ဗီယက်နမ်နိုင်ငံ ပင်လယ်ကမ်းခြေတွင် နေထိုင်သော မိခင်တစ်ဦးသည် စားဝတ်နေရေးအတွက် လှေတစ်စီးပေါ်မှာ သစ်သီးဝလံမျိုးစုံ တင်ဆောင်ကာ ပင်လယ်ထဲမှာ စျေးလိုက်ရောင်းခဲ့သည်။
မိခင်ဖြစ်သူသည် မုန်တိုင်းထန်သောနေ့များတွင်လည်း အိမ်မှာအနားမယူပဲ လှေလေးနဲ့ ခရီးသွားများကို သစ်သီးလေးတွေ လိုက်ရောင်းခဲ့ရာ တစ်ကိုယ်လုံးလည်း မိုးတွေစိုရွဲရွဲနဲ့ သနားစာနာမိစရာကောင်းလှသည်။
မိုးသက်လေပြင်းကျချိန်တွင် အခြားသော စျေးသည်များသည် စျေးရောင်းမထွက်ကြ၍ သူမတစ်ဦးတည်းဖြစ်ချိန် ရောင်းကောင်းသည့်အတွက် မိုးရွာနေသော်လည်း ဂရုမစိုက်အားပဲ သားသမီးတွေရဲ့ ကျောင်းစရိတ်အတွက် စျေးရောင်းရဖို့အတွက်သာ အားထုတ်နေခဲ့သည်မှာ လေးစားဖွယ်ကောင်းလှသည်။
Rain (For Ialinks)
Unicode
Rain (For Ialinks)