မင်္ဂလာဆောင်ပြီး၍ ဇနီးဖြစ်သူအိမ်နောက် လိုက်နေရမည်ဖြစ်ကာ မိသားစုနဲ့ ခွဲရချိန်တွင် ဝမ်းနည်းကြေကွဲကြီးစွာ ငိုနေခဲ့သော သတို့သား

မင်္ဂလာဆောင်ပြီး၍ ဇနီးဖြစ်သူအိမ်နောက် လိုက်နေရမည်ဖြစ်ကာ မိသားစုနဲ့ ခွဲရချိန်တွင် ဝမ်းနည်းကြေကွဲကြီးစွာ ငိုနေခဲ့သော သတို့သား

များသောအားဖြင့် မင်္ဂလာဆောင်ပြီးသည်နှင့် သတို့သမီးများသည် ခင်ပွန်းဖြစ်သူအိမ်သို့ လိုက်ပါနေကြရပြီး မိသားစုနဲ့ ဝမ်းနည်းစွာ နှုတ်ဆက်သည့် အခိုက်အတန့်လေးကို မြင်ဖူးကြမည်ဟု ထင်မိသည်။

သို့သော်လည်း တရုတ်နိုင်ငံ Guizhouပြည်နယ်တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲတွင် သတို့သားဖြစ်သူမှ ငွေကြေးအဆင်မပြေသည့်အတွက် ချမ်းသာသော သတို့သမီးရဲ့ အိမ်နောက်သာ လိုက်နေရန် စီစဥ်ထားခဲ့သည်။

သတို့သားဖြစ်သူသည် မောင်နှမ လေးယောက်ရှိပြီး တတိယမြောက်သားဖြစ်ရာ အစ်ကိုအကြီးဆုံးနှစ်ယောက်ကလည်း ငွေကြေးမရှိတာကြောင့် သင့်တော်သည့် အိမ်ထောင်ဖက်နှင့် မတွေ့ဆုံရပဲ လူပျိုကြီးတွေဖြစ်နေခဲ့သည်။

ကံကောင်းစွာပဲ ကောင်လေးသည် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း ပိုင်ရှင်သူဌေးရဲ့သမီးဖြစ်သူမှ မြင်မြင်ချင်း ချစ်ကြိုက်မိသွား၍ လက်ထပ်ရန်အဆိုပြုခဲ့ရာ ကောင်လေးလည်း သူ့မိသားစုရဲ့မပြည့်စုံမှုကို စဥ်းစားပြီး မင်္ဂလာပွဲကို လက်ခံခဲ့သည်။

မင်္ဂလာပွဲအပြီးတွင် သတို့သမီးဖြစ်သူမှ ကောင်လေးအား သူမအိမ်သို့ခေါ်ပြန်သည့်အခါ မိသားစုနှင့်ခွဲခွာသွားရတာကြောင့် ရှိုက်ကြီးတငင် ငိုခဲ့သောအဖြစ်အပျက်လေးသည် မြင်တွေ့သူအားလုံးကို စိတ်မကောင်းဖြစ်စေခဲ့သည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Crd