ပူတင်ကိုအကျပ်ရိုက်စေဖို့ အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းကို “kamikaze drones” တွေထောက်ပံ့ – Whats Today

ပူတင်ကိုအကျပ်ရိုက်စေဖို့ အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းကို “kamikaze drones” တွေထောက်ပံ့ – Whats Today

အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းကို “kamikaze drones” တွေထောက်ပံ့လိုက်တာဟာ ပူတင်ကိုအတော်အကျပ်ရိုက်စေမှာပါ။

ဒီ AeroVironment Inc. ထုတ် Switchblade drone မှာ 300 နဲ့ 600 ဆိုပြီး series နှစ်ခုရှိပါတယ်။

Switchblade 300 ကလူကိုအဓိကပစ်မှတ်ထားတာပါ။ ရုရှားဗိုလ်ချုပ်တွေ အပြင်ထွက်ပြီးအီအီးပါရခက်သွားပါမယ်။

Switchblade 600 ကတင့်ကားလိုမျိုးကိုအဓိကပစ်မှတ်ထားတာပါ။ ကီယက်ဗ်ကိုသိမ်းဖို့ချီတက်လာတဲ့ တင့်ကားတွေကို အဝေးကနေ အစီးလိုက်သံရည်ကြိုစက်ပို့နိုင်မှာပါ။

အခုအမေရိကန်ကပေးမှာက အစီး (၁၀၀) စပေးမှာဖြစ်ပြီး အဆင်ပြေရင်ထပ်ပေးအုံးမယ်လို့ဆိုပါတယ်။

အခုပေးမှာက Switchblade 300 လား၊ 600 လား၊ (၂) မျိုးလုံးပေးမှာလားမရှင်းပါ။

300 က ၅•၅ ပေါင်လေးပြီး ၆ မိုင်အထိသွားနိုင်ပါတယ်။ ၁၅ မိနစ်လေထဲမှာ ပျံသန်းနိုင်ပါတယ်။

600 က ပေါင် ၅၀ လေးပြီး ၂၅ မိုင်အထိသွားနိုင်ပါတယ်။ မိနစ် (၄၀) လေထဲမှာ ပျံသန်းနိုင်ပါတယ်။

အဲ့ဒီဒရုန်းတွေမှာ ကင်မရာရယ်၊ အာရုံခံ sensors နဲ့ GPS နည်းပညာသုံးပြီး ပစ်မှတ်ကိုရှာတိုက်ခိုက်တဲ့ စနစ်ပါပါတယ်။

သူက လေထဲရောက်ရင်အတောင်တွေပွင့်ထွက်လာလို့ Switchblade လို့ခေါ်တာပါ။ ကာမိကာဇဲလို့ခေါ်တာက ပစ်မှတ်ကိုတိုက်ခိုက်ပြီးရင် တခါတည်းပျက်စီးသွားလို့ပါ။

600 နဲ့ပတ်သက်လို့ ဗီဒီယိုဖိုင်ကို အောက်ပါ YouTube လင့်မှာကြည့်ပါ။


300 နဲ့ပတ်သက်လို့ ဗီဒီယိုဖိုင်ကို အောက်ပါ YouTube လင့်မှာကြည့်ပါ။


ဒီဒရုန်းတွေအပြင် ဘိုင်ဒန်ရဲ့ ဒေါ်လာ သန်း ၈၀၀ ပက်ကေ့မှာ ထပ်ပေးတဲ့ စတင်ဂါလေယဉ်ပစ်ဒုံးကျည် (၈၀၀) ရယ်၊ တင့်ကားဖျက်လက်နက် (၉၀၀၀) ရယ်၊ မရှင်းဂန်းတွေရယ်၊ လက်ပစ်ဗုံးလောချာတွေရယ်ပါပါသေးတယ်။

ယူကရိန်းကိုပေးတာက ကျူးကျော်စစ်ကိုရင်ဆိုင်နေရလို့ရယ်၊ ဒီမိုကရေစီအစိုးရဖြစ်နေလို့ရယ်၊ ခေါင်းဆောင်ကတော်လို့ရယ်၊ နေတိုးနိုင်ငံတွေကိုကာကွယ်နိုင်ဖို့ရယ် ပေးတာပါ။

အဓိကက ပူတင်ကိုဆော်ဖို့ ကြာပွတ်တပ်ပေးလိုက်တာပါ။

ယူကရိန်းက ၂၀၁၄ မှာ ဒီမိုကရေစီရအောင်လုပ်ပြပြီးပါပြီ။

ဒီနေရာမှာ ကျနော်သတင်းတင်တာက သွားရည်ကျဖို့မဟုတ်ပါ။ ဒါအရှင်းဆုံးပြောတာပါ။

အဓိကက Game changer အပြောင်းအလဲဖြစ်စေမယ့် ဒရုန်းတွေပါလာကြောင်းသတင်းရေးပေးတာပါ။

ဒီလိုလက်နက်တွေက လုပ်လို့မလွယ်ပါ။ သူ့မှာ GPS ရော အခြားတိကျတဲ့အာရုံခံစနစ်တွေပါပါတယ်။

ပိုလန်ကနေ MIG တိုက်လေယာဉ်တွေမရတော့ ရဟတ်ယာဉ် (၅) စီးပေးတယ်လို့ ကြားပါတယ်။

ထပ်ပြောပါမယ်။ ငယ်ငယ်က ကျနော့်အကိုပြောတာမယုံခဲ့ပါ။ အခုကြီးမှ သူမှန်မှန်းသိရပါတယ်။

ဘယ်နိုင်ငံကြီးပဲဖြစ်ဖြစ် တော်ရုံဝင်မကူပါ။ နိုင်တဲ့ဘက်ကို pressure နဲ့ ဖိပြီးကူပေးလေ့ရှိပါတယ်။

အမေရိကန်ရီဗော်လူးရှင်းမှာတောင်မှ အမေရိကန် ကွန်တီနန်တယ်တပ်သားတွေဘက်က အရေးပါတဲ့ပွဲတွေနိုင်ပြလိုက်တော့မှ ပြင်သစ်ဘုရင်က ကူညီဖို့ကတိပြုတာပါ။

ကမ္ဘာ့အရေးဟာဒီလိုပါပဲ။ အားလုံးဟာ ကိုယ့်နိုင်ငံအရေးအတွက် ကိုယ်လုပ်ကြတာပါ။

ကိုယ့်နိုင်ငံအရေးအတွက် မလုပ်တတ်ရင်၊ လုပ်ဖို့စေတနာမရှိရင် #ကမ္ဘာ့အလယ်မှာလူမဖြစ်ပါဘူး။

ဇလန်စကီးဟာ သူနဲ့ထိုက်တဲ့ဆုကိုသူရတာပါ။ အလုပ်လည်းကြိုးစားသလို ဘိုင်ဒန်ကိုလည်း နာမည်တပ်ပြီး ဒဲ့ပြောပါတယ်။

ဒီလက်နက်တွေရောက်လာရင် ရုရှားပိုအထိနာလာပါလိမ့်မယ်။

ဝက်ဝံကြီးမှာအခုတောင် လှံချက်တွေအတော်နာနေပါပြီ။ တဖြည်းဖြည်းနဲ့ အမေရိကန်က ဝက်ဝံကြီးကိုအရေဆုတ်နေတာပါ။

17-March-2022

Crd