

 

ယူကရိန်းအား တိုက်ခိုက်မှုတွင် ဆန္ဒအလျောက်ပါဝင်မည့် ပြည်ပတိုက်ခိုက်ရေးသမားများကို ကြိုဆိုကြောင်း သမ္မတပူတင်ပြော

ယူကရိန်းသို့ မိမိဆန္ဒအလျောက်ပါဝင်ပူးပေါင်းတိုက်ခိုက်မည့် ပြည်ပတိုက်ခိုက်ရေးသမားများစေလွှတ်မည့် အစီအစဉ်အားထောက်ခံကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောသည်။ ရုရှား ကျောထောက်နောက်ခံပြုတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ဆန္ဒအလျောက်ပါဝင်လိုသူများကို ခွင့်ပြုသင့်ကြောင်း ရုရှားလုံခြုံရေးကောင်စီအစည်းအဝေးတွင် သမ္မတပူတင်က ပြောသည်။ ရုရှားကျောထောက်နောက်ခံပြုတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ရန်

အဆင်သင့် ဖြစ်နေသော အရှေ့အလယ်ပိုင်းမှ တိုက်ခိုက်ရေးသမား ၁၆,၀၀၀ ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။ ထိုအတောအတွင်း ရုရှားတပ်ဖွဲ့များက နောက်ထပ်ယူကရိန်းမြို့များကို တိုက်ခိုက်မှုအသစ်များ ထပ်မံလုပ်ဆောင်လာနေသည်။ ယနေ့နံနက်ပိုင်းက ယူကရိန်းအနောက်ဘက်ရှိ လုစ်နှင့် အိုင်ဗန်နိုဖရန်ကစ်မြို့များရှိ လေယာဉ်ကွင်းများကို

ရုရှားဒုံးကျည်များထိမှန်ခဲ့သည်။ ယင်းအပြင် လွန်ခဲ့သည့် နှစ်ပတ်ကျော်က စတင်ကျူးကျော်လာကတည်းက ဒနီပရို၏ အနောက်အလယ်ပိုင်း အမာခံနယ်မြေကိုလည်း ရုရှားတပ်များက ပထမဆုံးအကြိမ်အဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လုစ်နှင့် အိုင်ဗန်နိုဖရန်ကစ် မြို့များအပေါ် တိုက်ခိုက်မှုများကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနအတည်ပြုခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ မော်စကို ကာကွယ်ရေး အရာရှိများက


၎င်းတို့၏တိကျသောတာဝေးပစ် တိုက်ခိုက်မှုများက ယူကရိန်းနိုင်ငံ အနောက်ဘက်ရှိ မြို့များရှိ စစ်လေယာဉ်ကွင်း နှစ်ခုကို ထိမှန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ယင်းသည် ယခင်က ကိဗ်မြို့တော်နှင့် ယူကရိန်း၏ အရှေ့ဘက်နှင့် တောင်ဘက် ရှိမြို့များကို အာရုံစိုက်ခဲ့သည့် ရုရှားတိုက်ခိုက်မှုအတွက်နယ်မြေသစ်တစ်ခုဖြစ်လာသည်။

crd-စံတော်ချိန်ဒစ်ဂျစ်တယ်

ယူနီကုတ်







Crd