တစ်လကျော်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားသည့် ရောင်စုံပန်းပင်လယ်ကြီးထဲမှာ ရိုမက်တစ်အဆန်ဆုံးနဲ့ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းခဲ့သော လူငယ်တစ်ဦး

တစ်လကျော်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားသည့် ရောင်စုံပန်းပင်လယ်ကြီးထဲမှာ ရိုမက်တစ်အဆန်ဆုံးနဲ့ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းခဲ့သော လူငယ်တစ်ဦး

လူငယ်အများစုသည် ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းရာတွင် အများနှင့်မတူသည့် ရင်ခုန်မှုမျိုးပေးစေချင်ကာ ရိုမက်တစ်ဆန်ဆန်နဲ့ ချစ်သူလေးသဘောကျအောင် ကြိုးစားပြင်ဆင်ထားတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့တွင် နေထိုင်သော ကောင်လေးတစ်ဦးသည် ငွေကြေးချမ်းသာသည့်အလျောက် ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းရာတွင် မြေကွက်ပြင်ကျယ်ကြီးကို ယွမ်ခုနှစ်သောင်းပေးပြီး ဌားရမ်းကာ အလုပ်သမားဝန်ထမ်းပေါင်း ၁၀၀ကျော်နဲ့ ရောင်စုံပန်းပင်လယ်ကြီးကို စိုက်ပျိုးခဲ့သည်။

ကောင်လေးသည် လက်ထပ်ခွင့်မတောင်းမီ တစ်လလောက်အလိုကတည်းက ကျယ်ဝန်းလှသော မြေကွက်လပ်နေရာကို ရောင်စုံပန်းပေါင်း၅၀၀၀၀နဲ့ အလှဆင်ထားခဲ့ပြီး ရောင်စုံမီးလေးတွေထွန်းကာ လူအများရှေ့မှာပဲ ချစ်သူမိန်းကလေးကို ရိုမက်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့သည့်အတွက် အများမှ မိန်းကလေးကို ကံကောင်းလွန်း၍ အားကျနေခဲ့ကြသည်။


1.


2.

Rain (For Ialinks)

Unicode





Rain (For Ialinks)

Crd