ယူကရိန်းကို မကျူးကျော်ရန် ရုရှားသမ္မတထံ တောင်းဆိုခဲ့သည်ဆိုသော အမေရိကန်မီဒီယာ သတင်းများကို တရုတ်ငြင်းဆို

26-January-2022ယူကရိန်းနှင့် ပတ်သက်ပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တောင်းဆို ခဲ့သည်ဟူသော အမေရိကန်မီဒီယာများက စွပ်စွဲဖော်ပြချက်သည် မဟုတ်မမှန် ရန်စမှုဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

“သတင်းက အတုအယောင်တောင် သာမကဘဲ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ အထူး သတင်းစစ်ဆင်ရေးလုပ်တာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီရာ ရက်ခ်ဟာရိုဗာက ပြောကြားခဲ့သည်။” အိုလံပစ်ပွဲတော်ကာလအတွင်း ယူကရိန်းကို မကျူးကျော်ရန် ရှီကျင့်ဖျင်က ရုရှားသမ္မတပူတင်ကို တောင်း ဆိုခဲ့ ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့ခြင်းသည် အားလပ်ရက်များကို ဖျက်ဆီးရုံသာမကအတုအယောင်ဖြစ်ပြီး ရန်စမှုတစ်ခုဖြစ်ကြောင်း” မော်စကိုမြို့ရှိ တရုတ်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြ ထားကြောင်း ရုရှားသတင်းဌာန Sputnik မှ ဖော်ပြခဲ့သည်။

Minsk သဘောတူညီချက်များနှင့်အညီ ယူကရိန်းပဋိပက္ခကို သံတမန်နည်းလမ်းအရ ဖြေရှင်းခြင်းကို တရုတ်က ထောက်ခံကြောင်း သံရုံးက အလေးပေးပြောကြားခဲ့သည်။ယူကရိန်းနယ်စပ်အနီးတွင် ရုရှားက တပ်ဖွဲ့ဝင်အများအပြား တပ်စွဲထားသည်ဟု အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက စွပ်စွဲထားသည်။ရုရှား၏ ပိုင်နက်အတွင်း တပ်ဖွဲ့ဝင်များ ပြောင်းရွှေ့ပိုင်ခွင့်ရှိပြီး ယူကရိန်းကို ကျူးကျော်ရန် ရည်ရွယ်ချက်မရှိ ကြောင်း ရုရှားက လေးလေးနက်နက်ပြောကြားထားသည်။

crd

Crd