မင်္ဂလာဆောင်မှာ သတို့သမီး သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကြောင့် ကွာရှင်းပြတ်စဲခဲ့ကြတဲ့ အတွဲ

မင်္ဂလာဆောင်မှာ သတို့သမီး သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကြောင့် ကွာရှင်းပြတ်စဲခဲ့ကြတဲ့ အတွဲ

ဒါကြောင့် သူတို့ဟာ အတိုဆုံး အိမ်ထောင်ရေးအဖြစ်

အမျိုးသားတစ်ဦးဟာသတို့သမီးဖြစ်သူကမင်္ဂလာဆောင်မှာသီချင်းတစ်ပုဒ်ဆိုခဲ့ပြီးကပြဖျော်ဖြေခဲ့တာကြောင့်မိသားစုအချင်းများမှုဖြစ်ပွားကာကွာရှင်းပြတ်စဲခဲ့ကြောင်းသိရှိရပါတယ်ဘဂ္ဂဒက်မှာကျင်းပတဲ့ဒီမင်္ဂလာဆောင်အခမ်းအနားမှာအငြင်းအခုံဖြစ်ပြီးနောက်အတိုဆုံးအိမ်ထောင်ရေးအဖြစ်စံချိန်သစ်တင်လိုက်တာပဲဖြစ်ပါတယ်ဒေသဆိုင်ရာသတင်းများအရအမျိုးသမီးဟာLamisKanသီဆိုထားတဲ့ဆီးရီးယားသီချင်း Mesaytara ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

သီချင်းခေါင်းစဉ်ကို ဘာသာပြန်လိုက်ရင်တော့ ” ငါကလွှမ်းမိုးနိုင်သူ ” ဒါမှမဟုတ် ” ငါမင်းကို ထိန်းချုပ်မယ် ” ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ သီချင်းရဲ့စာသား အစက‌တော့ “ငါက လွှမ်းမိုးနိုင်သူ၊ ငါ့ရဲ့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေအောက်မှာ မင်းကို အုပ်ချုပ်မယ်၊ လမ်းပေါ်မှာ တခြားကောင်မလေးတွေကို မင်းကြည့်ရင် ငါ မင်းကို အရူးဖြစ်အောင်လုပ်မယ်။ ဟုတ်တယ်၊ ငါက ကြီးစိုးတယ်၊မင်းကငါ့သကြားတစ်ခြမ်းပဲ၊ မင်း ငါနဲ့ ရှိနေသရွေ့ မင်း ငါ့အမိန့်အတိုင်း လိုက်နာရလိမ့်မယ်။” ဆိုပြီးဖြစ်ပါတယ်။

သတို့သမီးဟာသီချင်းဆိုရင်းကပြဖျော်ဖြေကာမင်္ဂလာပွဲအားပျော်မွေ့နေခဲ့သည်ဟုသတင်းရ‌ပေမယ့်လည်းသတို့သားရဲ့မိသားစုမှာအထင်ကြီးခြင်းမရှိဘဲ မိသားစုနှစ်ခုကြားတွင် ကြီးမားသောအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီသီချင်းကြောင့် ပြီးခဲ့တဲ့နှစ်မှာတုန်းက ဂျော်ဒန်မှာ ကွာရှင်းမှုတစ်ခုရှိခဲ့ပါတယ်။

Zawgyi

ဒါေၾကာင့္ သူတို႔ဟာ အတိုဆုံး အိမ္ေထာင္ေရးအျဖစ္

အမ်ိဳးသားတစ္ဦးဟာသတို႔သမီးျဖစ္သူကမဂၤလာေဆာင္မွာသီခ်င္းတစ္ပုဒ္ဆိုခဲ့ၿပီးကျပေဖ်ာ္ေျဖခဲ့တာေၾကာင့္မိသားစုအခ်င္းမ်ားမႈျဖစ္ပြားကာကြာရွင္းျပတ္စဲခဲ့ေၾကာင္းသိရွိရပါတယ္ဘဂၢဒက္မွာက်င္းပတဲ့ဒီမဂၤလာေဆာင္အခမ္းအနားမွာအျငင္းအခုံျဖစ္ၿပီးေနာက္ အတိုဆုံးအိမ္ေထာင္ေရးအျဖစ္ စံခ်ိန္သစ္တင္လိုက္တာပဲ ျဖစ္ပါတယ္။ ေဒသဆိုင္ရာသတင္းမ်ားအရ အမ်ိဳးသမီးဟာ Lamis Kanသီဆိုထားတဲ့ ဆီးရီးယားသီခ်င္း Mesaytara ကိုေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

သီခ်င္းေခါင္းစဥ္ကို ဘာသာျပန္လိုက္ရင္ေတာ့ ” ငါကလႊမ္းမိုးႏိုင္သူ ” ဒါမွမဟုတ္ ” ငါမင္းကို ထိန္းခ်ဳပ္မယ္ ” ဆိုတဲ့အဓိပၸာယ္ရွိပါတယ္။ သီခ်င္းရဲ႕စာသား အစက‌ေတာ့ “ငါက လႊမ္းမိုးႏိုင္သူ၊ ငါ့ရဲ႕ တင္းက်ပ္တဲ့ ၫႊန္ၾကားခ်က္ေတြေအာက္မွာမင္းကိုအုပ္ခ်ဳပ္မယ္လမ္းေပၚမွာ တျခားေကာင္မေလးေတြကို မင္းၾကည့္ရင္ငါမင္းကိုအ႐ူးျဖစ္ေအာင္လုပ္မယ္ဟုတ္တယ္ငါကႀကီးစိုးတယ္မင္းကငါ့သၾကားတစ္ျခမ္းပဲ၊ မင္း ငါနဲ႔ ရွိေနသေ႐ြ႕ မင္း ငါ့အမိန႔္အတိုင္း လိုက္နာရလိမ့္မယ္။” ဆိုၿပီးျဖစ္ပါတယ္။

သတို႔သမီးဟာသီခ်င္းဆိုရင္းကျပေဖ်ာ္ေျဖကာမဂၤလာပြဲအားေပ်ာ္ေမြ႕ေနခဲ့သည္ဟုသတင္းရ‌ေပမယ့္လည္းသတို႔သားရဲ႕မိသားစုမွာ အထင္ႀကီးျခင္းမရွိဘဲ မိသားစုႏွစ္ခုၾကားတြင္ ႀကီးမားေသာအျငင္းပြားမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ဒီလိုျဖစ္ရတာဟာ ဒါပထမဆုံးအႀကိမ္မဟုတ္ပါဘူး။ ဒီသီခ်င္းေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္မွာတုန္းက ေဂ်ာ္ဒန္မွာ ကြာရွင္းမႈတစ္ခုရွိခဲ့ပါတယ္။

Crd