မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့ ရွှေဒင်္ဂါးပြားများ (၄၅၅) ကျပ်သားအထိ ရောင်းချပေးထား







Post Views:
1,071

မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်တဲ့ ရွှေဒင်္ဂါးပြားများ (၄၅၅) ကျပ်သားအထိ ရောင်းချပေးထား..

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွှေဒင်္ဂါးအလေးချိန် (၄၅၅ ဒသမ ၇၅) ကျပ်သား ရောင်းချထားပြီးဖြစ်ကြောင်း စကစရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိတွင် နေပြည်​တော်၌သာ ​ရွှေဒင်္ဂါးပြားများကို ​ရောင်းချ​နေ​သော်လည်း ရန်ကုန်၊ မန္တ​လေး အစရှိသည့် မြို့ကြီးများတွင်လည်း ​​ရောင်းချရန် အစီအစဉ်ရှိ​ကြောင်းလည်း ပြောကြားထားသည်။

ဇော်မင်းထွန်းက “ရောင်းချပေးတဲ့ ပုံစံက နိုင်ငံသားစိစစ်ရေးကတ်ပြားပြပြီး ရွှေဒင်္ဂါးတစ်ပြားကို တစ်ကြိမ်နဲ့ လက်ငင်းငွေသားပေးချေ ရောင်းချတာ ဖြစ်ပါတယ်။ နေပြည်တော်မှာပဲ ရောင်းချဖို့ ရှိပါတယ်။ ကျန်တဲ့နေရာတွေမှာ ရောင်းချဖို့ လက်တလော အစီအစဉ်မရှိသေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ရွှေဒင်္ဂါးပြားတွေရဲ့ ဈေးနှုန်းကိုတော့ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားတွေကို တစ်ကျပ်သားနှုန်း ၂၉ သိန်း ၅ သောင်းနဲ့ စတင်ရောင်းချခဲ့ပြီး ၁၃ ရက်နေ့အထိ ကျပ် ၂၈ သိန်း ၅ သောင်း၊ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကျပ်၂၈ သိန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။

ရွှေဒင်္ဂါးပြားများကို လွတ်လွတ်လပ်လပ် ရောင်းချပေးမယ် အစီအစဉ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနအောက် သတ္တုတွင်းတွေ ရွှေလုပ်ကွက်‌တွေကနေ ရရှိတဲ့အခွန်တွေကနေပဲ လုပ်ဆောင်တာဖြစ်လို့ လက်ရှိကြုံနေရတဲ့ ‌ရွှေစျေးတက်တာတွေကို ထိန်းနိုင်ဖို့မျှော်လင့်ထားတယ်လို့ အဆိုပါ အစီအစဉ် စတင်ချိန်က စကစ က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဗဟိုဘဏ်က ၁၉၉၁ ခုနှစ်ကတည်းကစပြီး တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားစတဲ့ ရွှေဒင်္ဂါးတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။

Crd




Crd