နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်း သင်္ချိုင်းတစ်ခုကနေ လျှို့ဝှက်ဆန်းကြယ်စွာ တွေ့ရှိခဲ့တဲ့ ဦးခေါင်းမဲ့ မြင်းရုပ်ကြွင်း

နှစ်ပေါင်း ၁၄၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်း သင်္ချိုင်းတစ်ခုကနေ လျှို့ဝှက်ဆန်းကြယ်စွာ တွေ့ရှိခဲ့တဲ့ ဦးခေါင်းမဲ့ မြင်းရုပ်ကြွင်း

လွန်ခဲ့တဲ့နှစ်ပေါင်း၁၄၀၀ခန့်ကခေါင်းမဲ့မြင်းတစ်ကောင်အနီးမှာမြှုပ်နှံထားတဲ့အမျိုးသားတစ်ဦးရဲ့အရိုးအကြွင်းအကျန်များကိုဂျာမနီတောင်ပိုင်း Knittlingen မြို့ရှိ ရှေးဟောင်းသုသာန်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ပညာရှင်များရဲ့ ယူဆချက်တွေအရ ဒီအရိုးစုတွေဟာ အသက်ရှင်ရှိစဉ်က မြင်းပိုင်ရှင် ဒါမှမဟုတ် မြင်းစီးသူဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီလူဟာMerovingianမင်းဆက်အေဒီ၄၇၆-၇၅၀လောက်မှာပြင်သစ်နဲ့ဗဟိုဥရောပပိုင်နက်နယ်မြေအများအပြားကိုအုပ်ချုပ်ခဲ့တဲ့အချိန်တုန်းကဒီလူဟာမင်းဆက်ဘုရင်များထံမှာအမှုထမ်းခဲ့သူဖြစ်သလိုစိုက်ပျိုးရေးနယ်ပယ်မှာဒေသခံအထက်တန်းလွှာအဖွဲ့ဝင်ခေါင်းဆောင်လည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလူရဲ့ ရုပ်အလောင်းကို ဦးခေါင်းမဲ့မြင်းအနီးမှာ ဘာကြောင့် မြှုပ်နှံထားတာလဲဆိုတာကို အတိအကျမသိရသေးတာပါ။

အများစုကတော့ မြင်းတွေသေဆုံးရင် ခေါင်းဖြတ်ပြီးယဇ်ပူဇော်တာဖြစ်နိုင်သလို ဒါကလည်း ယဇ်ပူဇော်ခြင်းထက် ‘သင်္ချိုင်းစောင့် အဖြစ် ဒီမြင်းကို ပိုင်ရှင်အနီးမှာ မြုပ်နှံ ထားရှိဖွယ်ရှိကြောင်း ယူဆထားကြပါတယ်။

ထူးဆန်းတာကတော့ မြင်းခေါင်းကိုတော့ ယခုအချိန်ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။ ဒါအပြင် ဒီရှေးဟောင်း သင်္ချိုင်းအတွင်းမှာလည်း အခြားရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တချို့ရုပ်အလောင်းများကလည်းအမျိုးသမီးများဖြစ်နိုင်ပြီးသူတို့ရဲ့အနားမှာအဖိုးတန်ရွှေရင်ထိုးများအပြင်အခြားပစ္စည်းတွေနဲ့သင်္ဂြိုဟ်ထားကြတာဖြစ်ပါတယ်။ တချို့ရုပ်ကြွင်းမှာတော့ ဓားများ၊ လှံများ၊ ဒိုင်းများနှင့် မြှားခေါင်းများကဲ့သို့ လက်နက်များဖြင့် မြှုပ်နှံထားကြတာကို တွေ့ရှိရပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီသင်္ချိုင်းကနေ တွေ့ရှိခဲ့တာတွေနဲ့ပတ်သက်ပြီး ပညာရှင်များဟာ သမိုင်းကြောင်းကို ပိုမိုသိရှိအောင် ကျန်ခဲ့တဲ့ အရိုးနှင့် သွားများကို အနာဂတ် မနုဿဗေဒ ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်မယ်လို့လည်း ဆိုထားကြပါတယ်။

Zawgyi

လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၄၀၀ ခန႔္က ေခါင္းမဲ့ျမင္းတစ္ေကာင္အနီးမွာ ျမႇဳပ္ႏွံထားတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ အ႐ိုးအႂကြင္းအက်န္မ်ားကို ဂ်ာမနီေတာင္ပိုင္း Knittlingen ၿမိဳ႕ရွိ ေရွးေဟာင္းသုသာန္တစ္ခုမွာ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ပညာရွင္မ်ားရဲ႕ ယူဆခ်က္ေတြအရ ဒီအ႐ိုးစုေတြဟာ အသက္ရွင္ရွိစဥ္က ျမင္းပိုင္ရွင္ဒါမွမဟုတ္ျမင္းစီးသူျဖစ္ႏိုင္ဖြယ္ရွိတယ္လို႔ဆိုပါတယ္။

ဒီလူဟာ Merovingian မင္းဆက္ ေအဒီ ၄၇၆ -၇၅၀ေလာက္မွာျပင္သစ္နဲ႔ဗဟိုဥေရာပပိုင္နက္နယ္ေျမအမ်ားအျပားကိုအုပ္ခ်ဳပ္ခဲ့တဲ့အခ်ိန္တုန္းက ဒီလူဟာမင္းဆက္ဘုရင္မ်ားထံမွာအမႈထမ္းခဲ့သူျဖစ္သလိုစိုက္ပ်ိဳးေရးနယ္ပယ္မွာေဒသခံအထက္တန္းလႊာအဖြဲ႕ဝင္ေခါင္းေဆာင္လည္းျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ဒီလူရဲ႕႐ုပ္အေလာင္းကိုဦးေခါင္းမဲ့ျမင္းအနီးမွာဘာေၾကာင့္ျမႇဳပ္ႏွံထားတာလဲဆိုတာကိုအတိအက်မသိရေသးတာပါ။

အမ်ားစုကေတာ့ျမင္းေတြေသဆုံးရင္ေခါင္းျဖတ္ၿပီးယဇ္ပူေဇာ္တာျဖစ္ႏိုင္သလိုဒါကလည္းယဇ္ပူေဇာ္ျခင္းထက္’သခ်ႋဳင္းေစာင့္ အျဖစ္ ဒီျမင္းကို ပိုင္ရွင္အနီးမွာ ျမဳပ္ႏွံ ထားရွိဖြယ္ရွိေၾကာင္း ယူဆထားၾကပါတယ္။

ထူးဆန္းတာကေတာ့ျမင္းေခါင္းကိုေတာ့ယခုအခ်ိန္ထိရွာမေတြ႕ေသးဘူးလို႔ဆိုပါတယ္ဒါအျပင္ဒီေရွးေဟာင္းသခ်ႋဳင္းအတြင္းမွာလည္း အျခား႐ုပ္ႂကြင္းေတြကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

တခ်ိဳ႕ ႐ုပ္အေလာင္းမ်ားကလည္း အမ်ိဳးသမီးမ်ားျဖစ္ႏိုင္ၿပီး သူတို႔ရဲ႕အနားမွာ အဖိုးတန္ ေ႐ႊရင္ထိုးမ်ားအျပင္အျခားပစၥည္းေတြနဲ႔ သၿဂႋဳဟ္ထားၾကတာျဖစ္ပါတယ္။ တခ်ိဳ႕႐ုပ္ႂကြင္းမွာေတာ့ ဓားမ်ားလွံမ်ားဒိုင္းမ်ားႏွင့္ျမႇားေခါင္းမ်ားကဲ့သို႔လက္နက္မ်ားျဖင့္ ျမႇဳပ္ႏွံထားၾကတာကို ေတြ႕ရွိရပါတယ္။

လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ ဒီသခ်ႋဳင္းကေန ေတြ႕ရွိခဲ့တာေတြနဲ႔ပတ္သက္ၿပီး ပညာရွင္မ်ားဟာ သမိုင္းေၾကာင္းကို ပိုမိုသိရွိေအာင္ က်န္ခဲ့တဲ့ အ႐ိုးႏွင့္ သြားမ်ားကို အနာဂတ္ မႏုႆေဗဒ ဆိုင္ရာ လုပ္ငန္းမ်ား လုပ္ေဆာင္မယ္လို႔လည္း ဆိုထားၾကပါတယ္။

Crd