပေးလိုက်ပါတယ်။ (2)

ထရမ့်တို့ရဲ့ ရီပါပလီကန်တွေက သိပ္ပံကို မကြည်ပုံနဲ့ ဘိုင်ဒင်တို့ ဒီမိုကရက်တွေက သိပ္ပံကို ယုံကြည်တာ ဆန့်ကျင်ဖက် ဖြစ်နေတာ နှစ် ၅၀ ရှိပါပြီ။ အခု လေ့လာမှု့ တစ်ခုအရ C O V I D ဖြစ်ပြီးတဲ့ နောက် ပိုပြီး အစွန်းရောက်လာကြတာ နှစ် ၅၀ အတွင်း ယူဆချက်ခြင်း အဝေးဆုံး ဖြစ်နေတယ်။ ဆိုလိုတာ ရီပါပလီကန်တွေက သိပ္ပံကို ပိုအယုံအကြည် ကင်းမဲ့လာပြီး ဒီမိုကရက်တွေက သိပ္ပံကို ပိုယုံလာတာပါ။ (3)

တရုတ်ပြည် အိုလံပစ်ကို သွားကြတဲ့ အားကစားသမားတွေဟာ တရုတ်အစိုးရထုတ်ပေးတဲ့ App တွေ သွင်းရပါတယ်။ အမေရိကန် FBI အပါအဝင် အတော်များများသော နိုင်ငံတွေက ကိုယ် တကယ်သုံးတဲ့ ဖုန်းထဲ အဲဒါတွေ မထည့်မိအောင် ခဏတဖြုတ်ယာယီအနေနဲ့ သုံးမယ့် ဟန်းဆက် ပြောင်းသုံးကြဖို့ အကြံပေးထားပါတယ်။ C H I N A ကို မယုံလို့ပါ။ (4)

Grindr ဂရိုင်းဒါ လို့ခေါ်တဲ့ LGBTQ တွေ အချိန်းအချက် Dating လုပ်ကြတဲ့ App တစ်ခုကို ၂၀၀၉ က စခဲ့တာပါ။ ၂၀၁၆ မှာ တရုတ်ကုမ္ပဏီ တစ်ခုက ၆၀% ရှယ်ယာဝင်လိုက်ပါတယ်။ အခုတော့ X i J I n p I n g လက်ထက်မှာ ထင်ရှားတဲ့ LGBT တွေရဲ့ Wechat တွေ အပိတ်ခံရသလို Grindr ကိုလည်း တရုတ်ပြည် App store တွေက ဖယ်လိုက်ပါတယ်။ တရုတ်ကုမ္ပဏီကိုလည်း ဒေတာ လုံခြုံရေး အကြောင်းပြပြီး ရှယ်ယာတွေ ပြန်ရောင်းခိုင်းလိုက်ပါတယ်။ (5)

Apple ရဲ့ CEO ဖြစ်သူ Tim Cook တင်ကွတ်ရဲ့ အိမ်ကို Apple Map နဲ့ Google Map တွေမှာ Street view ကြည့်ရင် သူ့အိမ်ဟာ ဝါးနေမှာ ဖြစ်ပါတယ်။ ထုံးစံက ကားနံပါတ် တွေ လူမျက်နှာတွေကိုသာ ဝါး ထားတတ်တာဖြစ်ပါတယ်။ သူ ဟာ ‌ဂေး ဖြစ်ကြောင်း ၂၀၁၄ က ထုတ်ပြော (Came out) ခဲ့တာပါ။ သူဂေးဖြစ်တယ်ဆိုတာတောင်မှ အမျိုးသမီး တစ်ယောက်က တင်ကွတ်ဟာ သူ့ယောကျာ်းပါ၊ သူ့ကလေး အမွှာလေးတွေရဲ့ အဖေဟာ တင်ကွတ်ပါ ဆိုပြီး သူအိမ်ထဲ ဝင်ဖို့ ကြိုးစားခဲ့လို့ပါ။ သေနတ်နဲ့ ခြိမ်းချောက်တာလည်း လုပ်ခဲ့ဖူးပါတယ်။ ကားနဲ့ တင်ကွတ်အိမ်နား ပါတ်နေတတ်ပါတယ်။ ဂူဂယ်ကလည်း တင်ကွတ်ကို ကူညီတဲ့ အနေနဲ့ အိမ်ကို ဝါးပေးထားတာပါ။

လင့်တွေ မန့်ပေးပါမယ်။

Crd- charles ba thaung