နှစ်သန်းပေါင်း ၂၀၁.၃ ခန့်က Sauropod ဒိုင်နိုဆောတွေမှာ ပြင်းထန်တဲ့ ရောဂါများဖြစ်ပွားခဲ့တယ်လို့ဆို

နှစ်သန်းပေါင်း ၂၀၁.၃ ခန့်က Sauropod ဒိုင်နိုဆောတွေမှာ ပြင်းထန်တဲ့ ရောဂါများဖြစ်ပွားခဲ့တယ်လို့ဆို







Zawgyi

မကြာသေးမီကသုတေသီများဟာJurassicကာလလွန်ခဲ့တဲ့နှစ်သန်းပေါင်း၂၀၁.၃ခန့်ကနေထိုင်ကျက်စားခဲ့တဲ့Sauropodဒိုင်နိုဆောအမျိုးအစားတွေမှာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားခဲ့တဲ့ပထမဆုံးအထောက်အထားကိုမကြာသေးမီကရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“Dolly” လို့ အမည်ပြောင်ပေးထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမှာတော့ လည်ပင်းအရိုးတွေက လွဲမှားနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ကျောရိုးများဟာ တစ်ချိန်က အဆုတ်နှင့်ချိတ်ဆက်ထားတဲ့လေအိတ်များနှင့်တွဲခဲ့ပြီးsauropodရဲ့အသက်ရှူလမ်းကြောင်းစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

 

အရိုးများရဲ့ထူးခြားတဲ့ပုံပန်းသဏ္ဌာန်ကြည့်ခြင်းအားဖြင့်ဒိုင်နိုဆောတွေဟာအသက်၁၅နှစ်မှ၂၀နှစ်အထိသေဆုံးနိုင်ဖွယ်ရှိပါတယ်။ ထိုအချိန်တုန်းက ဒိုင်နိုဆောတွေဟာ လူတွေကို ကူးစက်နိုင်တဲ့ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားရဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ဝေတဲ့ Scientific Reports ဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။

 

အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါရှိတဲ့ ဒိုင်နိုဆောတစ်ကောင်ဟာ နှာချေခြင်း၊ ချောင်းဆိုးခြင်၊ခေါင်းကိုက်ခြင်း၊ အဖျားတက်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန်ကျတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါကလည်း တုပ်ကွေးနှင့် အဆုတ်အအေးမိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒိုင်နိုဆောရဲ့ ဦးခေါင်းခွံနှင့် လည်ပင်းတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတို့ကို ၁၉၉၀ ခုနှစ်က Bozeman၊ Montana အနီးမှာ တွေ့ရှိခဲ့ပါတယ်။

 

အဆိုပါ ရုပ်ကြွင်းတွေကိုအင်္ဂတေများဖြင့်ဖုံးအုပ်ပြီးပညာရှင်တွေကRockiesပြတိုက်သို့ယူဆောင်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ ရုပ်ကြွင်းတွေဟာ MOR 7029 လို့လူသိများခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြတိုက်ထဲမှာ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတာ်။

Crd