ပြင်းထန်‌သော အအေးဒဏ်ကြောင့် ရှေ့ဆက်မတိုးနိုင်သည့် ရုရှားစစ်ယာဉ်တန်းမှတပ်ဖွဲ့ဝင်မျာ အေးခဲ‌သေဆုံးနိုင်ဖွယ်ရှိဟုဆို

ပြင်းထန်‌သော အအေးဒဏ်ကြောင့် ရှေ့ဆက်မတိုးနိုင်သည့် ရုရှားစစ်ယာဉ်တန်းမှတပ်ဖွဲ့ဝင်မျာ အေးခဲ‌သေဆုံးနိုင်ဖွယ်ရှိဟုဆို

ပြင်းထန်‌သော အအေးဒဏ်ကြောင့် ရှေ့ဆက်မတိုးနိုင်သည့် ရုရှားစစ်ယာဉ်တန်းမှတပ်ဖွဲ့ဝင်မျာ အေးခဲ‌သေဆုံးနိုင်ဖွယ်ရှိဟုဆို

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ဆင်ခြေဖုံးတွင် ရပ်တန့်ထားသည့် မိုင် ၄၀ ရှည်လျားသော တင့်ကားများနှင့် သံချပ်ကာယာဉ်များပေါ်ရှိ ရုရှားတပ်ဖွဲ့ဝင်များသည် ယခုသီတင်းပတ်အတွင်း အပူချိန်များကျဆင်းလာသောကြောင့် ၎င်းတို့၏ ယာဉ်များထဲတွင် အေးခဲသေဆုံးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

လက်ရှိ၌ အရှေ့ဥရောပတွင် သိသိသာသာအအေးလွန်ကဲလာပြီး ပြီးခဲ့သည့်သီတင်းပတ်အလယ်တွင် ကိဗ်နှင့် ခါကိဗ်မြို့တစ်ဝိုက်၌ ညအပူချိန် -၁၀အထိကျဆင်းခဲ့ပြီး ရေခဲမှတ်အောက်-၂၀ ဒီဂရီစင်တီဂရိတ်သို့ ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

ရေခဲနေသည့်အခြေအနေများကြောင့် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုပြဿနာများ၊ လောင်စာဆီထောက်ပံ့မှု ပြဿနာများနှင့် ယူကရိန်းတပ်ဖွဲ့၏ အားကောင်းသောခုခံမှုအကြားတွင် ကိဗ်မှ မိုင် ၂၀ ခန့်အကွာတွင် ရက်အတန်ကြာ ရှေ့ဆက်မတိုးနိုင်သည့် ကျူးကျော်သူများ၏ခက်ခဲသောအခြေအနေကို ပိုဆိုးစေမည်ဟု ယူဆရသည်။

ရုရှားတင့်ကားများသည် တန်ချိန် ၄၀ ရှိသော ရေခဲသေတ္တာများအဆင့်ထက်မပိုဟု မှတ်ချက်ပေးကာ ခါးသီးသောအခြေအနေများသည် အာတိတ်ပုံစံစစ်ပွဲအတွက် ပြင်ဆင်မထားသော တပ်ဖွဲ့များ၏ စိတ်ဓာတ်ကို ယိုယွင်းစေလိမ့်မည်ဟု ဗြိတိန်စစ်တပ်မှ ဗိုလ်မှူးဟောင်း ကီဗင်ပရိုက်စ်က ဆိုသည်။

တင့်ကားများမှာ စက်မနှိုးထားပါက ညဘက်တွင် ရေခဲသေတ္တာတစ်လုံးနှင့်သာတူကြောင်းနှင့် လောင်စာဆီရှားပါးမှုကြောင့် အချိန်ပြည့်စက်နှိုးထားရန်မတတ်နိုင်ကြောင်း ဘောလ်တစ်လုံခြုံရေးဖောင်ဒေးရှင်းမှ အကြီးတန်းကာကွယ်ရေးကျွမ်းကျင်သူ ဂလန်းဂရန့်ကပြောထားစဉ်အတွင်း မတ်လတွင် ယင်းကဲ့သို့ အပူချိန်လျော့ကျလာမှုနှင့်ရင်ဆိုင်ရမည့် ရုရှားစစ်သားများအတွက် မယုံနိုင်လောက်အောင် ခက်ခဲဖွယ်ရှိကြောင်း ပရိုက်စ်ကထုတ်ဖော်ပြောဆိုသည်။

ယင်းအပြင် ယာဉ်တန်းဆက်လက်ထွက်ခွာရန် လောင်စာဆီ အလျင်အမြန်မထောက်ပံ့ပေးနိုင်ပါက ရုရှားစစ်သားအများအပြားမှာ အေးခဲ‌သေဆုံးမှုမှရှောင်လွှဲရာ၌ အရှုံးပေးရနိုင်ကြောင်း ဂရန့်ကပြောသည်။

“အကယ်၍ ခင်ဗျားယာဉ်ထဲမှာရှိပြီး‌ သေဖို့စောင့်နေရရင် ခင်ဗျားထိုင်စောင့်မနေနိုင်ပါဘူး။ သူတို့မမိုက်မဲပါဘူး။”ဟု ၎င်းကဆိုသည်။သို့‌သော်လည်း အာတိတ်အပူချိန်ကျဆင်းမှုက စစ်ဘေးသင့်မြို့များမှ ရှောင်တိမ်းရန်ကြိုးစားနေသည့် ယူကရိန်းဒုက္ခသည်များကိုလည်း ဒုက္ခတွေ့စေမည်ဟုယူဆရသည်။

ထိုအတောအတွင်း ရုရှားအစိုးရအဝန်းအဝိုင်းအတွင်း ပူတင်၏ကျုးကျော်မှုအပေါ် တစ်ဦးချင်းဝေဖန်မှုများရှိနေကာ အထီးကျန်ပြီး အာဏာကြီးသည့်ရုရှားအနေနှင့် မြို့များကို အ‌သေးစားနျူကလီးယားလက်နက်များဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြင့် ယူကရိန်း၏ပြင်းထန်‌သောခုခံစစ်အပေါ် ဒေါသများကိုပုံချနိုင်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက သတိပေးထားသည်။

ယင်းအပြင် ကရင်မလင်အတွင်း၌လည်း သဘောထားကွဲလွဲမှုများရှိနေပြီး ပူတင်အနေနှင့် ယင်းကဲ့သို့စစ်ပွဲကိုဖန်တီးလိမ့်မည်ဟု မည်သူမှမယုံကြည်ခဲ့ကြကြောင်း အစိုးရအသိုင်းအဝိုင်းနှင့်အဆက်သွယ်ကောင်းများရှိခဲ့သည့် ရုရှားသတင်းထောက် ဖရီဒါရပ်စ်တာမိုဗာကနိုင်ငံထဲမှမထွက်ပြေးခင်ပြောခဲ့သည်။

လက်ရှိတွင် ရုရှားနိုင်ငံရေးအသိုင်းအဝိုင်းနှင့် ခရိုနီများအကြား ပူတင်၏လုပ်ရပ်အပေါ် စိတ်ပျက်နေကြပြီး တိုက်ပွဲများနှင့် ဒဏ်ခတ်ပိတ်ဆို့ခံရမှုများမှာ လာမည့်သီတင်းပတ်နှင့်လများအထိ ဆက်လက်ဖြစ်ပွားနေဦးမည်ဟု ခန့်မှန်းနေကြသည်။

“ဘယ်သူမှစိတ်ချမ်းသာမနေပါဘူး။ ဒါဟာအမှားကြီးလို့ အားလုံးကနားလည်ကြပေမယ့် သူတို့တာဝန်ကိုထမ်းဆောင်နေရင်းပဲ အလိုက်သင့်တဲ့ဖြေရှင်းချက်တွေထွက်လာတယ်။”ဟု အကျပ်အတည်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံရေးသမားများ၏တုံ့ပြန်မှုအပေါ် မေးမြန်းမှုကို သတင်းရင်းမြစ်တစ်ဦးက ရပ်စစ်တာမိုဗာကို ပြောသည်။

ယခု တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံသား ၁၂,၀၀၀ သေဆုံးခဲ့ကြောင်း ကိဗ်က ခန့်မှန်းထားပြီး ထိုအရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း အသေအပျောက်မှာ လွန်ခဲ့သည့်၁၃ ရက်က တိုက်ပွဲစတင်ရန် အမိန့်ပေးခဲ့သည့် ပူတင်မျှော်မှန်းထားသည်ထက်ပိုများနေသည်ဟု ခန့်မှန်းကြသည်။

ဖမ်းဆီးခံထားသော ရုရှားစစ်သုဉ့်ပန်းများက စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် စစ်ပွဲတစ်ခုလုံး၏အစီအစဉ်များအားနည်းမှုအပေါ် စောဒကတက်ခဲ့ကြပြီး လာမည့်ရက်များအတွင်း အခြေအနေများ ပိုမိုဆိုးရွားလာနိုင်သည်ဟုဆိုသည်။

အမေရိကန်ထောက်လှမ်းရေးအကြီးအကဲများက ပူတင်အား အင်္ဂါနေ့တွင် ‘ဒေါသကြီးသူ’ဟုတံဆိပ်ကပ်ကာ ကမ္ဘာလုံးဆိုင်ရာသြဇာလွှမ်းမိုးမှုကိုချုပ်ကိုင်နေသည့် အထီးကျန်ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏ယူကရိန်းကျူးကျော်မှု အစီအစဉ်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်ဟုဆိုသည်။

ယင်းအပြင် အဆိုးဆုံးအခြေအနေတွင် မြို့များ၌ နျူကလီးယား လက်နက်အ‌သေးစားများ တပ်ဖြန့်ချထားရန် အမိန့်ပေးနိုင်ကြောင်း အချို့ကလျှို့ဝှက်စွာဖွင့်ဟမှုများလည်းရှိသည်။

ယခုအခါ ပူတင်သည် အရပ်သားသေဆုံးမှုများကို ဂရုမစိုက်ဘဲ ယူကရိန်းစစ်တပ်ကို နှစ်ဆတိုးကာ ချေမှုန်းနိုင်ဖွယ်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဆိုင်ရာ ကွန်ဂရက်ကြားနာပွဲတစ်ခုတွင် CIA အမေရိကန်လွှတ်တော်အမတ်များအား ညွှန်ကြားရေးမှူးဝီလျံဘန်းစ် က ပြောကြားခဲ့သည်
Crd..The Standard Time Daily

Crd