နယူးယောက် ပစ်ခတ်မှု့ကြောင့်ဒဏ်ရာရသူ အရေအတွက်မြင့်တတ်

နယူးယောက် ပစ်ခတ်မှု့ကြောင့်ဒဏ်ရာရသူ အရေအတွက်မြင့်တတ်

နယူးယောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူအရေအတွက် မြင့်တက်

ဒီကိစ္စကြောင့် မြို့တွင်းရထား များ သွားလာမှု ကို ထိခိုက်

နယူးယောက်မြို့ ဘရွတ်ကလင်းမြို့တွင် လူတစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိကာ ၈ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ရထားဘူတာရုံတစ်ခုမှာ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားသွားလာလှုပ်ရှားမှုတွေလည်း ရပ်တန့်ခဲ့ရပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံကို သယ်ဆောင်ခဲ့ပြီး ရဲတွေက ဂါမာရိုဘူတာကို အခင်းဖြစ်ပွားရာနေရာအဖြစ် သတ်မှတ်ခဲ့တာဖြစ်ကာ တရားခံရှာဖွေရေးအတွက် စတင်လှုပ်ရှားခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာနေရာ သို့ ဌာနဆိုင်ရာတွေနဲ့ ချိန်ကိုက်ဗုံးကျွမ်းကျင်သူတွေ ရောက်ရှိလာခဲ့ ပြီး အဲဒီနေရာကို ပိုက်စိပ်တိုက်စစ်ဆေးခဲ့ပါတယ်။

ပေါက်ကွဲရန် ရည်ရွယ်ထားသည့် ဗုံးအရေအတွက်ကို နယူးယောက်ဘူတာအေဂျင်စီ က ထုတ်ပြန်ခဲ့ပါတယ်။

မြို့ခံတွေနဲ့ လမ်းသွားလမ်းလာပြည်သူတွေ ရှောင်တိမ်းဖို့ တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

ဂတ်စ်အကာအကွယ် မျက်နှာဖုံးအုပ်ထားပြီး လိမ္မော်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

နယူးယောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ရဲ့ အဆိုအရ နယူးယောက်အချိန် ၈:၂၇ အချိန်မှာ ဘရွတ်ကလင်းဘူတာတာဝန်ရှိသူတွေက ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ပြီး ဘူတာရုံတွင် လူတစ်ဦးဒဏ်ရာရရှိကြောင်း. .

အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော် က ထုတ်ပြန်ခဲ့ပါတယ်

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီ အဆိုအရ သမ္မတ ဘိုင်ဒန်ဟာ အမေရိကန်လူထုအတွင်းသို့ လိုင်စင်နဲ့ လက်နက်ရောင်းချမှုကို မကြာခင် ပိတ်ပင်ရန် အမိန့်ထုတ်ပြန်သွားနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

အခြေအနေကို ဂရုတစိုက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ပြီး အခင်းအကျင်းကို စုံစမ်းမှုများ စတင်ပြုလုပ်နေပြီလည်းဖြစ်တယ်လို့ နယူးယောက်ပြည်နယ် အကြီးအကဲ Kassie Hoshul က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နယူးယောက်မြို့တော်ဝန် Eric Adams က တော့ ယခုနှစ်အစောပိုင်း၌ လူထုအတွင်းသို့ လက်နက်များ ထပ်မံတိုးချဲ့ရောင်းချနေမှုကို ရပ်တန့်ရန် ၎င်းအနေနဲ့ ကနဦးကပင် စီစဉ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုနှစ် ပထမသုံးလပတ်အတွင်း နယူးယောက်တွင် ပစ်ခတ်မှု ပေါင်း ၂၆၀ ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ရဲ့ ၂၉၆ ခု စံချိန်ကို လိုက်မီနိုင်မလားစောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။
Ref

Francenewsagency
Famous.F

Crd

Crd