ခြေလက်များမရှိပေးမဲ့လဲ သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် 14 နှစ်အရွယ် မိတ်ကပ်ပညာရှင်မလေး

ခြေလက်များမရှိပေးမဲ့လဲ သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် 14 နှစ်အရွယ် မိတ်ကပ်ပညာရှင်မလေး

Isabelle ဆိုသည့်ကောင်မလေးဟာ အသက် ၇ နှစ်အရွယ်က ခြေနှစ်ဖက်အပြင် လက်နှစ်ဖက်ကိုပါ ဆုံးရှုံးခဲ့ရသော်လည်း ဘဝကိုလွယ်လွယ်အရှုံးမပေးဘဲ ကြိုးစားခဲ့ရာမှ မိတ်ကပ်ပညာရှင်အနေဖြင့် အသက် ၁၄ နှစ်အရွယ်တွင် သန်းကြွယ်သူဋ္ဌေး ဖြစ်လာခဲ့ပါတယ်။

လူသားအားလုံးအတွက် သွားလာလှုပ်ရှားမှုတွေကို စိတ်ကသာလျှင် အရာရာဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ယခုတွင်လည်း မိန်းမပျိုလေးတစ်ဦးရဲ့ လူ့ဘဝအတွက် အရှုံးမပေးသော စိတ်ဓာတ်ဟာ မည်မျှအရေးပါကြောင်းကို လက်တွေ့ပြနိုင်ခဲ့ပါတယ်။

Isabelle ဆိုသည့် ကောင်မလေးဟာ အသက် ၇ နှစ်အရွယ်က မွေးရာပါရောဂါတစ်မျိုးကြောင့် အကြီးစားခွဲစိတ်မှုကို ပြုလုပ်ခဲ့ရပြီး ခြေထောက်နှစ်ဖက်အပြင် လက်နှစ်ဖက်စလုံးကိုပါ ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

သို့သော်လည်း ကောင်မလေးဟာ ဘဝကိုအရှုံးမပေးဘဲ မိတ်ကပ်ပညာများကို လေ့လာပြီး ယူကျူ့တွင် ဗီဒီယ်ုတွေတင်ပေးရာမှ နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်ပါတယ်။

ကောင်မလေးဟာ အသက် ၁၄ နှစ်အရွယ်၌ပင် အောင်မြင်ကျော်ကြား လာခဲ့ပြီးနောက်တွင် သန်းကြွယ်သူဋ္ဌေးမလေး တစ်ဦးဖြစ်လာခဲ့ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။
Photo ; google

Zawgyi






Photo ; google

Crd