တိတ်တခိုးချစ်နေရသော မိန်းကလေးအား ဆိတ်သားကင်ပန်းစည်းနှင့်အတူ ဖွင့်ပြောဖို့လုပ်ခဲ့ပေမယ့် သန့်ရှင်းရေးအဒေါ်ကြီးကြောင့် ပျော်နေတာပျက်သွားခဲ့ရသည့်အဖြစ်

တိတ်တခိုးချစ်နေရသော မိန်းကလေးအား ဆိတ်သားကင်ပန်းစည်းနှင့်အတူ ဖွင့်ပြောဖို့လုပ်ခဲ့ပေမယ့် သန့်ရှင်းရေးအဒေါ်ကြီးကြောင့် ပျော်နေတာပျက်သွားခဲ့ရသည့်အဖြစ်

ကောင်လေးအများစုသည် သူတို့ချစ်နေသောမိန်းကလေးအား ဖွင့်ပြောကာ ချစ်ခွင့်ပန်မည့်အချိန်တွင် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သူမအကြိုက်တွေ့စေမည့် လက်ဆောင် ပစ္စည်းများကို ကြိုပြီးတော့ပြင်ဆင်ထားတတ်ကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ ကောင်လေးတစ်ဦးသည် သူရဲ့အသိထဲမှ တိတ်တခိုးစိတ်ဝင်စားနေသည့် မိန်းကလေးကို ချစ်ကြောင်းဝန်ခံရန်အတွက် ကြိုးစားပြင်ဆင်ကာ သူမရှိရာ တက္ကသိုလ်ကျောင်းဝန်းထဲသို့ လိုက်သွားခဲ့သည်။

ကောင်လေးသည် ကျောင်းဝန်းထဲတွင် လူအများကြည့်နေသည့်ကြားက မိန်းကလေးအရမ်းကြိုက်သည့် ဆိတ်သားကင်ကို ပန်းစည်းလေးလုပ်ပြီး နှင်းဆီပန်းတွေကိုကျ အသဲနှလုံးပုံစံချွေချထားရင်း ချစ်ခွင့်ပန်ခဲ့သည်။

ကောင်လေးသည် အသဲနှလုံးပုံစံပြုလုပ်ထားသည့်နေရာမှာ ဒူးထောက်လိုက်ပြီး မိန်းကလေးအား မျက်လုံးလေးမှိတ်ကာ ရှေ့သို့ခေါ်လာခိုင်းစဉ် ကျောင်းဝန်းသန့်ရှင်းရေးအဒေါ်ကြီးတစ်ဦးမှ ရုတ်တရက် အနားသို့ရောက်ချလာပြီး နှင်းဆီပန်းဖတ်လေးတွေကို အမှိုက်အထင်နဲ့ ရှင်းလင်းပစ်ခဲ့၍ ကောင်လေးခမျာ အလွန်ကြေကွဲသွားရသည်။

Rain (For Ialinks)

Zawgyi





Crd