

ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတတ်တဲ့ မီးပွိုင့်မှာ မီးဝါနေရင် ဆက်မောင်းလို့ရလားဆိုတာ ဗဟုသုတဖြစ်ဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မီးပွိုင့်ကမီးဝါနေတဲ့အချိန်ယာဉ်ဖြတ်သန်းမောင်းနှင်လို့ ရ/မရ ဆိုတာ ယာဉ်မောင်းသူတိုင်းဒွိဟဖြစ်နေတတ်တဲ့ကိစ္စလေးတစ်ခုဖြစ်ပါတယ်။ မီးဝါဖြတ်လို့ ချလန်ဖြတ်ခံရတာဘာညာဆိုတာတွေလည်းကြားဖူးကြမှာမို့ ဒီမီးဝါလေးအကြောင်းရှင်းပြချင်ပါတယ်။ မီးနီရင်တော့“ရပ်” မီးစိမ်းရင်တော့“မောင်း”ဒါကတော့ရှင်းပါတယ်။မီးစိမ်းလို့မောင်းလာတုန်း

မီးမနီခင် မီးဝါပါတယ်(သုံးစက္ကန့်လောက်ပေါ့)။ စိမ်းလို့ မောင်းလာနေတုန်း မီးဝါခဲ့ရင်(မီးဝါနေတာကိုသိသိကြီးနဲ့မောင်းတာမျိုးမဟုတ်ဘူးနော်။စိမ်းနေတာကိုပုံမှန်မောင်းလာရင်းမီးကဝါသွားတာကိုပြောတာ)သင့်ရဲ့ကား သို့မဟုတ် ဆိုင်ကယ်ဟာ မီးပွိုင့်ရဲ့ ရပ်မျဉ်းမရောက်ခင်ဆိုရင်မဖြစ်မနေရပ်ပါ။ စိမ်းလို့ ပုံမှန်မောင်းလာလိုက်တာရပ်မျဉ်းကျော်တဲ့အချိန်ရောက်မှမီးကဝါသွားတယ်။

ခဏနေတော့ နီသွားတယ်ဆိုရင်တော့ဆက်မောင်းလို့ရပါတယ်။သိသိကြီး နဲ့ဖြတ်မောင်းသွားခြင်းမျိုးမဟုတ်ဘဲပုံမှန်မောင်းနေရင်း မီးဝါပြောင်းလဲသွားခြင်းမျိုးကိုဆိုလိုတာပါ။ အကြံပြုချင်တာကတော့မီးဝါတာကိုအဝေးကတည်းကမြင်နေရရင် မီးမနီခင်အမြန်မောင်းတာ၊လုမောင်းတာတို့မလုပ်ဘဲအရှိန်လျှော့လိုက်ကာရပ်စေချင်ပါတယ်။စိမ်းမှပြန်ထွက်ပါ။

ဒါကတော့ အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်လို့ ကိုနေမျိုးသူရမှ အကြံပြုရေးသားချက်အား ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-

ယူနီကုတ်






crd-

Crd