မကျက်တကျက်ဝက်သားကို စားမိလို့ ဦးနှောက်ကိုစားတဲ့ သန်ကောင်များ ကူးစက်ခံရသူ

မကျက်တကျက်ဝက်သားကို စားမိလို့ ဦးနှောက်ကိုစားတဲ့ သန်ကောင်များ ကူးစက်ခံရသူ

အမေရိကန်ဖလော်ရီဒါပြည်နယ်Tampaမှာနေထိုင်သူုSamCorderoဟာမကျက်တကျက်ဝက်သားတွေကိုစားသုံးရတာမျိုးကိုအလွန်နှစ်ခြိုက်သူဖြစ်ပါတယ်။ ဒါပေမယ့် မျက်လုံးပိုင်းဆိုင်ရာ အဆင်မပြေလို့ ဒေါက်တာကို ပြသတဲ့အခါမှာတော့ သူ့မျက်လုံးထဲကနေ Taenia Solium လို့ခေါ်တဲ့ သန်ကောင်တစ်မျိုး ဖယ်ရှားနိုင်ခဲ့ပါတယ်။

TaeniaSoliumသန်ပြားကောင်ဟာဝက်သားတွေထဲမှာနေထိုင်ရှင်သန်တဲ့ကပ်ပါးကောင်တစ်မျိုးဖြစ်ပြီးလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားပါက ဦးနှောက်ဆီအထိ တိုးဝင်သွားရောက်ပြီးဦးနှောက်တွေကိုစားသောက်အသက်ရှင်နိုင်တဲ့သတ္တဝါဖြစ်ကြောင်းသိရပါတယ်ဆရာဝန်ကတော့ အခုလို ကုသမှုသာ မလုပ်နိုင်ရင် San ရဲ့ ဦးနှောက်ဟာ ဆွဇ်ဇာလန်မလိုင်ခဲပုံစံဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ကပ်ပါးကောင်တွေဟာ မကျက်တကျက် ချက်ထားတဲ့အသားတွေ၊သိုးပုပ်စပြုနေတဲ့အစားအစာတွေမှတစ်ဆင့်လူတွေရဲ့ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်ခိုလှုံနိုင်ပြီး၊ အူမကြီးထဲမှာ သွားလာလှည့်ပတ်နေနိုင်သူတွေပါ။ အခုလည်း အူလမ်းကြောင်းမှတစ်ဆင့် သွေးကြောအတွင်းကို ကျူးကျော်ဝင်ရောက်ပြီး၊ အပေါ်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ ယင်းသန်ုပြားကောင်ကို မျက်လုံးလောက်အရောက်မှာ ဖမ်းယူဖယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Perez EyeCenter မှDrDonPerezက”ဒီလိုဖယ်ထုတ်ဖို့ကအန္တရာယ်ရှိပါတယ်..ဒီအကောင်ဟာသွေးကြောတွေကနေတစ်ဆင့်ဦးနှောက်ဆီကိုတရွေ့ရွေ့ရောက်ရှိလာတာပါ … တကယ်လို့ ဒီကောင် မျက်လုံးထဲမှာ သေသွားရင် လူနာလည်း မျက်လုံးကန်းဖို့သာ ရှိပါတယ် “လို့ ပြောပါတယ်။ Taenia […]

crd

Crd