ဓာတ်ပုံလျှောက်ရိုက်ရင်း အိမ်ယာမဲ့ဖြစ်နေတဲ့ ဖခင်နဲ့ ပြန်ဆုံခဲ့ရတဲ့ သမီး

ဓာတ်ပုံလျှောက်ရိုက်ရင်း အိမ်ယာမဲ့ဖြစ်နေတဲ့ ဖခင်နဲ့ ပြန်ဆုံခဲ့ရတဲ့ သမီး







အသက် ၃၂ အရွယ် Diana Kim အမည်ရ အမျိုးသမီးဟာ မိခင်နဲ့ကွာရှင်းပျက်ဆဲပြီးနောက် အိမ်ယာမဲ့ဘဝကို ရောက်သွားတဲ့ ဖခင်နဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့တယ်လို့ Viral က ဆိုပါတယ်။ သူမဟာ အိမ်ယာမဲ့တွေကို ဓာတ်ပုံလှည့်လည်ရိုက်ကူးရင်း ဖခင်နဲ့ မထင်မှတ်ပဲ ပြန်ဆုံခဲ့ရတာပါ။

ဖခင်ဟာ တော်တော်လေး ရုပ်အဆင်းပျက်ယွင်းနေပြီး၊ အလွန်ဆင်းတောင့်ဆင်းရဲ အသက်ရှင်နေထိုင်နေရတယ်ဆိုတာကို Diana က ကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ သူမဟာ ဓာတ်ပုံပညာကို စိတ်ပါဝင်စားသူဖြစ်ပြီး၊ ငယ်စဉ်ကတည်းက ဓာတ်ပုံဆရာ သူမရဲ့ ဖခင်က ဓာတ်ပုံတွေကို ဘယ်လိုရိုက်ကူးရမလဲဆိုတာကို သင်ကြားပေးခဲ့ပါတယ်။

ဖခင်ဟာ ယခင်က သူမတို့နေထိုင်ရာ အမေရိကန် ဟာဝိုင်အီ Maui မှာ ဓာတ်ပုံဆိုင်ဖွင့်လှစ်ခဲ့သူဖြစ်ပြီး၊ နာမည်ရခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။ 2003 ခုနှစ်မှာ Diana ဓာတ်ပုံပညာနဲ့ ကျောင်းတက်ခဲ့ပြီး၊ ဟိုနိုလူလူမှ အိမ်ယာမဲ့တွေကို ပရောဂျက်တွေအတွက် ဓာတ်ပုံလိုက်လံ ရိုက်ကူးခဲ့ပါတယ်။

ဒီအတောအတွင်းမှာ ဖခင်နဲ့ မိခင်တို့ ခွာပြဲခဲ့ကာ ဖခင်က အိမ်ကနေ ဆင်းသွားခဲ့ပါတယ်။ 2012 တစ်ခုသော နေ့ရက်မှာ သူမရဲ့ ဖခင်ကို ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ထိုစဉ်က ဖခင်ဟာ စုတ်ပြတ်ညစ်ပေနေပြီး၊ ဓာတ်ပုံဆရာတစ်ယောက်အတွက် အလွန် မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။ ကင်မရာကို ချိန်တွယ်ပြီး၊ အဲဒီအိမ်ယာမဲ့ကို ဓာတ်ပုံရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် စိတ်ထဲမှာ အဲဒီအမျိုးသားကြီးဟာ သူမနဲ့ တရင်းတနီးရှိနေတယ်လို့ ခံစားရပြီး၊ အိမ်ယာမဲ့အမျိုးသားကြီးထံ ချဉ်းကပ်ခဲ့ပါတယ်။ ထိုအခါမှာ သူမရဲ့ ဖခင်ဆိုတာကို သိလိုက်ရပါတယ်။ သားအဖနှစ်ယောက် ဝမ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ကြပြီး၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခဲ့ကြပါတယ်။

 

Diana က သူမရဲ့ ဖခင်ကို အိမ်လိုက်ခဲ့ဖို့ ပြန်ခေါ်ခဲ့ပေမယ့် ဖခင်က ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် သမီးဖြစ်သူက အခု သူမရဲ့ဖခင်ကို ကောင်းကောင်းမွန်မွန် ထားနိုင်နေပြီ ဖြစ်ပြီး၊ နှလုံးရောဂါနဲ့ စိတ်ကျရောဂါကိုလည်း အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါတယ်။

 

Crd