စပါးခွံကနေ လျှပ်စစ် ထုတ်နေကြတဲ့ ထိုင်းက ဆန်စက်ကြီးများနှင့် မြန်မာပြည်က လိုအပ်ချက်

စပါးခွံကနေ လျှပ်စစ် ထုတ်နေကြတဲ့ ထိုင်းက ဆန်စက်ကြီးများနှင့် မြန်မာပြည်က လိုအပ်ချက်
စပါးခွံကနေ လျှပ်စစ် ထုတ်နေကြတဲ့ ထိုင်းနိုင်ငံက ဆန်စက်ကြီးများနှင့် မြန်မာပြည်မှာ လိုအပ်နေတဲ့ အရာ..

ဖော်ပြပါ ပုံတွေက ထိုင်းနိုင်ငံမှာ ရှိတဲ့ တစ်ရက် တန် ၃၀၀၀ ကျ ဆန်စက်တွေရဲ့ ပုံပါ။ ဒီစက်ကထွက်တဲ့စပါးခွံကို Boiler နဲ့ အသုံးပြုပြီး လျှပ်စစ်ထုတ်ရင် ၁၀ မဂ္ဂါဝပ်ထွက်တယ်။

၁၀ မဂ္ဂါဝပ်အထိထွက်တဲ့ လျှပ်စစ်စက်ရုံကို အခွန်မကောက်တဲ့အပြင် နိုင်ငံတော် Grid က စျေးပိုပေးပြီး ဝယ်ပေးတယ်။ စွန့်ပစ်တဲ့စပါးခွံကို အကျိုးရှိရှိသုံးတာကို အားပေးတဲ့ပေါ်လစီပါ၊ ထိုင်းမှာ ဒီလိုစက်ရုံပေါင်း ၉၀ ကျော်ရှိတယ်။

မြန်မာပြည်မှာ အကြီးဆုံးဆန်စက်က ကျွန်တော်သိသလောက် တစ်ရက်တန် ၅၀၀ ပဲရှိတယ်၊ ဒါကြောင်မို့ ဆန်စက်နားမှာ လျှပ်စစ် ၁၀ မဂ္ဂါဝပ်လောက်မရဘူး၊ နိုင်ငံတော်ကလဲ အားပေးတဲ့ ပေါ်လစီမရှိဘူး။

ဒါ့အပြင် ဆန်စက်တွေရဲ့အရည်အသွေးတွေကလဲညံ့ပြီး ဆန်ကအကျိုးအပဲ့ရှိတော့ အာဖရိက ဆင်းရဲတဲ့နိုင်ငံတွေပဲ စားဖို့ဝယ်တယ်၊ တခြားနိုင်ငံတွေက တစ်ခြားလုပ်ငန်းမှာလုပ်ဖို့သာဝယ်တော့ စျေးကမရဘူး။

ဒါ့အပြင် မြန်မာ့လယ်သမားတွေက ပျှမ်းမျှတစ်ဧကကျော်ပဲ ပိုင်ကြတော့ ကုန်ထုတ်မယ့်ရိပ်သိမ်းစက်တွေ ဝင်ထွက်မဲ့လမ်း မပေးနိင်ကြဘူး၊ လယ်လုပ်သားတွေ လက်နဲ့ရိပ်သိမ်းတာက လေလွင့်မှုများတဲ့အပြင် စရိပ်စကကလဲ ပိုကုန်တယ်။ အနည်းဆုံး ဧက ၂၀၀ ကျော်အကျယ်ရှိတဲ့ လယ်ဧကရှိပြီး ကုန်ထုတ်လမ်းရှိမှ စက်ယန္တယားအသုံးပြုလို့ အဆင်ပြေတယ်။

မြန်မာပြည်မှာ လယ်သမားအလုပ်ကို လုပ်နေသူတွေဟာ တစ်ခြားရွေးစရာအလုပ်မရှိလို့ လုပ်နေရတာ၊ လယ်သမား ငဘ တွေရဲ့ဘဝကို မြှင့်တင်ပေးမယ့် အစိုးရပေါ်လစီမရှိသရွေ့ လယ်ယာကဏ္ဍအဓိကဖြစ်တဲ့နိုင်ငံဖြစ်ဖို့ မလွယ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ (Zaw Win Htun)

Crd