
“ဒစ်ဂျစ်တယ်ခေတ် လိမ်နည်းအသစ်” ( သို့မဟုတ် ) လောဘ တက်မိရင် ခံရမယ့် အင်တာနက်ပေါ်ကလိမ်နည်းတမျိုး LinkedIn မှာ မြန်မာပြည်အတွက် အလုပ်ဆိုပြီး ကြော်ငြာနေတဲ့အထဲမှာ e-commerce app တခုကို test လုပ်ဖို့အတွက် လူတွေလိုတယ်ဆိုပြီး အလုပ်ခေါ်နေတာလေးတွေ့မိတယ်။ စင်ကာပူမှာ အလားတူပုံစံမျိုးနှင့် အလိမ်ခံလိုက်ရတဲ့လူငယ်တယောက် စင်ကာပူဒေါ်လာ ၂ သိန်းကျော် အလိမ်ခံလိုက်ရတယ်ဆိုတာလေး CNA သတင်းမှာ သည်နေ့ပဲဖတ်လိုက်ရလို့ ကိုယ့်မြန်မာပြည်သားများ

အလိမ်မခံရလေအောင် သတိပေးလိုပါတယ်။ လိမ်သူတွေရဲ့ လုပ်ပုံလုပ်နည်း Modus Operandi ကသည်လိုပါ.. ၁။ သူတို့ e-commerce app (အွန်လိုင်းစျေးဝယ်တဲ့ app) ကိုစမ်းသပ်ဖို့ အစမ်းဝယ်ယူပေးသူအဖြစ် အလုပ်ခန့်မယ်။ ဝယ်တဲ့ပစ္စည်းဖိုးငွေကို ကုမ္ပဏီက ပြန်အမ်းပေးပြီး ကိုယ်ကပစ္စည်းတွေ အလကားရမယ် (သို့) ဝယ်ပေးသမျှငွေပမာဏပေါ်ကနေ

ကော်မရှင်ပေးမယ်လို့ ကြေငြာမယ်။ ၂။ ကနဦးမှာ သူတို့ app သို့ web site မှာဖွင့်လိုက်တဲ့ ကိုယ့်အကောင့်ထဲကို သူတို့ငွေနည်းနည်းလေးကြိုထည့်ပြီး အဝယ်ခိုင်းလို့ အယုံသွင်းပြမယ်။ ၃။ WhatsApp group လိုမျိုးထဲ ကိုယ့်ကိုထည့်ပြီး အခြားကိုယ်လိုဝယ်သူဆိုပြီး သူတို့လူဒလန်တွေထည့်ထားတာကနေ ဘယ်သူက ဘယ်လောက်တောင် အကျိုးအမြတ်ရနေပြီးဆိုပြီး

ဖျားယောင်းမယ်။ (မြန်မာပြည်လမ်းဘေးဖဲသုံးချပ်လိမ်နည်းတို့၊ MLM လိမ်နည်းတို့လိုပေါ့။) ၄။ ကိုယ်က နည်းနည်းချင်းဝယ်ပေးရာကနေ အကျိုးအမြတ်ကလေးနည်းနည်းရလာပြီး လောဘတက်လာချိန်ကြရင် ကိုယ့်ကို တန်ဖိုးကြီးတာတွေ ဝယ်ခိုင်းတော့မယ်။ (ပစ္စည်းတွေပို့ရမယ့်လိပ်စာက သူတို့လူလိမ်တွေရဲ့ လိပ်စာပေါ့။) ၅။ ကိုယ့်ဆီက ငွေများများစားစားထွက်သွားပြီးတာနှင့်

သူတို့က အဆက်အသွယ်အကုန်ဖြတ်ပြီး ပြေးတော့တာပါ။ သည်လိုနည်းနှင့် စင်ကာပူကကောင်လေးအလိမ်ခံရတာမှာ သူအကောင့်ထဲက ငွေတွေကုန်ချိန်မှာတောင် လောဘကြောင့် သူ့အမေ့ဘဏ်အကောင့်ကိုပါချိတ်ပြီး ဝယ်ပေးလိုက်ချိန်မှာ ဒေါ်လာ ၂ သိန်းကျော် အလိမ်ခံလိုက်ရတော့တာပေါ့။ နည်းပညာတွေထွန်းကားလာတာနှင့်အတူ ခေတ်သစ်နေအေးလိမ်နည်းအသစ်တွေကလည်း

ထွက်လာနေတာပါပဲ။ ပုံမှန်မဟုတ်တဲ့ မတန်တဆ အကျိုးအမြတ်မျိုးရမယ်လို့ မြှူဆွယ်နေပြီဆိုရင် အလိမ်ခံရဖို့က သေချာနေပြီပေါ့။ ရွှေပြည်ကြီးသူ/သားများ လိမ်ညာခံရခြင်းဘေး ကင်းဝေးအောင် ဆင်ခြင်နိုင်ကြစေဖို့ တင်ပြအပ်ပါတယ်။ LinkedIn မှာ အဲသည်လိုကြော်ငြာမျိုး မြန်မာပြည်အတွက် ဝယ်ပေးသူလိုတယ်ဆိုပြီးခေါ်နေတာကြာပြီဆိုတော့ ကိုယ်ပြောတာတောင် နောက်ကျနေပြီထင်ပါတယ်။

Kwee Myo

ယူနီကုတ်

“ဒစ်ဂျစ်တယ်ခေတ် လိမ်နည်းအသစ်” ( သို့မဟုတ် ) လောဘ တက်မိရင် ခံရမယ့် အင်တာနက်ပေါ်ကလိမ်နည်းတမျိုး

LinkedIn မှာ မြန်မာပြည်အတွက် အလုပ်ဆိုပြီး ကြော်ငြာနေတဲ့အထဲမှာ e-commerce app တခုကို test လုပ်ဖို့အတွက် လူတွေလိုတယ်ဆိုပြီး အလုပ်ခေါ်နေတာလေးတွေ့မိတယ်။ စင်ကာပူမှာ အလားတူပုံစံမျိုးနှင့် အလိမ်ခံလိုက်ရတဲ့လူငယ်တယောက် စင်ကာပူဒေါ်လာ ၂ သိန်းကျော် အလိမ်ခံလိုက်ရတယ်ဆိုတာလေး CNA သတင်းမှာ သည်နေ့ပဲဖတ်လိုက်ရလို့ ကိုယ့်မြန်မာပြည်သားများ

အလိမ်မခံရလေအောင် သတိပေးလိုပါတယ်။ လိမ်သူတွေရဲ့ လုပ်ပုံလုပ်နည်း Modus Operandi ကသည်လိုပါ.. ၁။ သူတို့ e-commerce app (အွန်လိုင်းဈေးဝယ်တဲ့ app) ကိုစမ်းသပ်ဖို့ အစမ်းဝယ်ယူပေးသူအဖြစ် အလုပ်ခန့်မယ်။ ဝယ်တဲ့ပစ္စည်းဖိုးငွေကို ကုမ္ပဏီက ပြန်အမ်းပေးပြီး ကိုယ်ကပစ္စည်းတွေ အလကားရမယ် (သို့) ဝယ်ပေးသမျှငွေပမာဏပေါ်ကနေ

Crd