မင်္ဂလာမဆောင်ခင်ရှေ့ညက အပျော်လွန်ပြီး သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးခဲ့ရာ မနက်မင်္ဂလာပွဲကို နောက်ကျမှရောက်သွားချိန်တွင် သတို့သမီးလေးမှ အခြားတစ်ယောက်နဲ့ လက်ထပ်နေတာကို မြင်တွေ့ခဲ့ရသော သတို့သား

မင်္ဂလာမဆောင်ခင်ရှေ့ညက အပျော်လွန်ပြီး သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးခဲ့ရာ မနက်မင်္ဂလာပွဲကို နောက်ကျမှရောက်သွားချိန်တွင် သတို့သမီးလေးမှ အခြားတစ်ယောက်နဲ့ လက်ထပ်နေတာကို မြင်တွေ့ခဲ့ရသော သတို့သား

အိန္ဒိယနိုင်ငံ Haryanaပြည်နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် တစ်ခြားရွာက ကောင်မလေးနဲ့ မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့ရာ အပျော်လွန်ပြီးတော့ သူငယ်ချင်းတွေနဲ့ တစ်ညလုံးပါတီပွဲကျင်းပပြီး သောက်စားပျော်ပါးခဲ့သည်။

အမျိုးသားသည် မနက်၁နာရီအချိန်မှာ မင်္ဂလာပွဲကျင်းပရမှာဖြစ်သော်လည်း သောက်စားပျော်ပါးတာကိုမလျှော့ခဲ့၍ မင်္ဂလာပွဲသို့ မနက်၅နာရီမှသာ ရောက်သွားချိန်တွင် သတို့သမီးဖြစ်သူသည် အခြားအမျိုးသားတစ်ယောက်နဲ့ ပျော်ပျော်ပါးပါး မင်္ဂလာပွဲကျင်းပနေတာကို မြင်တွေ့ခဲ့ရသည်။

သတို့သမီးလေးသည် အစပိုင်းတွင် သတို့သားကို စောင့်မျှော်နေခဲ့ပေမယ့် အချိန်တော်ကြာထိ မလာနိုင်တာကြောင့် အရေးကြီးတဲ့နေ့ကိုပင် အလေးအနက်မထားခဲ့သည့်အတွက် သတို့သားအား စိတ်နာပြီး အခြားမိဘသဘောတူသော အမျိုးသားနဲ့ လက်ထပ်ဖို့ရွေးချယ်ခဲ့လိုက်ရခြင်းဖြစ်သည်။

Rain (For Ialinks)

Unicode





Rain (For Ialinks)

Crd