

ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သောအသက်၉နှစ်အရွယ် ကောင်လေးသည် ညဖက်ကြီး မိခင်ဖြစ်သူမှ အသုံးလိုတာ ဝယ်ခိုင်းသည့်အတွက်ကြောင့် စက်ဘီးတစ်စီးနဲ့အတူ ဈေးဆိုင်သို့ ထွက်ခဲ့သည်။

ရွာလမ်းဖြစ်သည့်အတွက် မီးတိုင်တွေလည်းမရှိ၍ မှောင်နေစဉ် ကောင်လေးမှ စက်ဘီးကိုအားစိုက်ထုတ်ပြီး အိမ်သို့နင်းပြန်နေသည်ကို ဖြတ်သွားဖြတ်လာသူ ကားသမားတစ်ဦးမှ ခေါင်းစွပ်ဓာတ်မီးမလင်းတလင်းလေးနဲ့ ကောင်လေးကို တွေ့ခဲ့သည်။

ထိုစဉ် ကားသမားသည် နံဘေးကနေ ကျော်တက်မသွားပဲ ကောင်လေးအား မီးအလင်းရောင်ပိုရစေရန်နှင့် ဘေးကင်းလုံခြုံရန်အတွက် ကားကိုအရှိန်လျှော့ကာ စက်ဘီးနောက်ကနေ အသာလေးမီးထိုးပြရင်း လိုက်ပေးခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် အများမှ ကားဆရာရဲ့လုပ်ရပ်အား ကြီးကြီးမားမားမဟုတ်ပေမယ့် တကယ်လိုအပ်နေသူအဖို့ များစွာအကျိုးရှိစေပြီး ကြင်နာတတ်သည့်စိတ်ထားလေးကြောင့် ချီးမွမ်းခဲ့ကြသည်။

@hoangkhung947e sợ mình vượt nên cố gắng đạp cho nhanh,yên tâm đi anh sẽ là người soi sáng con đường phía trước cho em, em về tới nhà an toàn là anh vui lắm rồi🥰🥰

♬ nhạc nền – Đặng Thế Chí✅

Rain (For Ialinks)

Unicode

ညမိုးချုပ်ကြီး၌ ခေါင်းစွပ်ဓာတ်မီးလေးထွန်းပြီး စက်ဘီးစီးကာ အိမ်ပြန်နေသော ကောင်လေးအား မီးအလင်းရောင်ပိုရအောင် နောက်ကနေကားမီးထွန်းပေးခဲ့သည့် အမျိုးသား

ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သောအသက်၉နှစ်အရွယ် ကောင်လေးသည် ညဖက်ကြီး မိခင်ဖြစ်သူမှ အသုံးလိုတာ ဝယ်ခိုင်းသည့်အတွက်ကြောင့် စက်ဘီးတစ်စီးနဲ့အတူ စျေးဆိုင်သို့ ထွက်ခဲ့သည်။

ရွာလမ်းဖြစ်သည့်အတွက် မီးတိုင်တွေလည်းမရှိ၍ မှောင်နေစဥ် ကောင်လေးမှ စက်ဘီးကိုအားစိုက်ထုတ်ပြီး အိမ်သို့နင်းပြန်နေသည်ကို ဖြတ်သွားဖြတ်လာသူ ကားသမားတစ်ဦးမှ ခေါင်းစွပ်ဓာတ်မီးမလင်းတလင်းလေးနဲ့ ကောင်လေးကို တွေ့ခဲ့သည်။

ထိုစဥ် ကားသမားသည် နံဘေးကနေ ကျော်တက်မသွားပဲ ကောင်လေးအား မီးအလင်းရောင်ပိုရစေရန်နှင့် ဘေးကင်းလုံခြုံရန်အတွက် ကားကိုအရှိန်လျှော့ကာ စက်ဘီးနောက်ကနေ အသာလေးမီးထိုးပြရင်း လိုက်ပေးခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် အများမှ ကားဆရာရဲ့လုပ်ရပ်အား ကြီးကြီးမားမားမဟုတ်ပေမယ့် တကယ်လိုအပ်နေသူအဖို့ များစွာအကျိုးရှိစေပြီး ကြင်နာတတ်သည့်စိတ်ထားလေးကြောင့် ချီးမွမ်းခဲ့ကြသည်။

Rain (For Ialinks)

crd

Crd