စက်ဘီးကောင်းကောင်းမရှိသည့်အပြင် ဖိနပ်ပင်မပါပဲ စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ဆုပါရရှိခဲ့သည့် လေးစားဖွယ် ကောင်လေး

စက်ဘီးကောင်းကောင်းမရှိသည့်အပြင် ဖိနပ်ပင်မပါပဲ စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ဆုပါရရှိခဲ့သည့် လေးစားဖွယ် ကောင်လေး





Hlaing (Love Feeling)

Zawgyi

စက်ဘီးကောင်းကောင်းမရှိသည့်အပြင် ဖိနပ်ပင်မပါပဲ စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ဆုပါရရှိခဲ့သည့် လေးစားဖွယ် ကောင်လေး

လောကကြီးတွင် လူတိုင်းက အခက်အခဲကိုယ်စီတွေရှိကြပြီး ကိုယ့်စိတ်ကူးအိပ်မက်များရှိပါက မပြည့်စုံလည်း ဇွဲမလျှော့ပဲ ကြိုးစားအားထုတ်သည့်အခါ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်သည်။

သို့ဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တွင် နေထိုင်သော အသက်၁၃နှစ်အရွယ် ကောင်လေးသည် ဆင်းရဲသောမိသားစုမှ မွေးဖွားလာခဲ့သော်လည်း သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ကြိုးစားပြီး အရောက်သွားခဲ့ခြင်းဖြင့် အင်မတန်မှ ချီးကျူးစရာကောင်းလှသည်။

ကောင်လေးဧ။် မိဘနှစ်ပါးက လက်လုပ်လက်စားသမားတွေသာဖြစ်၍ ဒေသရှိစက်ဘီးစီးပြိုင်ပွဲဝင်ပြိုင်ခဲ့ရာတွင် အခြားပြိုင်ဖက်တွေလို ဖက်ရှင်ဒီဇိုင်းအမိုက်စားဝတ်စုံနှင့် တကယ့်စက်ဘီးအကောင်းစားတွေလို မဟုတ်ပဲ သူကျောင်းသွားသည့်အခါ စီးသွားနေကျ စက်ဘီးစုတ်လေးနဲ့သာ ပြိုင်ခဲ့သည်။

ထို့အပြင် ကောင်လေးသည် သူများတွေလို အားကစားဖိနပ်မဟုတ်ပဲ ရိုးရိုးစီးဖိနပ်လေးပင် မပါပဲ မရှက်မကြောက်နှင့် စက်ဘီးစီးပြိုင်ခဲ့ရာ စိတ်အားထက်သန်မှုတို့ကြောင့် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စက်ဘီးအသစ်တစ်စီးကို လက်ဆောင်ရရှိခဲ့သည်။

Hlaing (Love Feeling)

Crd