

ပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်နေတဲ့ နောက်ကွယ်က မဟာ အကြောင်းရင်ပြချက်ကြီး…..

ယူကရိန်းဟာ ရုရှားအတွက် Geopolitics အရ အလွန် အရေးပါတဲ့နိုင်ငံတစ်ခုပါ။ ဟိုးစစ်အေးခေတ်ကာလက အမေရိကန်ဦးဆောင်ပြီး၊ ဗြိတိန်၊ ပြင်သစ်၊ အနောက်ဂျာမဏီ စသည်ဖြင့် အနောက်ဥရောပနိုင်ငံတွေ ပါဝင်တဲ့ နေတိုး (NATO) အဖွဲ့နဲ့၊ ဆိုဗီယက်ယူနီယံ ဦးဆောင်ပြီး ပိုလန်၊ အရှေ့ဂျာမဏီ၊ ဟန်ဂေရီ စသည်ဖြင့် အရှေ့ဥရောပနိုင်ငံတွေပါဝင်တဲ့ ဝါဆောစာချုပ်အဖွဲ့ Warsaw Pact တို့ စစ်အင်အားတွေ အကြီးအကျယ် ပြိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ရုရှား၊ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘေလာရုစ်၊ လစ်သူဝေးနီးယား၊ ကာဇက်စတန် စသည်ဖြင့် နိုင်ငံပေါင်းများစွာ ထွက်ပေါ်လာတဲ့အခါ အဓိကဦးဆောင်သူဖြစ်တဲ့ ရုရှားဟာအတော်လေး အင်အားချိနဲ့သွားပြီး စစ်အေးကာလလည်း ပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ရုရှားဟာ Warsaw Pact အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ပိုလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယား စတဲ့ ကွန်မြူနစ် နိုင်ငံတွေကို ဆက်လက် လွှမ်းမိုး ထားနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီနိုင်ငံတွေမှာလည်း လူထုအုံကြွမှုတွေနဲ့အတူ ကွန်မြူနစ်အစိုးရတွေ ပြုတ်ကျသွားပြီးနောက်၊ မကြာခင်မှာပဲ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဖြစ်သွားပါတော့တယ်။ ဒါတင်မက မူလဆိုဗီယက်ယူနီယံနိုင်ငံတွေ ဖြစ်ကြတဲ့ လတ်ဗီးယား၊

အက်စ်တိုးနီးယား၊ လစ်သူဝေးနီးယား စတဲ့နိုင်ငံတွေလည်း နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ရုရှားရဲ့ဘေးပါတ်လည်မှာ နေတိုးနိုင်ငံတွေ ဝန်းရံလာပြီး ကြားခံအနေနဲ့ ဘေလာရုစ်၊ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့သာ ကျန်ရစ်ပါတော့တယ်။ ဘေလာရုစ်ရဲ့ လက်ရှိသမ္မတ လူကာရှန်ကိုဟာ ဥရောပရဲ့ နောက်ဆုံးတစ်ဦးတည်းကျန်တော့တဲ့ အာဏာရှင်တစ်ဦးပါ။ တစ်လောလေးကပဲ သူ့နိုင်ငံလေပိုင်နက်ကို ဖြတ်ပျံတဲ့ ခရီးသည်တင်လေယာဉ်ကို ကြားဖြတ်ပြန်ပေးဆွဲပြီး လေယာဉ်ပေါ်မှာပါတဲ့ သတင်းထောက်ကို ဖမ်းခဲ့တဲ့အတွက်

ဟိုးလေးတစ်ကျော်ဖြစ်ပြီး အတော်ဂရက်ရိုက်ခဲ့ပါသေးတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ ဒါဏ်ခတ်မှုတွေ ခံနေရပြီး လက်တလောမှာလည်း ရုရှားနျူကလီးယားလက်နက်တွေ ဘေလာရုစ်မှာ တပ်ဆင်ထားခွင့် ပြုမယ်ဆိုတာမျိုးထိ ကောလဟာလတွေ ထွက်နေပါတယ်။ ဒါကြောင့် ဘေလာရုစ်ကတော့ လက်ရှိ ရုရှားသြဇာခံလို့ပဲ ဆိုရပါမယ်။ ဂျော်ဂျီယာကိုတော့ ၂၀၀၈ ခုနှစ်မှာ ရုရှား ကျူးကျော်ခဲ့ပြီး ဒီအကြောင်းကို သေချာမသိပါဘူး။ သူ့သြဇာခံ အစိုးရနဲ့ အစားထိုးခဲ့တယ်လို့ပဲ အကြမ်းဖျဉ်း နားလည်ထားပါတယ်။ ယူကရိန်းမှာလည်း

အရင်က ရုရှားလိုလားသူ ယာနူကိုဗစ် သမ္မတဖြစ်နေခဲ့ပေမယ့်၊ EU အဖွဲ့ ဝင်ခွင့်ရတာကို လက်မှတ်မထိုးဘဲ ငြင်းပယ်ခဲ့တဲ့အတွက် လူထုအုံကြွမှုဖြစ်ပြီး ပြုတ်ကျခဲ့ပြီးနောက် သမ္မတ အပြောင်းအလဲတွေနဲ့အတူ အခုလက်ရှိသမ္မတကတော့ ဟာသရုပ်ရှင်မင်းသားဟောင်း ဇီလင်းစကီး ဖြစ်ပါတယ်။ သူ့လက်ထက်မှာ ယူကရိန်းဟာ EU အဖွဲ့ဝင်ဖြစ်လာဖို့နဲ့ နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့ အတော်နီးစပ်သွားခဲ့ပါတယ်။ ရုရှားအနေနဲ့ ပိုလန်အပါအဝင် Warsaw Pact အဖွဲ့ဝင်တွေ

နေတိုးအဖွဲ့ထဲပါသွားတာကို မလိုလားခဲ့သလို၊ ယူကရိန်း နေတိုးအဖွဲ့ဝင် ဖြစ်သွားမှာကိုလည်း လုံးဝမလိုလားပါဘူး။ သူ့ဘက်ကကြည့်ရင် နေတိုးက သူ့ကို တစ်ဖြည်းဖြည်း ပါတ်လည် ဝိုင်းလာယုံသာမက အနောက်ဘက် တံခါးဝထိ လာခေါက်နေသလို ဖြစ်သွားတော့မှာပါ။ ယူကရိန်းဟာ လက်ရှိ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့သူ မဟုတ်ပေမယ့်၊ မူလဆိုဗီယက်နိုင်ငံဖြစ်တဲ့အတွက် ဆိုဗီယက်ခေတ်

နျူကလီးယားနည်းပညာ ရှိနေပါသေးတယ်။ ဒါတင်မက ဆိုဗီယက်ခေတ်ကတည်းက တည်ဆောက်ထားတဲ့ ဥရောပကို တင်ပို့တဲ့ ရုရှားရေနံပိုက်လိုင်းတွေဟာ ယူကရိန်းနိုင်ငံကို ဖြတ်ကျော်တည်ရှိနေတာပါ။ ဒါတင်မကသေးပါဘူး၊ ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှုကို စိန်ခေါ်နိုင်လောက်အောင်ထိ ကြီးကျယ်တဲ့ ရေနံနဲ့ ဓာတ်ငွေ့သိုက်ကြီးတွေလည်း ယူကရိန်းမှာ တွေ့ထားပါသေးတယ်။ အဘက်ဘက်က ကြည့်လိုက်ရင် ယူကရိန်းမှာ ရုရှားလိုလားသူ အစိုးရဖြစ်နေသ၍ ပြဿနာမရှိပေမယ့်၊ အနောက်လိုလားသူ အစိုးရဖြစ်နေရင်တော့ ရုရှားအတွက်

အကြီးအကျယ် ပြဿနာကြီးပါ။ ဒါကြောင့်လည်း အခုလို ကျူးကျော်စစ် ဆင်နွှဲတဲ့အဆင့်ကို ရောက်ရှိသွားပါတော့တယ်။ လက်ရှိမှာ ရုရှားကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ယုံသာမက၊ ရုရှားဘဏ်အချို့ကို ဘဏ်အချင်းချင်း ဆက်သွယ်ရေး ကွန်ယက်ဖြစ်တဲ့ SWIFT ကနေဖယ်ထုတ်လိုက်ပါတယ်။ ဒါကြောင့် ရုရှားရူဘယ်စျေးတွေ ထိုးကျပြီး၊ ရုရှားစတော့မားကတ်ဆိုရင် လုံးဝပြုတ်ကျနေလို့ ခဏပါ

ပိတ်ထားရပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေမှာ နိုင်ငံတကာငွေပေးငွေယူလုပ်ရင် SWIFT code ထည့်ပေးရပါတယ် ရုရှားဘဏ်တစ်ခုရဲ့ စတော့ဆိုရင် သုညဖြစ်လုနီးပါးထိ ထိုးကျသွားပါတယ်။ ဘဏ်တွေပြိုလဲတော့မလို ဖြစ်နေပြီး ရုရှားစီးပွားရေးလည်း နောက်ဆက်တွဲအနေနဲ့ အကြီးအကျယ် ကျဆင်းမယ့် အလားအလာ ရှိနေပါတယ်။ တစ်ကယ်တော့ ရုရှားစီးပွားရေးတင် မကပါဘူး။ ရုရှားဟာ စစ်ရေးအရသာမက စီးပွားရေးအရပါ

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အတွက် သူ့ကို စီးပွားရေးပိတ်ဆို့တာဟာ နှစ်ဘက်သွားဓားလို ပိတ်ဆို့သူတွေဘက်မှာလည်း ပြန်လည်ထိခိုက်ပါတယ်။ ဥရောပရဲ့ အဓိက ရေနံနဲ့ ဓာတ်ငွေ့ဖြန့်ဖြူးသူဟာ ရုရှားဖြစ်တဲ့အတွက် ရေနံစျေးတွေ ဆက်ပြီးတော့တက်ပါတော့မယ်။ ဒုံးပျံထုတ်လုပ်ရာမှာ သုံးရတဲ့ ကုန်ကြမ်းအပါအဝင် ရုရှားပို့ကုန်ပေါ်မှာ မှီခိုနေရတဲ့ ကဏ္ဍတွေရှိပါတယ်။ ဒီကဏ္ဍတွေထိခိုက်ပါတော့မယ်။ စီးပွားရေးပိတ်ဆို့မှုမှာ

မပါတဲ့ကဏ္ဍတွေတောင်မှာ ဘဏ်ငွေပေးငွေယူကိစ္စတွေ အဆင်မပြေ အခက်အခဲ တွေ့ကြရတော့မှာ ဖြစ်ပါတယ်။ စစ်ရေး၊ စီးပွားရေး နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဘယ်လိုလာမလဲ၊ ဘယ်လောက်ပြင်းထန်မလဲဆိုတာ စောင့်ကြည့်ကြရပါဦးမယ်။ ရုရှားအနေနဲ့ ယူကရိန်းကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိဘူးလို့တော့ ဆိုပါတယ်။ ဒါဖြစ်နိုင်ပါတယ်။ သူ့သြဇာခံနိုင်ငံတစ်ခု နေတိုးနဲ့သူ့ကြားမှာ ကြားခံထားတာကသာ

ပိုအကျိုးရှိမှာပါ။ ဒါကြောင့် ရုရှားရဲ့ ဒီကျူးကျော်စစ်ဟာ နယ်မြေသိမ်းစစ်ပွဲဆိုတာထက် ဂျော်ဂျီယာမှာ လုပ်ခဲ့သလို သူ့သြဇာခံ အစိုးရ ပြန်တင်ရေးသာ ဖြစ်ဖို့များပါတယ်။ ရုရှားစစ်တပ်ဝင်လာလို့ အခြေအနေ မကောင်းဘူးထင်ရင် သမ္မတဇီလင်စကီး ထွက်ပြေးသွားမယ် ထင်ခဲ့ပေမယ့် အခုတော့ မပြေးဘဲ ပြန်ခံချနေလို့ သူအတွက် မှန်းချက်မကိုက် ဖြစ်နေပုံလည်း ရပါတယ်။ အခုဆိုရင် ရုရှားစစ်သားတွေ အဖမ်းခံရတဲ့ သတင်းတွေ

၊ နိုင်ငံတကာရဲ့ ယူကရိန်းကို ထောက်ခံပံ့ပိုးမှု သတင်းတွေ၊ ရုရှားစစ်တပ် အထိနာနေပြီဆိုတဲ့ သတင်းတွေ ဆက်တိုက်တွေ့နေကြရမှာပါ။ ဒါပေမယ့် ရုရှားဘက်က နျူးကလီးယား တပ်လှန့်ထားခြင်း အပါအဝင်၊ လိုချင်တာရဖို့အတွက် အဆုံးစွန်ထိ လိုအပ်ရင် မိုက်ရဲတယ်ဆိုတဲ့အခြေအနေထိ ဖြစ်နေတဲ့အတွက် အနောက်နိုင်ငံတွေက သူနဲ့ပြိုင် မိုက်ရဲပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ရုရှားသမ္မတ ပူတင်က

ရုရှားအမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ဝင်များနဲ့ အွန်လိုင်းဆွေးနွေးပွဲလုပ်ပြီး မိန့်ခွန်းပြောရာမှာ စစ်ဆင်ရေးစီစဉ်ထားသည့်အတိုင်း အောင်မြင်နေဟုဆိုသည်၊ ယူကရိန်းမှာ သေဆုံးသွားသည့်စစ်သားတွေကို တဦးလျင် ဒေါ်လာ ရ သောာင်းခန့်ပေးမည်ဟုလည်းဆိုသည်၊ (ရုရှားအဆိုအရ ယူကရိန်းမှာ ရုရှားစစ်သား ၅ ရာနီးပါးသေဆုံးပြီး ယူကရိန်းအဆိုအရ ရုရှားစစ်သား ၁ သောင်းနီးပါး သေဆုံးသည်) ပူတင်မိန့်ခွန်းပြောနေချိန်မှာ

ပုံမှန်မဟုတ်တာတွေ မြင်တွေ့ရသည်ဟု CNN နဲ့ နိုင်ငံတကာသတင်းဌာနကြီးတွေက ကောက်ချက်ချသည်။ စကားပြော ပြီးပြီဆိုပြီး မရပ်ပဲ ဆက်ပြောတာတွေလုပ်ခဲ့သလို တိုက်ရိုက်ထုတ်လွှင့်မှု ခေတ္တရပ်နေတာတွေရှိခဲ့သည်ဟုဆိုသည်။ ဆွီဒင်လေပိုင်နက်ကို ရုရှားတိုက်လေယာဉ် ၄ စီး ၀င်ရောက်လာလို့ မောင်းထုတ်ခဲ့ရကြောင်း ဆွီဒင်ကာကွယ်ရေးဝန်ကြိးဌာနက ပြောသလို ရုရှားသံအမတ်ကို ခေါ်ယူကန့်ကွက်ထားကြောင်း ဆွီဒင်

နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ အလားတူ ဂျပန်လေပိုင်နက်ထဲကို ရုရှားရဟတ်ယာဉ်ဝင်လာလို့ မောင်းထုတ်ခဲ့ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့အနေနဲ့ NATO အဖွဲ့ထဲ မဝင်ဘူးဆိုတာကို ကတိပေးဖို့ ပူတင်က တောင်းခံထားသည်ဟုဆိုသည်။ ဆွီဒင်နဲ့ ဖင်လန်ကို ယူကရိန်းလို ၀င်တိုက်မှာလားဆိုတဲ့ စိုးရိမ်မူတွေထွက်ပေါ်နေသည်။ စီးပွားရေး ပိတ်ဆို့ခြင်း၊ ယူကရိန်းကို

လက်နက်ပံ့ပိုးခြင်းတို့ထက် ပိုပြီးလုပ်နိုင်မယ် မထင်ပါဘူး။ ပူတင်အနေနဲ့လည်း သူ့အပေါ် အခုနောက်ပိုင်း လူထုထောက်ခံမှု ကျဆင်းလာလို့၊ ဒီစစ်ဆင်ရေးဟာ ရုရှားလူထုရဲ့ ထောက်ခံမှု ပြန်အားကောင်းလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါနေတယ်လို့ ဆိုကြပါတယ်။

သူ့အတွက် မဖြစ်မနေ လုပ်ရမယ်လို့ ပိုင်းဖြတ်ထားတဲ့ အရာတစ်ခု ဖြစ်နေတဲ့အတွက်၊ ထင်သလောက် မလွယ်လို့ အကုန်လုံး အထိနာကုန်ကြပေမယ့်၊ သူဖြစ်ချင်တာ မဖြစ်မချင်းတော့ လက်လျှော့မယ့်သဘောမှာ မရှိဘူးလို့ပဲ သုံးသပ်ရပါတယ်။

crd-Ei Maung

Crd