ရုပ်ရည်ချောမောလှပနေမှုကြောင့် အချစ်ကို ရှာဖွေရန် ရုန်းကန်နေရကြောင်း ပြောကြားခဲ့တဲ့ မော်ဒယ်တစ်ဦး

ရုပ်ရည်ချောမောလှပနေမှုကြောင့် အချစ်ကို ရှာဖွေရန် ရုန်းကန်နေရကြောင်း ပြောကြားခဲ့တဲ့ မော်ဒယ်တစ်ဦး

ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် Elizabeth Marie Chevalier အမည်ရှိအမျိုးသမီးမော်ဒယ်တစ်ဦးဟာ Playboy နှင့် Maxim အပါအဝင် အခြားမဂ္ဂဇင်းများစွာရဲ့ရှေ့မျက်နှာဖုံးမှာပါဝင်တဲ့ အောင်မြင်ကျော်ကြားတဲ့မော်ဒယ်တစ်ယောက်ဘဲ ဖြစ်ပါတယ်။ နောက်ပြီး သူမ မှာ OnlyFans အကောင့်လည်း ရှိပါတယ်။ Instagram မှာ Follower နှစ်သန်းနီးပါးရှိနေသည့် Elizabeth က အထင်ကြီးလေးစားသူအများအပြားကို ဆွဲဆောင်ထားနိုင်ပေမဲ့လည်း Elizabeth ဟာ သူမ ချိန်းတွေ့တာနှင့်ပတ်သက်တိုင်း အမြဲ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ ကျွန်မရဲ့ 5ပေ 10 လက်မအရပ်ကြောင့် ချိန်းတွေ့တာနဲ့ပတ်သတ်ပြီး အနှောင့်အယှက်ဖြစ်တယ်လို့ ပြောခံရဖူးပါတယ်။

.

.

ဒါပေမဲ့ ကျွန်မက တကယ်ကို ချစ်စရာကောင်းပြီး ချစ်ဖို့ကောင်းနေတာကို သူတို့ ကျွန်မကိုသိဖို့အချိန်ယူရင် အဲဒါကို သူတို့ သဘောပေါက်လာမှာပါ။ ယောက်ျားတွေနဲ့ ကျွန်မ ချိန်းတွေ့တိုင်း သူတို့က ကျွန်မကို စကားစမြည်စမပြောကြဘူး။ အဲ့ယောကျ်ားတွေက အများအားဖြင့် မာနကြီးကြပြီး အခန်းတွင်းက လှပတဲ့မိန်းကလေးတွေကိုဘဲ သဘောကျကြပုံ ထင်ရှားနေတယ်။ သူတို့က ကျွန်မတို့ကို ဆုဖလားလို့ဘဲ မြင်ကြပုံရတယ်။ ကျွန်မက ကောင်လေးတစ်ယောက်ကို ၁၀၀ ရာခိုင်နှုန်းနဲ့ ချိန်းတွေ့ချင်ပေမယ့် Instagram က ယောက်ျားတစ်ယောက်နဲ့တွေ့တိုင်း သူတို့က ကျွန်မကို ကုန်ပစ္စည်းတစ်ခုလို သဘောထားကြတယ်။

.

.

ကျွန်မ အွန်လိုင်းမှာ ဘီကီနီဘဲဝတ်တာ မှန်ပေမယ့် အဲ့ဒါကအလုပ်တစ်ခုအတွက်ပါပဲ၊ ယောက်ျားလေးအများစုက အဲဒါကိုအလုပ်လို့ မမြင်နိုင်ကြဘူး။ တကယ်လည်း ကျွန်မက အရမ်းလှနေတာကြောင့်လည်း ယောကျ်ားတွေနဲ့ ချိန်းတွေ့ဖိုခက်ခဲနေတာဘဲဖြစ်မှာပါလေ။ ” လို့ Elizabeth က သူမရဲ့ ရုပ်ရည်နှင့် ပတ်သက်ပြီး ချစ်သူရှာရခက်နေတဲ့သူမရဲ့ခိုင်မာတဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။ “ ကျွန်မရဲ့ ideal type က သန်မာပေမယ့် စကားနည်းတဲ့ သူတစ်ယောက်ဖြစ်ရမယ် ၊

.

.

.

အရပ်ရှည်ရှည် ၊ အသားညိုညိုနဲ့ ချောမောကြည့်ကောင်းတဲ့အသွင်အပြင်မျိုးကို သဘောကျတယ်၊ အောင်မြင်ကျော်ကြားမှုနှင့် အသက်အရွယ်က ကျွန်မအတွက် ပြဿနာမဟုတ်သလို သူ့ရဲ့အလုပ်အကိုင်ကလည်း ပြဿာနာမဟုတ်ပါဘူး။ ရှေ့ဆက်ဖို့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိပြီး သူလိုချင်တာကိုသိနေတဲ့ကောင်လေးမျိုးကို ကျွန်မ သဘောကျပါတယ် ” လို့လည်း Elizabeth က သူမရှာဖွေနေတဲ့ အမျိုးသားနှင့်ပတ်သက်တဲ့ အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

Mia (KB Chimmy one)

Reference : ladbible

Crd