စားနေကျ့အစားအစာတွေသာစားသုံးခဲ့ပေမဲ့ ထူးဆန်းစွာနဲ့ အနက်ရောင်အမွေးအမျှင် အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့ လေဖြတ်လူနာတစ်ဦးရဲ့လျှာ

စားနေကျ့အစားအစာတွေသာစားသုံးခဲ့ပေမဲ့ ထူးဆန်းစွာနဲ့ အနက်ရောင်အမွေးအမျှင် အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့ လေဖြတ်လူနာတစ်ဦးရဲ့လျှာ

ဒီအသက် ၅၀ ဝန်းကျင် အမျိုးသားလူနာတစ်ဦးဟာ ရောစပ်ထားတဲ့ အစားအစာများနှင့်အရည်များကို စားသုံးခဲ့ပြီးနောက် နှစ်လအကြာမှာ ၎င်းရဲ့လျှာ၌ အရေပြားသေ နှင့် ဘက်တီးရီးယား အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ၎င်းအခြေအနေကို ‘အနက်ရောင်အမွေးရှိတဲ့လျှာ’ လို့ သိထားကြပေမဲ့လည်း ဆရာဝန်များက lingua villosa nigra ရောဂါလို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါလူနာအမျိုးသားက ၎င်းရဲ့မျက်နှာအပါအဝင် ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းက လေဖြတ်သွားခဲ့ပြီး အစာဝါးစားရန်ပင် ရုန်းကန်ခဲ့ရပြီးနောက် ၎င်းရဲ့လျှာက ထိုသို့ ဆိုးရွားလှတဲ့အခြေအနေအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း သိရပါတယ်။ ပြုစုစောင့်ရှောက်သူများက အဆိုပါလူနာအား အိန္ဒိယနိုင်ငံ Kerala ပြည်နယ်ရှိ Medical Trust ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ရာ ၊ဆရာဝန်များက လျှာကို သင့်လျော်တဲ့ သန့်စင်မှုအစီအမံများနှင့်ပတ်သက်ပြီး အကြံဉာဏ်ပေးခဲ့ပြီးနောက် ရက်ပေါင်း ၂၀ အကြာမှာတော့ အရောင်ပြန်ပြောင်းသွားခဲ့ပါတယ်။

.

Dr .Puravoor Jayasree ဦးဆောင်တဲ့ အရေပြားအထူးကုဆရာဝန်များက ၎င်းရဲ့လျှာမှ ချွဲနမူနာများကိုရယူပြီးနောက် ၎င်းရောဂါအား ရှာဖွေ​ခဲ့ရာ Black Hairy Tongue (BHT) ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

.

British & Irish Society for Oral Medicine (BISOM) ရဲ့အဆိုအရ လျှာရဲ့ထိပ်မျက်နှာပြင်ပေါ်ရှိ အမွှေးအမျှင်လေးတွေက papillae လို့ခေါ်တဲ့ အမွှေးအမျှင်လေးများအဖြစ်ပြောင်းသွားတဲ့အခါ အခုလို ရှည်လျားတဲ့ အနက်ရောင်အမျှင်များကို ဖြစ်ပေါ်လာစေကြောင်းလည်း ဆိုထားပါတယ်။

.

ဒီရောဂါလက္ခဏာက ထူးဆန်းပေမဲ့လည်း အန္တရာယ်မရှိဘူးလို့လည်း ဆိုခဲ့ကြပါတယ်။ သွားနှင့်ခံတွင်းသန့်ရှင်းရေး ညံ့ဖျင်းခြင်း ၊ ဆေးလိပ်သောက်ခြင်း၊ လက်ဖက်ရည် နှင့် ကော်ဖီ အလွန်အကျွံသောက်ခြင်း၊ ပျော့ပျောင်းတဲ့ အစားအစာများ စားသုံးခြင်းနှင့် ခံတွင်းခြောက်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့ ဆီးချိုရောဂါကဲ့သို့သော ဆေးဘက်ဆိုင်ရာ အခြေအနေများကြောင့် ထိုရောဂါလက္ခဏာ ဖြစ်ပေါ်တတ်ပါတယ်။ သို့ပေမဲ့လည်း အချို့သောကိစ္စများမှာ အကြောင်းပြချက်မရှိဘဲနဲ့လည်း ထိုရောဂါလက္ခဏာ ဖြစ်ပေါ်တတ်တယ်လို့လည်း BISOM က ပြောကြားခဲ့ပါသေးတယ်။

Mia (KB Chimmy one)

Crd