တရုတ်ရှေးဟောင်း သင်္ချိုင်းများမှာ အရှင်လတ်လတ် မြှုပ်နှံထားတဲ့ စစ်သည်တော်များရဲ့ ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိ

တရုတ်ရှေးဟောင်း သင်္ချိုင်းများမှာ အရှင်လတ်လတ် မြှုပ်နှံထားတဲ့ စစ်သည်တော်များရဲ့ ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိ

နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိ အသုဘအခမ်းအနားတွေမှာ ပူဇော်ထားပုံရတဲ့ စစ်သည်တော်များ၊ စစ်မြင်းများရဲ့ ရုပ်ကြွင်းများ အပါအဝင် ချမ်းသာတဲ့ မျိုးနွယ်စုများရဲ့ သင်္ချိုင်းဂူများကို တရုတ်နိုင်ငံရှေးဟောင်းမြို့တော်တစ်ခုမှာတူးဖော်တွေ့ရှိခဲ့ပါတယ်ယူနက်စကိုကမ္ဘာ့အမွေအနှစ် ရှေးဟောင်းသုတေသနနေရာမှ ၂.၄ ကီလိုမီတာ အကွာ Henan ပြည်နယ် Anyang မြို့ရှိ ရှေးဟောင်းသုတေသန နေရာတစ်ခုမှာ အဆိုပါ သင်္ချိုင်း ၂၄ ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထိုနေရာရှိ အပျက်အစီးများဟာ ဘီစီ ၁၆၀၀ ခန့်ကြား အုပ်ချုပ်ခဲ့တဲ့ Shang မင်းဆက်ရဲ့ ရှေးဟောင်းမြို့ကြီးတစ်မြို့ပဲ ဖြစ်ပါတယ်။ ဘီစီ ၁၀၄၆ အထိ တရုတ်နိုင်ငံမှာ မှတ်တမ်းတင်ဖူးသမျှမင်းဆင်ထဲမှာ အစောဆုံးမင်းဆက်လည်း ဖြစ်ပါတယ်။

အသစ်တွေ့ရှိထားတဲ့ သင်္ချိုင်းအုတ်ဂူများမှာတော့ စစ်ရထားများထားတဲ့ တွင်းများစွာအပြင် ရထားများကိုဆွဲတဲ့ မြင်းရုပ်ကြွင်းများ နှင့် စစ်သည်တော်များရဲ့ ရုပ်ကြွင်းများပါ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ စစ်သည်အချို့ သေဆုံးချိန်မှာ ကျည်ကြိုးများဖြင့် တန်ဆာဆင်ထားတဲ့ ဦးထုပ်များ ၀တ်ဆင်ထားပြီး အချို့ မြင်းများရဲ့ နဖူးများမှာလည်း ရွှေပြားနှင့်ကြေးဝါဖြင့်အလှဆင်ထားတာဖြစ်ပါတယ်ဒီလိုခမ်းနားထည်ဝါတဲ့ အဆင်တန်ဆာတွေကို ကြည့်ခြင်းအားဖြင့် အဆိုပါ ရထားပိုင်ရှင်ရဲ့ ထူးကဲ အဆင့်အတန်း နဲ့ စွမ်းအားကို ထင်ဟပ်စေတာကိုတွေ့ရပြီး Anyang ရဲ့ ရှေးခေတ်ရှာဖွေတွေ့ရှိမှုတွေထဲမှာ ဒါဟာ အလွန်ရှားပါတယ်လို့ ဆိုပါတယ်။

PennStateUniversityကလေ့လာမှုတစ်ခုမှာတော့ဒါဟာကိုယ့်ကိုယ်ကို”သတ်သေခြင်းဓလေ့(သို့မဟုတ်)၎င်းတို့ထက်အဆင့်အတန်းမြင့်မားတဲ့သခင်များရဲ့ဈာပနမှာအရှင်လတ်လတ်သင်္ဂြိုဟ်ခြင်းအလေ့အထဟာShangမင်းဆက်မှာအများဆုံးရှိတာကိုတွေ့ရှိရပါတယ်Anyangမြို့မှ ရှေးဟောင်းသုတေသနပညာရှင်များဟာ အဆိုပါနေရာကိုတူးဖော်ခဲ့တာဟာ၂နှစ်ခန့်ရှိပြီဖြစ်ပါတယ်ယခုအချိန်အထိတူးဖော်ရရှိထားသည်မှာ ရှေးဟောင်း အဆောက်အအုံ ၁၈ လုံးရဲ့ အုတ်မြစ်များအပြင် စစ်ရထားခြောက်စီးအတွက် သင်္ချိုင်း ၂၄ တွင်း နှင့် ယဇ်ပူဇော်ထားတဲ့ လူများ နှင့် မြင်းများရဲ့ ရုပ်အကြွင်းအကျန်များကိုသာ ရရှိထားတယ်လို့ သိရပါတယ်။


Zawgyi



PennStateUniversityကလေ့လာမှုတစ်ခုမှာတော့ဒါဟာကိုယ့်ကိုယ်ကို”သတ်သေခြင်းဓလေ့(သို့မဟုတ်)၎င်းတို့ထက်အဆင့်အတန်းမြင့်မားတဲ့ သခင်များရဲ့ ဈာပနမှာ အရှင်လတ်လတ် သင်္ဂြိုဟ်ခြင်းအလေ့အထဟာ Shang မင်းဆက်မှာ အများဆုံးရှိတာကို တွေ့ရှိရပါတယ်။ Anyang မြို့မှ ရှေးဟောင်းသုတေသနပညာရှင်များဟာ အဆိုပါနေရာကို တူးဖော်ခဲ့တာဟာ ၂ နှစ်ခန့်ရှိပြီဖြစ်ပါတယ်ယခုအချိန်အထိ တူးဖော်ရရှိထားသည်မှာ ရှေးဟောင်း အဆောက်အအုံ ၁၈ လုံးရဲ့ အုတ်မြစ်များအပြင် စစ်ရထားခြောက်စီးအတွက် သချႋုင်း ၂၄တွင်း နှင့် ယဇ်ပူဇော်ထားတဲ့ လူများ နှင့် မြင်းများရဲ့ ရုပ်အကြွင်းအကျန်များကိုသာ ရရှိထားတယ်လို့ သိရပါတယ်။

Crd