တလကို မြန်မာငွေ သိန်း ၅၀၀ နီးပါရနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မိန်းမပျိုလေးများ

တလကို မြန်မာငွေ သိန်း ၅၀၀ နီးပါရနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မိန်းမပျိုလေးများ

တလကို မြန်မာငွေ သိန်း ၅၀၀ နီးပါရနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မိန်းမပျိုလေးများ။ (၁)နာရီ ဒေါ်လာ (၁၀၀) နီးပါး ဝင်ငွေရှိနေပါတယ်။

သြစတြေးလျနိုင်ငံမှာ Lollipop Ladies လို့ လူသိများတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မိန်းမပျိုလေးတွေဟာ တနာရီကိုဒေါ်လာ (၁၀၀) နီးပါး ဝင်ငွေရှိကြတယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သူတို့ရဲ့ အဓိကအလုပ်ကဆောက်လုပ်ရေး လုပ်ငန်းခွင်နားမှာ လမ်းအန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ပေးရတာ၊ လုပ်ငန်းခွင်သုံး ကားကြီးတွေလာရင် လမ်းရှင်းပေးရတာ စတဲ့အလုပ်တွေပါ။

သူတို့ရဲ့ဝင်ငွေဟာ တနှစ်ကို ဒေါ်လာ(၁)သိန်းလောက်အထိ ရှိပြီး ဒါဟာ ကျောင်းဆရာမတွေ၊ သူနာပြုတွေထက် (၂) ဆနီးပါး များပြားတဲ့ ဝင်ငွေဖြစ်တယ်လို့လည်း သိရပါတယ်။

သြစတြေးလျနိုင်ငံမှာ အခြေခံအဆောက်အဦတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် စီမံချက်တွေ အများအပြားနဲ့ ဆောင်ရွက်နေပြီး အဲဒီအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေလည်း အများအပြား ရှိနေပါတယ်။ မဲလ်ဘုန်းမြို့က အဓိကကျတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာပဲ အလုပ်သမား (၁၂,၀၀၀) ခန့်ကို အလုပ်ပေးထားနိုင်ပြီး ဆစ်ဒနီ ကန်ဘာရာတို့လို မြို့ကြီးတွေမှာလည်း အလုပ်သမား ထောင်ပေါင်းများစွာအတွက် အလုပ်အကိုင် အခွင့်အရေးတွေ ဖန်တီးပေးထားတာပါ။

သြစတြေးလျရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ရတဲ့ အလုပ်သမားတွေဟာ သာမန်အလုပ်သမားတွေထက် လုပ်ခပိုမိုရရှိပြီး အလုပ်သမားသမဂ္ဂရဲ့ အကာအကွယ်ပေးမှုအောက်မှာ အခြားဆက်စပ် ဝင်ငွေတွေဖြစ်တဲ့ နေ့စဉ်စားစရိတ်လမ်းစရိတ်နဲ့ လုပ်ငန်းခွင် allowance တွေလည်း ရရှိကြပါတယ်။

ဥမင်လှိုင်ခေါင်း တူးသူတွေဟာ တနှစ်ကို ဒေါ်လာ ၂ သိန်း ၆ သောင်းကျော်အထိ ရရှိကြပြီး အလုပ်သမားတွေအနက် လစာအကောင်းဆုံးဖြစ်ကာ အလုပ်ခွင်ရဲ့ အန္တရာယ်များပြားမှု၊ အလုပ်ချိန်ကြာမြင့်မှုတွေအပေါ် မူတည်ပြီး လစာပိုရလေ့ ရှိကြပါတယ်။

Lollipop Ladies တွေဟာ တာဝန်ချိန်တောက်လျှောက် မတ်တပ်ရပ်နေရတာ ယာဉ်အန္တရာယ်ကင်းရှင်းအောင်နဲ့ ယာဉ်ပိတ်ဆို့မှု မဖြစ်ပေါ်အောင် သတိထားနေရတာတွေအပြင် တချို့ဒေသတွေမှာ အမျိုးသားတွေရဲ့ စနောက်မှုကိုပါ ခံရလေ့ရှိပေမဲ့မက်မောလောက်တဲ့ ဝင်ငွေနဲ့အလုပ်ချိန်ကို အဆင်ပြေအောင် ညှိနှိုင်းနိုင်တာတွေကြောင့် ကျောင်းတဖက်နဲ့ အချိန်ပိုင်းအလုပ်လုပ်ချင်တဲ့ သြစတြေးလျ အမျိုးသမီးငယ်လေးအတွက် ရွေးချယ်ချင်စရာ အလုပ်တခု ဖြစ်နေတယ်လို့လည်း သိရပါတယ်။

မူရင်းရေးသူကို လေးစားစွာ credit ပေးပါသည်။
Photo ; Google
Nyo Nyo (boomnews)

Zawgyi

တလကို ျမန္မာေငြ သိန္း ၅၀၀ နီးပါရေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္က မိန္းမပ်ိဳေလးမ်ား။ (၁)နာရီ ေဒၚလာ (၁၀၀) နီးပါး ဝင္ေငြရွိေနပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ Lollipop Ladies လို႔ လူသိမ်ားတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္က မိန္းမပ်ိဳေလးေတြဟာ တနာရီကိုေဒၚလာ (၁၀၀) နီးပါး ဝင္ေငြရွိၾကတယ္လို႔ CNN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ သူတို႔ရဲ႕ အဓိကအလုပ္ကေဆာက္လုပ္ေရး လုပ္ငန္းခြင္နားမွာ လမ္းအႏၲရာယ္ကင္းရွင္းေအာင္ ေဆာင္႐ြက္ေပးရတာ၊ လုပ္ငန္းခြင္သုံး ကားႀကီးေတြလာရင္ လမ္းရွင္းေပးရတာ စတဲ့အလုပ္ေတြပါ။

သူတို႔ရဲ႕ဝင္ေငြဟာ တႏွစ္ကို ေဒၚလာ(၁)သိန္းေလာက္အထိ ရွိၿပီး ဒါဟာ ေက်ာင္းဆရာမေတြ၊ သူနာျပဳေတြထက္ (၂) ဆနီးပါး မ်ားျပားတဲ့ ဝင္ေငြျဖစ္တယ္လို႔လည္း သိရပါတယ္။

ၾသစေၾတးလ်ႏိုင္ငံမွာ အေျခခံအေဆာက္အဦေတြ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေအာင္ စီမံခ်က္ေတြ အမ်ားအျပားနဲ႔ ေဆာင္႐ြက္ေနၿပီး အဲဒီအတြက္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြလည္း အမ်ားအျပား ရွိေနပါတယ္။ မဲလ္ဘုန္းၿမိဳ႕က အဓိကက်တဲ့ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြမွာပဲ အလုပ္သမား (၁၂,၀၀၀) ခန႔္ကို အလုပ္ေပးထားႏိုင္ၿပီး ဆစ္ဒနီ ကန္ဘာရာတို႔လို ၿမိဳ႕ႀကီးေတြမွာလည္း အလုပ္သမား ေထာင္ေပါင္းမ်ားစြာအတြက္ အလုပ္အကိုင္ အခြင့္အေရးေတြ ဖန္တီးေပးထားတာပါ။

ၾသစေၾတးလ်ရဲ႕ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြမွာ လုပ္ကိုင္ရတဲ့ အလုပ္သမားေတြဟာ သာမန္အလုပ္သမားေတြထက္ လုပ္ခပိုမိုရရွိၿပီး အလုပ္သမားသမဂၢရဲ႕ အကာအကြယ္ေပးမႈေအာက္မွာ အျခားဆက္စပ္ ဝင္ေငြေတြျဖစ္တဲ့ ေန႔စဥ္စားစရိတ္လမ္းစရိတ္နဲ႔ လုပ္ငန္းခြင္ allowance ေတြလည္း ရရွိၾကပါတယ္။

ဥမင္လႈိင္ေခါင္း တူးသူေတြဟာ တႏွစ္ကို ေဒၚလာ ၂ သိန္း ၆ ေသာင္းေက်ာ္အထိ ရရွိၾကၿပီး အလုပ္သမားေတြအနက္ လစာအေကာင္းဆုံးျဖစ္ကာ အလုပ္ခြင္ရဲ႕ အႏၲရာယ္မ်ားျပားမႈ၊ အလုပ္ခ်ိန္ၾကာျမင့္မႈေတြအေပၚ မူတည္ၿပီး လစာပိုရေလ့ ရွိၾကပါတယ္။

Lollipop Ladies ေတြဟာ တာဝန္ခ်ိန္ေတာက္ေလွ်ာက္ မတ္တပ္ရပ္ေနရတာ ယာဥ္အႏၲရာယ္ကင္းရွင္းေအာင္နဲ႔ ယာဥ္ပိတ္ဆို႔မႈ မျဖစ္ေပၚေအာင္ သတိထားေနရတာေတြအျပင္ တခ်ိဳ႕ေဒသေတြမွာ အမ်ိဳးသားေတြရဲ႕ စေနာက္မႈကိုပါ ခံရေလ့ရွိေပမဲ့မက္ေမာေလာက္တဲ့ ဝင္ေငြနဲ႔အလုပ္ခ်ိန္ကို အဆင္ေျပေအာင္ ညႇိႏႈိင္းႏိုင္တာေတြေၾကာင့္ ေက်ာင္းတဖက္နဲ႔ အခ်ိန္ပိုင္းအလုပ္လုပ္ခ်င္တဲ့ ၾသစေၾတးလ် အမ်ိဳးသမီးငယ္ေလးအတြက္ ေ႐ြးခ်ယ္ခ်င္စရာ အလုပ္တခု ျဖစ္ေနတယ္လို႔လည္း သိရပါတယ္။

မူရင္းေရးသူကို ေလးစားစြာ credit ေပးပါသည္။
Photo ; Google
Nyo Nyo (boomnews)

Crd