ဖခင်ဖြစ်သူမှ အလုပ်ကအပြန် အရက်မူးလာတာကို မသိရှိပဲ အလုပ်ပင်ပန်းတယ်ထင်ပြီး သက်သာအောင် ရေနွေးဇလုံလေးယူကာ ဖခင်ရဲ့ခြေထောက်နှစ်ဖက်ကို ဇိမ်ပေးခဲ့သော သမီးငယ်လေး

ဖခင်ဖြစ်သူမှ အလုပ်ကအပြန် အရက်မူးလာတာကို မသိရှိပဲ အလုပ်ပင်ပန်းတယ်ထင်ပြီး သက်သာအောင် ရေနွေးဇလုံလေးယူကာ ဖခင်ရဲ့ခြေထောက်နှစ်ဖက်ကို ဇိမ်ပေးခဲ့သော သမီးငယ်လေး






Hlaing (Love Feeling)

Zawgyi

ဖခင်ဖြစ်သူမှ အလုပ်ကအပြန် အရက်မူးလာတာကို မသိရှိပဲ အလုပ်ပင်ပန်းတယ်ထင်ပြီး သက်သာအောင် ရေနွေးဇလုံလေးယူကာ ဖခင်ရဲ့ခြေထောက်နှစ်ဖက်ကို ဇိမ်ပေးခဲ့သော သမီးငယ်လေး

လောကကြီးရှိ မိသားစုဝင်အများစုမှာ နွေးထွေးသော ဆက်ဆံရေးရှိသလို မိဘတွေက သားသမီးတွေငယ်စဉ်ကနေ လူလားမြောက်သည်ထိ ပြုစုစောင့်ရှောက်ပေးခဲ့သလို သားသမီးတွေကလည်း မိဘများ မလုပ်နိုင်မကိုင်နိုင်ကြသည့်အခါ တဖန်ပြန်လည် ပြုစုပေးရန် လိုအပ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၆နှစ်အရွယ် ကလေးမလေးသည် အလုပ်ပင်ပန်းလာသော ဖခင်ဖြစ်သူကို ရေနွေးလေးနဲ့ ခြေထောက်နှစ်ဖက်အား စိမ်ပေးကာ ပင်ပန်းမှုကို သက်သာအောင် လုပ်ပေးခဲ့ခြင်းဖြင့် ဖခင်ဖြစ်သူခမျာ မျက်ရည်များစွာ ကျခဲ့ရသည်။

ဖခင်ဖြစ်သူမှာ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိတ်ဆုံစားပွဲတွင် သောက်စားပျော်ပါးခဲ့ရာ အိမ်ပြန်ရောက်ချိန်တွင် အရမ်းမူးနေခဲ့တာကြောင့် အခန်းထဲပင် မဝင်နိုင်တော့ပဲ အိမ်ရှေ့ခန်းက ထိုင်ခုံလေးပေါ်မှာသာ အိပ်ပျော်သွားခဲ့သည်။

ထိုအချိန်တွင် သမီးငယ်လေးသည် အသံကြားပြီး အိပ်နေရင်းက ထလာကာ ဖခင်ဖြစ်သူမှာ အလုပ်ပင်ပန်း၍အိပ်ပျော်နေသည်အထင်နဲ့ ရေနွေးဇလုံကို ယူလာပြီး ဖခင်ရဲ့ ခြေထောက်နှစ်ဖက်ကို စိမ်ပေးခဲ့ခြင်းဖြစ်သည်။

ကလေးမလေးသည် မိခင်ဖြစ်သူ မကွယ်လွန်ခင်က သူမနေမကောင်းဖြစ်ချိန်နဲ့ ဖခင်ဖြစ်သူ အလုပ်ပင်ပန်းလာသည့်အခါ ထိုသို့ပြုလုပ်ပေးခဲ့တာကို မြင်ယောင်ပြီး အရွယ်လေးနှင့်မလိုက်အောင် ဖခင်ဖြစ်သူကို ပြုစုပေးနေသောပုံရိပ်လေးသည် လူအများဧ။်ရင်ထဲကို နွေးထွေးစေခဲ့သည်။

Hlaing (Love Feeling)

Crd