နှစ်ပေါင်း ၄၈၀ မှာ တစ်ကြိမ်သာ မွေးဖွားနိုင်တဲ့ ဖြစ်စဉ်ကို သမိုင်းတင် မွေးဖွားနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မိခင်
နှစ်ပေါင်း ၄၈၀ မှာ တစ်ကြိမ်သာ မွေးဖွားနိုင်တဲ့ ဖြစ်စဉ်ကို သမိုင်းတင် မွေးဖွားနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မိခင်
လူအများစုဟာ ကျန်းမာတဲ့ ကလေးတစ်ဦးကို မွေးဖွားခြင်းဟာ အံ့ဖွယ်တစ်ခုလို့ ယူဆရင်
လူအများစုဟာ ကျန်းမာတဲ့ ကလေးတစ်ဦးကို မွေးဖွားခြင်းဟာ အံ့ဖွယ်တစ်ခုလို့ယူဆကြပါတယ်ဒါ့ကြောင့်တစ်ဦးမဟုတ်နှစ်ယောက်မဟုတ်၊ တစ်ကြိမ်လျှင် ကလေးငါးယောက် မွေးမည်ကို မြင်ယောင်ကြည့်ပါ။ Alexandra Kinova ဟာ Czech Republic ရဲ့သမိုင်းတွင် quintuplets ကိုမွေးဖွားတဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ Quintuplets ဆိုတာကတော့ ကလေး ၅ ယောက်မွေးဖွားခြင်းကို ဆိုလိုပါတယ်။ Czech Republic တွင် quintuplets များဟာ ပျမ်းမျှအားဖြင့် ” နှစ် 480 လျှင် တစ်ကြိမ် မွေးသည်” ဟု ဆရာဝန် Alena Mechurova က ပြောပြခဲ့ပါတယ်။
အသက် 23 နှစ်အရွယ် Alexandra Kinova နှင့် Czech Republic မှ Antonin တို့ဟာ သူတို့ရဲ့ ဒုတိယမြောက်သားလေးမွေးဖွားခြင်းကို စိတ်လှုပ်ရှားစွာစောင့်မျှော်ခဲ့ကြပါတယ်သူတို့ဇနီးမောင်နှံမှာသားလေးတစ်ယောက်ရှိပြီးသားဖြစ်ကာမိသားစုတွေတိုးချဲ့ရလို့အရမ်းပျော်နေပါတယ်။ Alexandra ရဲ့ ဒုတိယမြောက် အာထရာဆောင်းတွင် သူတို့ အမွှာမွေးတော့မည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်ခဲ့ရပါတယ်။ အဲ့နောက်သူဆို့ဟာ မိသားစု ၃ ယောက်ကနေ ၅ ယောက်ဖြစ်လာမယ်လို့ပဲ ထင်ခဲ့ကြပါတယ်။သူတို့စုံတွဲဟာသူတို့ရဲ့ဘဝတွေဘယ်လောက်ထိ သိသိသာသာပြောင်းလဲသွားတော့မယ်ဆိုတာကို လုံးဝမသိခဲ့ကြပါဘူး။
သူမရဲ့အစာအိမ်ဟာ ပုံမှန်မဟုတ်တဲ့နှုန်းဖြင့် ကြီးထွားနေတာကြောင့် ဆရာဝန်များကို အာထရာဆောင်းရိုက်ရန် ထပ်မံတောင်းဆိုခဲ့ပါတယ်။ ဓါတ်ပုံများနှင့် ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်များစွာ ပေးပြီးနောက်တွင် သူမဟာ ကလေးလေးယောက် လွယ်ထားကြောင်းဆရာဝန်များက ထုတ်ဖော်ခဲ့ပါတယ်ဒါဟာအံ့ဩစရာမဟုတ်သေးရင်းတစ်လအကြာမှာတော့အခြားသူများနောက်တွင်ပုန်းအောင်းနေတဲ့ပဉ္စမမြောက်က‌ေလးကို ဆရာဝန်များက တွေ့ရှိခဲ့ပါတယ်။ Alexandra နှင့် Antonin Kinova တို့ဟာ quintuplets ရှိနေပြီဖြစ်ပါတယ်။
Alexandraဟာခွဲစိတ်ကုသခြင်းမှတစ်ဆင့်သူမရဲ့quintupletsကိုမွေးဖွားခဲ့ပါတယ်ကလေးများတဲ့အတွက်ခွဲမွေးတာဟာအကောင်းဆုံးဖြစ်ကြောင်း ဆရာ၀န်တွေက အကြံပေး မွေးခဲ့တာဖြစ်ပါတယ်Pragueရဲ့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအင်စတီကျုမှဆရာဝန်များရဲ့အဆိုအရ လုပ်ငန်းစဉ်တစ်ခုလုံးဟာ အလွန်ချောမွေ့ခဲ့ပါတယ်။ ဆေးရုံတွင် quintupletsများမွေးဖွားရန်အတွက်ဆရာ၀န်အပါအ၀င်၀န်ထမ်းအယောက် ၄၀ ရှိခဲ့ပါတယ်။ ထိုအရေအတွက်တွင် ကလေးတစ်ဦးလျှင် သူနာပြု နှစ်ဦးပါဝင်ပါတယ်။
ကလေးမွေးဖွားပြီးနောက်တွင်ဆရာဝန်များကမိခင်နှင့်သူရဲ့ကလေးများအားအထူးကြပ်မတ်ကုသဆောင်တွင်ထားရှိကာစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။ တစ်မိသားစုလုံး ကျန်းကျန်းမာမာ ရှိခဲ့ကြပါတယ်။ Alexandra ဟာ ယောက်ျားလေးလေးယောက်နှင့် မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပြီး ကောင်လေး‌ေတွရဲ့အမည်မှာ Deniel၊ Michael၊ Alex နှင့် Martin ဖြစ်ပြီး မိန်းကလေးရဲ့ အမည်မှာ Terezka ဖြစ်ပါတယ်ကလေးမွေးတာနဲ့ပတ်သက်ပြီးအကုန်အဆင်ပြေခဲ့ပေမယ့်အဖေဖြစ်သူကတော့ရှိမနေခဲ့ပါဘူးအကြောင်းမှာရထားမမှီခဲ့လို့ပဲဖြစ်ပါတယ်။
Zawgyi
ကလေးမွေးဖွားပြီးနောက်တွင်ဆရာဝန်များကမိခင်နှင့်သူရဲ့ကလေးများအားအထူးကြပ်မတ်ကုသဆောင်တွင်ထားရှိကာစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်တစ်မိသားစုလုံးကျန်းကျန်းမာမာရှိခဲ့ကြပါတယ်Alexandraဟာယောက်ျားလေးလေးယောက်နှင့်မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပြီး ကောင်လေး‌တွေရဲ့အမည်မှာ Deniel၊ Michael၊ Alex နှင့် Martin ဖြစ်ပြီး မိန်းကလေးရဲ့ အမည်မှာ Terezka ဖြစ်ပါတယ်ကလေးမွေးတာနဲ့ပတ်သက်ပြီးအကုန်အဆင်ပြေခဲ့ပေမယ့်အဖေဖြစ်သူကတော့ရှိမနေခဲ့ပါဘူးအကြောင်းမှာရထားမမှီခဲ့လို့ပဲဖြစ်ပါတယ်။
Crd