

ယူကရိန်း သို့လက်နက်ထောက်ပံ့မှု ရပ်တန့်ရန် နေတိုး နဲ့ အီးယူ ကို ရုရှား တောင်းဆို ( ပူတင်ကြီး အပျော့ ဆွဲ တဲ့အကွက် ထုတ်သုံးလာပြီ…)

ယူကရိန်း သို့ လက်နက်များ ပေးပို့ကူညီနေမှု ရပ်တန့်ရေး ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန က နေတိုးအဖွဲ့ နဲ့ ဥရောပ သမဂ္ဂ (အီးယူ)အဖွဲ့ဝင်နိုင်ငံတွေ ကိုတောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့် ရွှေ့ပြောင်းနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေး Stinger ဒုံးကျည်တွေ နဲ့ပတ်သက်လို့ မော်စကို ကစိုးရိမ်ပြီး အကြမ်းဖက်သမားတွေ လက်ထဲ အဲဒီလက်နက်တွေ ရောက်ရှိသွား နိုင်ပြီးလေကြောင်း လိုင်းများ အတွက် အန္တရာယ်ရှိလာနိုင်ကြောင်း

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ကပြောကြားပါတယ်။ 1.jpg ယူကရိန်း ကို ရုရှား ကကျူးကျော်တိုက်ခိုက် ပြီးနောက် နိုင်ငံတကာ က ယူကရိန်း ကို ထောက်ခံအားပေးနေပြီးအမေရိကန် ရဲ့ဦးဆောင်မှုနဲ့ အနောက်တိုင်း က ရုရှား အပေါ် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှု တွေ ပြုုလုပ်ထားပါတယ်။ အနောက်တိုင်း က ရုရှား ကို အရေးယူပိတ်ဆို့တဲ့ အပြင် ယူကရိန်း သို့ ခော်မီ လက်နက်များ ပေးပို့ကူညီထား ထား ပါတယ်။ ယူကရိန်း ကို

ရုရှား က အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်နေပေမယ့် ယူကရိန်း နိုင်ငံသားတွေ ရဲ့ ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်မှု တွေကြောင့် သမ္မတ ဗလာဒီမာ ပူတင် ထင်ထားသလောက် ခရီးမပေါက်ဘဲ ဖြစ်နေပါတယ်။ 2.jpg အနောက်တိုင်း ရဲ့ အရေးယူ ပိတ်ဆို့မှု တွေ ဟာ ရုရှား အပေါ် စစ်ကြေညာနေ သလိုပဲလို့ ပူတင် ကပြောကြားပါတယ်။ ဒီအတောအတွင်း ဥရောပ မြို့ကြီးတွေ မှာ စစ်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ဖြစ်ပွား ပြီး

ရုရှား ရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကာ ယူကရိန်း ကို ထောက်ခံတဲ့ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။ ရုရှား က ယူကရိန်း ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အဦး တွေ ကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေတာ လို့ အခိုင် အမာ ပြောကြားထားပေမယ့် အရပ်ဖက် ပစ်မှတ်တွေ ကိုလည်း ရုရှား ကတိုက်ခိုက်နေတာကြောင့် ရုရှား ကို နိုင်ငံတကာရာဇဝတ်မှု တရားရုံးမှာ ယူကရိန်း က တရားစွဲထားပါတယ်။ 3.jpg ရုရှား ရဲ့ကျူးကျော်

မှုကြောင့် ယူကရိန်း ကို စွန့်ခွါထွက်ပြေးရ သူ အရေအတွက်ဟာ ၁ ဒသမ ၄ သန်း ကျော်ရှိလာပြီလို့ သိရပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီး ကို အမေရိကန် က ဘေးလွတ်ရာသို့ ပို့ဆောင်ပေးမယ်လို့ အမေရိကန် ကကမ်းလှမ်းခဲ့ပေမယ့် သူက ပြည်သူတွေ နဲ့ အတူ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်လို့ လက်နက် တွေ ပေး ပို့ကူညီကြရန် ပန်ကြားခဲ့ပါတယ်။ အနောက်နိုင်ငံများ က ယူကရိန်း ကို

သံချပ်ကာကားဖျက်လက်နက်တွေ လေယာဉ်ပစ် အမြှောက်တွေ အပါအ ဝင်လက်နက်အများအပြား ပေးပို့ ကူညီထားပါတယ်။ ဒီလို ယူကရိန်း သို့ လက်နက်ပေးပို့ ကူညီနေတာ ဟာ အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန် ကြီး ဌာနကပြောကြားပါတယ်။

crd-

ယူနီကုတ်








crd-

Crd