မိဘႏွစ္ပါးဆုံးပါးသြားသည့္တိုင္ အိမ္ေကာင္းေကာင္းေလးတစ္လုံးေဆာက္ေပးမည္ဆိုၿပီး စိတ္ကူးထားသည့္အိမ္မက္ကို စည္းလုံးညီညာစြာျဖင့္ အေကာင္အထည္ေဖာ္ခဲ့ေသာ ေမာင္ႏွမ ၉ေယာက္

မိဘႏွစ္ပါးဆုံးပါးသြားသည့္တိုင္ အိမ္ေကာင္းေကာင္းေလးတစ္လုံးေဆာက္ေပးမည္ဆိုၿပီး စိတ္ကူးထားသည့္အိမ္မက္ကို စည္းလုံးညီညာစြာျဖင့္ အေကာင္အထည္ေဖာ္ခဲ့ေသာ ေမာင္ႏွမ ၉ေယာက္
မိဘႏွစ္ပါးဆုံးပါးသြားသည့္တိုင္ အိမ္ေကာင္းေကာင္းေလးတစ္လုံးေဆာက္ေပးမည္ဆိုၿပီး စိတ္ကူးထားသည့္အိမ္မက္ကို စည္းလုံးညီညာစြာျဖင့္ အေကာင္အထည္ေဖာ္ခဲ့ေသာ ေမာင္ႏွမ ၉ေယာက္

ဖိလစ္ပိုင္ႏိုင္ငံမွ ေမြးခ်င္းေမာင္ႏွမ ၉ေယာက္သည္ သူတို႔ေလးေတြမွာ မိဘႏွစ္ပါးလုံး မရွိၾကေတာ့ေပမယ့္ မတည့္မရႈတာ ရန္ျဖစ္တာမ်ိဳးမရွိပဲ အကုန္လုံးက စိတ္တူကိုယ္တူနဲ႔ စည္းလုံးညီၫြတ္ၾကကာ အမ်ားမွ သားသမီးလိမၼာေလးေတြအျဖစ္ ခ်ီးမြမ္းခဲ့ၾကသည္။

မိဘႏွစ္ပါးမွ တဲစုတ္ေလးမွာ ေနထိုင္ၿပီး လက္လုပ္လက္စားဘဝႏွင့္ ေမာင္ႏွမ ၉ေယာက္လုံးကို ပညာတတ္ႀကီးျဖစ္လာေအာင္ တတ္ႏိုင္သေလာက္ ေထာက္ပံ့ေပးခဲ့ျခင္းျဖင့္ သူတို႔ေလးေတြကလည္း ကိုယ့္မိသားစုဘဝအေျခအေနကို နားလည္ၿပီး သူမ်ားေတြထက္ႏွစ္ဆေလာက္ကို ပိုႀကိဳးစားခဲ့ၾကသည္။

အိမ္စုတ္ေလးသည္ က်ဥ္းလြန္းသည့္အတြက္ ငယ္စဥ္က ေနရထိုင္ရတာ အဆင္ေျပခဲ့ေသာ္လည္း အ႐ြယ္ေရာက္လာေသာအခါ ဘယ္လိုမွ အဆင္မေျပေတာ့တာေၾကာင့္ သူမ်ားအိမ္ေတြမွာ အလုပ္လုပ္ေပးရင္း ေနခဲ့ရင္း အေျပာအဆိုခံ အႏွိမ္ခံရသည့္အျပင္ ေမာင္းထုတ္ျခင္းေတြကိုလည္း ခံခဲ့ရသည့္ၾကားက ႀကိဳးစားၿပီး ႐ုန္းထြက္လာႏိုင္ခဲ့ျခင္းသည္ အင္မတန္မွ ေလးစားဖြယ္ရာ ေကာင္းလွသည္။

ေမာင္ႏွမ၉ေယာက္လုံးသည္ ေက်းဇူးသိတတ္စြာျဖင့္ ဘြဲ႕ရၿပီးေနာက္ အလုပ္ကိုယ္စီရရွိခဲ့ရာ မိဘႏွစ္ပါးကို ဇိမ္ခံတိုက္အိမ္ႀကီးအား ေဆာက္လုပ္ေပးခဲ့ရာ တစ္ဝက္ေလာက္ၿပီးစီးခ်ိန္မွာပဲ ဆုံးပါးသြားကုန္ရာ အိမ္ေကာင္းေကာင္းနဲ႔ ေနခြင့္မရလိုက္ျခင္းျဖင့္ စိတ္မေကာင္းျဖစ္ခဲ့ၾကေသာ္လည္း မိဘႏွစ္ပါးအစား ဘိုးဘြားရိပ္သာသို႔ သြားေရာက္ၿပီး လိုအပ္တာမွန္သမွ် လႉဒါန္းခဲ့ၾကသည္။


1.


2.

Rain (For Ialinks)

Unicode

မိဘနှစ်ပါးဆုံးပါးသွားသည့်တိုင် အိမ်ကောင်းကောင်းလေးတစ်လုံးဆောက်ပေးမည်ဆိုပြီး စိတ်ကူးထားသည့်အိမ်မက်ကို စည်းလုံးညီညာစွာဖြင့် အကောင်အထည်ဖော်ခဲ့သော မောင်နှမ ၉ယောက်

ဖိလစ်ပိုင်နိုင်ငံမှ မွေးချင်းမောင်နှမ ၉ယောက်သည် သူတို့လေးတွေမှာ မိဘနှစ်ပါးလုံး မရှိကြတော့ပေမယ့် မတည့်မရှုတာ ရန်ဖြစ်တာမျိုးမရှိပဲ အကုန်လုံးက စိတ်တူကိုယ်တူနဲ့ စည်းလုံးညီညွတ်ကြကာ အများမှ သားသမီးလိမ္မာလေးတွေအဖြစ် ချီးမွမ်းခဲ့ကြသည်။

မိဘနှစ်ပါးမှ တဲစုတ်လေးမှာ နေထိုင်ပြီး လက်လုပ်လက်စားဘဝနှင့် မောင်နှမ ၉ယောက်လုံးကို ပညာတတ်ကြီးဖြစ်လာအောင် တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့ခြင်းဖြင့် သူတို့လေးတွေကလည်း ကိုယ့်မိသားစုဘဝအခြေအနေကို နားလည်ပြီး သူများတွေထက်နှစ်ဆလောက်ကို ပိုကြိုးစားခဲ့ကြသည်။

အိမ်စုတ်လေးသည် ကျဉ်းလွန်းသည့်အတွက် ငယ်စဉ်က နေရထိုင်ရတာ အဆင်ပြေခဲ့သော်လည်း အရွယ်ရောက်လာသောအခါ ဘယ်လိုမှ အဆင်မပြေတော့တာကြောင့် သူများအိမ်တွေမှာ အလုပ်လုပ်ပေးရင်း နေခဲ့ရင်း အပြောအဆိုခံ အနှိမ်ခံရသည့်အပြင် မောင်းထုတ်ခြင်းတွေကိုလည်း ခံခဲ့ရသည့်ကြားက ကြိုးစားပြီး ရုန်းထွက်လာနိုင်ခဲ့ခြင်းသည် အင်မတန်မှ လေးစားဖွယ်ရာ ကောင်းလှသည်။

မောင်နှမ၉ယောက်လုံးသည် ကျေးဇူးသိတတ်စွာဖြင့် ဘွဲ့ရပြီးနောက် အလုပ်ကိုယ်စီရရှိခဲ့ရာ မိဘနှစ်ပါးကို ဇိမ်ခံတိုက်အိမ်ကြီးအား ဆောက်လုပ်ပေးခဲ့ရာ တစ်ဝက်လောက်ပြီးစီးချိန်မှာပဲ ဆုံးပါးသွားကုန်ရာ အိမ်ကောင်းကောင်းနဲ့ နေခွင့်မရလိုက်ခြင်းဖြင့် စိတ်မကောင်းဖြစ်ခဲ့ကြသော်လည်း မိဘနှစ်ပါးအစား ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး လိုအပ်တာမှန်သမျှ လှူဒါန်းခဲ့ကြသည်။


3.

Hlaing (Love Feeling)

crd

Crd