မီးရှူးမီးပန်းသံကြောင့် ခွေးလေး မလန့်စေရန် နားရွက်များကို လက်ဖြင့် ဖုံးအုပ်ထားပေးလိုက်တဲ့ ကလေးမလေးရဲ့ ချစ်စဖွယ်အပြုအမှု

မီးရှူးမီးပန်းသံကြောင့် ခွေးလေး မလန့်စေရန် နားရွက်များကို လက်ဖြင့် ဖုံးအုပ်ထားပေးလိုက်တဲ့ ကလေးမလေးရဲ့ ချစ်စဖွယ်အပြုအမှု

ခွေးများနဲ့ ကြောင်များက ကျယ်လောင်တဲ့ဆူညံသံများနဲ့ မီးရှူးမီးပန်းများကို ကြောက်ကြတာပါ ။ မကြာသေးမီက တစ်နေရာရာမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲသံကို ကြားတဲ့အခါ ခွေးကလေး လန့်သွားမှာစိုးလို့ အနားမှာရပ်ပြီး လက်ဖြင့် ခွေးရဲ့နားရွက်ကို ဖုံးအုပ်လိုက်တဲ့ ကလေးမလေးတစ်ဦးရဲ့ အလွန်ချစ်စရာကောင်းတဲ့ ဗီဒီယိုက အင်တာနက်သုံးစွဲသူများကို ကြည်နူးစေခဲ့ပါတယ် ။ ဒီကလေးလေးရဲ့ အပြုအမူက အရမ်းချစ်စရာကောင်းတာကြောင့် လူတော်တော်များများကို ရင်ခုန်စေခဲ့ပါတယ် ။

ဒီချစ်စရာကောင်းတဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာ မျှဝေလိုက်တာနဲ့ ကမ္ဘာပေါ်က ချစ်စရာအကောင်းဆုံး ဗီဒီယိုနဲ့ ချစ်စဖွယ်ကောင်းမှုတွေကို ဖော်ပြတဲ့ ဗီဒီယိုလေးဘဲဆိုပြီး မှတ်ချက်များစွာကို ရရှိခဲ့ပါတယ် ။ ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေးဟာ တိရိစ္ဆာန်လေးတွေကို ချစ်တတ်ပြီး ဂရုစိုက်တတ်တဲ့ ကလေးလေးလို့ ဆိုနိုင်ပါတယ် ။

JRose (KB Chimmy one)

Reference : bestie

Zawgyi



JRose (KB Chimmy one)

Crd