ရုရှားရေတပ်ရဲ့အလံဆောင် လေယာဉ်တင်သင်္ဘောကြီး Admiral Kuznetsov 🇷🇺

ရုရှားရေတပ်ရဲ့အလံဆောင် လေယာဉ်တင်သင်္ဘောကြီး Admiral Kuznetsov 🇷🇺



ရုရှားရေတပ်ရဲ့အလံဆောင် လေယာဉ်တင်သင်္ဘောကြီး Admiral Kuznetsov 🇷🇺

ရုရှားရေတပ်ရဲ့အလံဆောင် လေယာဉ်တင်သင်္ဘောကြီး Admiral Kuznetsov 🇷🇺

Admiral Kuznetsov ဆိုတာ လောလောဆယ် လွန်းကျင်းတင်ပြင်ဆင်နေရတဲ့ ရုရှားရေတပ်ရဲ့ (၁)စီးတည်းသော လေယာဉ်တင်သင်္ဘောပါ။ရုရှားရေတပ်ရဲ့ Flagship ဆိုလည်းမမှားပါဘူး။သူ့ကို Soviet ခေတ် 1991 မှာတပ်တော်ဝင်ခဲ့ပေမယ့် 1995 မှစပြီးတာဝန်ထမ်းဆောင်နိုင်တာပါ။Admiral Kuznetsov ကသူ့အရင် Kiev Class တွေလို ဒေါင်လိုက်အဆက်အဆင်းလုပ်လို့ရတဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေပဲတင်နိုင်တာမဟုတ်ပဲ Su-33၊Mig-29 နဲ့ Su-25 လို Carrier-Based Aircraft တွေပါတင်နိုင်တဲ့ လေယာဉ်တင်သင်္ဘောစစ်စစ်ကြီးပါ။ဒါပေမယ့်လည်း ရုရှားရေတပ်ရဲ့ အလံဆောင် လေယာဉ်တင်သင်္ဘောကြီး Admiral Kuznetsov ဟာ ကျိမ်စာသင့်နေသလားထင်ရအောင် ပြဿနာတွေများလွန်းလှပါတယ်။

သူ့မှာသုံးထားတဲ့ Ski-Jump စနစ်က လေယာဉ်တွေကို ဝန်ပြည့်နဲ့ လေထဲမလွှတ်တင်နိုင်တဲ့အတွက် Effective မဖြစ်ပဲ ခေတ်မမှီတဲ့စနစ်တစ်ခုပါ။သူစပြီးတာဝန်ထမ်းဆောင်တဲ့ 1995 ကနေ ယခုအချိန်အထိ ရုရှားရေတပ်အတွက်

လောက်လောက်လားလား ဂုဏ်ယူစရာ စွမ်းဆောင်ရည်မျိုးမရှိပဲ အရှက်ရစရာတွေချည်း ဖြစ်ခဲ့တာပါ။သူ့ရဲ့အဓိကလူသိများစေတဲ့အကြောင်းက ခေါင်းတိုင်ကနေ အစမတန်အလုံးလိုက်ထွက်နေတဲ့မီးခိုးမဲကြီးတွေကြောင့်ပါ။ဒါကလည်း သူ့မှာအသုံးပြုတဲ့ အနံ့ပြင်းပြင်း စေးစေးကပ်ကပ် ကတ္တရာစီးသာသာ “Mazut” ဆိုတဲ့လောင်စာကြောင့်ပါ။ဒါကြောင့်လည်း နိုင်ငံတကာက Kuznetsov ကြီးသူတို့နိုင်ငံနားကဖြတ်တော့မယ်ဆိုရင် သူ့ရဲ့မီးခိုးမဲကြီးတွေကြောင့် လေထုညစ်ညမ်းမှာစိုးတဲ့အတွက် နှာခေါင်းရှုံကြပါတယ်။သူ့ရဲ့မီးခိုးလုံးကြီးတွေကဘယ်လောက်စိုးလဲဆို အာကာသကလှမ်းရိုက်တဲ့ ဂြိုလ်တုဓာတ်ပုံတွေမှာပါအလုံးလိုက်ကြီးမြင်နေရတာပါ။မီးခိုးကြောင့်လေထုညစ်ညမ်းတာပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ မောင်းနေရင်းပင်လယ်ထဲဆီတွေယိုတာတို့ ခေတ်မမှီပဲ Error များနေလို့ ဝါယာရှော့ဖြစ်ပြီးမီးထလောင်တာတို့ဆိုတာ ရုရှားအလံဆောင် လေယာဉ်တင်သင်္ဘောကြီး

Kuznetsov အတွက် မဆန်းတော့ပါဘူး။သူများနိုင်ငံရေပိုင်နက်ထဲဖြတ်နေတုန်းဆီယိုကျလို့ အလျော်ပေးရတာလည်းခဏခဏပါ။သင်္ဘောမီးထလောင်လို့ အသက်ပေးလိုက်ရတဲ့ ရေတပ်သားတွေဆိုတာလည်းမနည်းတော့ပါဘူး။
မောင်းနေရင်း ရေလည်ခေါင်မှာပျက်နေလို့ Tug Boat နဲ့ Repair Ship ခေါ် လက်ပူတိုက်ပြင်ပြီး ဆိပ်ကမ်းအထိ Tug Boat နဲ့ပြန်ဆွဲသွားရတယ်ဆိုတာ ရုရှားရေတပ်အတွက်ရိုးနေပါပြီ။
သူ့ရဲ့တစ်ခုတည်းသော တိုက်ပွဲအတွေ့အကြုံဖြစ်တဲ့ 2016 ခုနှစ် Syria ကိုတပ်ဖြန့်ချထားမှုမှာ အရှက်ရစရာကြီးပဲကြုံတွေ့ခဲ့ရပါတယ်။ကုန်းပတ်ပေါ်က လေယာဉ်အရှိန်ထိန်းကြိုးပျက်ပြီး တိုက်လေယာဉ်နှစ်စီး ရေထဲပြုတ်ကျခဲ့ပါတယ်။လေယာဉ်အရှိန်ထိန်းစနစ်က ကြိုးမပြတ်ရင်တောင် Error

ခဏခဏတက်နေတဲ့အတွက် ကျန်တဲ့လေယာဉ်တွေကိုပါ Syria က ရုရှားရဲ့ လေတပ်အခြေစိုက်စခန်းကြီးဖြစ်တဲ့ Khmeimim Air Base ကို လွှဲပြောင်းထားခဲ့ရတဲ့အထိအခြေအနေဆိုးခဲ့တာပါ။လေယာဉ်တင်သင်္ဘောက လေယာဉ်တင်ဖို့စိတ်မချရရင် သူ့ရဲ့ရည်ရွယ်ချက်က ဘာပါလဲ။ဒါကြောင့်လည်း ဒီထက်အရှက်ရစရာတွေမဖြစ်ခင် Syria ကပြန်ရောက်ရောက်ချင်းသိပ်မကြာဘူး Refit နဲ့ Upgrade လုပ်ဖို့ဆိုပြီးလွန်းတင်လိုက်တာပါ၊လွန်းမတင်ခင်နောက်ဆုံးအခြေအနေတွေမှာ သင်္ဘောကြံ့ခိုင်ရေးအခြေအနေက ဘယ်လောက်ဆိုးလဲဆို Tug Boat နဲ့ Repair Ship မပါရင် ကမ်းကခွါလို့မရတဲ့အထိ အခြေအနေတွေဆိုးခဲ့တာပါ။ကမ်းကခွါလို့မရတဲ့ လေယာဉ်တင်သင်္ဘောဆိုတာ အသွားတုံးနေတဲ့ဓားလိုပဲ ဘယ်မှာသွားပြီးသုံးတော့မှာပါသလဲ။လေယာဉ်တင်သင်္ဘောရဲ့ရည်ရွယ်ချက်ဆိုတာ မိခင်နိုင်ငံနဲ့ မိုင်ထောင်၊သောင်းချီဝေးတဲ့နေရာတွေမှာ ကိုယ့်ရေယာဉ်စုတွေကို ဦးဆောင်ဖို့ မဟုတ်ဘူးလား။သူ့ထက်နှစ်(၂၀)လောက်အသက်ကြီးတဲ့ USS Nimitz ဆို အခုအချိန်အထိ သန်တုန်းမြန်တုန်းဖြတ်လတ်တုန်း ကိုယ့်ရေယာဉ်စုကိုဦးဆောင်ပြီး ကမ္ဘာ့ရေပြင်အနှံ့ခြေဆန့်လို့ကောင်းတုန်းပါ။
ရုရှားရေတပ်ရဲ့ အလံဆောင် လေယာဉ်တင်သင်္ဘောကြီး Admiral Kuznetsov ကြီးရဲ့ ကံဆိုးမှုက လွန်းကျင်းပေါ်ရောက်နေတာတောင် မပြီးဆုံးသေးပါဘူး။လွန်းကျင်းမှာပြင်ဆင်နေရင်း 2018 ခုနှစ်မှာ မတော်တဆမှုတစ်ခုဖြစ်ပြီး လွန်းကျင်းပြိုကာ တန်(70)လောက်လေးတဲ့ ကရိန်းကြီး သင်္ဘောကုန်းပတ်ပေါ်လဲကျသွားတဲ့အတွက် ကုန်းပတ်မှာ ပေ(20) ပတ်လည်လောက်အရှိတဲ့အပေါက်ကြီးဖြစ်သွားပါတယ်။အဆိုပါမတော်တဆမှုကြောင့် အလုပ်သမား တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။ရုရှားရေတပ်ရဲ့ အလံဆောင်စစ်ရေယာဉ်ကြီးအဖြစ်က “နေမကောင်းလို့ဆေးရုံတက်တာ ကုတင်ကျိုးကျပြီး ခါးပါကျိုး”တဲ့အဖြစ်မျိုးဖြစ်နေပါပြီ။လွန်းကျင်းမတော်တဆမှုတွေကဒီမှာတင်မပြီးသေးပါဘူး။2019 ခုနှစ်မှာ အင်ဂျင်ခန်းမှာဝရိန်စော်ရင်ူ ထလောင်တဲ့မီးကြောင့် အလုပ်သမားနှစ်ယောက်အသက်ဆုံးရှုံးစေပြီး (11) ယောက်ဒဏ်ရာအနာတရဖြစ်စေခဲ့ပါတယ်။
အခုအချိန်မှာတော့ အစီအစဉ်အတိုင်း Refitting နဲ့ Modernization ကိုဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။သင်္ဘောပြင်ဆင်ပြီးလို့ရေပြန်ချတဲ့အချိန်ကျရင် မူလ တိုက်လေယာဉ် (24) စီးတင်ဆောင်နိုင်ရာမှ (26) စီးအထိလေယာဉ်တင်ဆောင်နိုင်မှုတိုးတက်လာမယ်လို့ ရုရှားဖက်ကပြောပါတယ်။ဒါ့အပြင် Electronics နဲ့

 

Communication System တွေလည်း အဆင့်မြှင့်နေပါတယ်တဲ့။လောလောဆယ်တော့ ဒီလေယာဉ်တင်သင်္ဘောကြီးကို ဒီနှစ်အတွင်းမှာပြန်လည်အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ရုရှားစစ်တပ်ဟာ ICBM တွေ Missile တွေနဲ့ တိုက်လေယာဉ်တွေကို စဉ်ဆက်မပြတ် သုတေသနလုပ်ပြီး အသစ်အသစ်တွေထုတ်နေတာပါ။သူ့ရဲ့ မဟာဗျူဟာမြောက် ဒုံးတွေဆိုရင် NATO ကို ခြိမ်းခြောက်နိုင်တဲ့အထိ အစွမ်းထက်တယ်ဆိုပြီး ရုရှားဖက်က ကြွေးကြော်ထားပါတယ်။ဒါပေမယ့်လည်း သင်္ဘောတည်ဆောက်ရေးအပိုင်းမှာ တခြားအင်အားကြီးနိုင်ငံတွေနဲ့ယှဉ်ရင် သိသိသာသာကို နောက်ရောက်နေတာတွေ့ရပါတယ်။
ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း ရုရှားကို အင်အားကြီးနိုင်ငံဖြစ်အောင် ရုရှားသမ္မတပူတင်က ပြန်ဆွဲတင်လာတာပါ။ဒါပေမယ့် ဒီလူရယ်စရာ လေယာဉ်တင်သင်္ဘောကြီးကို ပူတင်က ဘာလို့အနားမပေးသေးသလဲဆိုတာနဲ့ ဘာလို့အလံဆောင်စစ်ရေယာဉ်အဖြစ်ထားထားလည်းဆိုတာကတော့ စဉ်းစားမရဖြစ်နေပါတယ်။

ရုရှားက လောလောဆယ် လေယာဉ်တင်သင်္ဘောအသစ်ဆောက်ဖို့ နည်းပညာနဲ့ Budget လုံလောက်မှုမရှိပါဘူး။လေယာဉ်တင်သင်္ဘောမရှိရင် ရုရှားရေတပ်ဟာ Blue Water Navy အဆင့်ကဆင်းပေးရဖွယ်ရှိပါတယ်။ဒါကြောင့်များ ကျိမ်စာသင့်နေတဲ့ Admiral Kuznetsov ကြီးကိုအနားမပေးသေးတာလား?

စာကြွင်း-ရုရှားအားပေးတဲ့ညီအစ်ကိုများအနေဖြင့် ဒီ Post ကိုဖတ်ပြီးစပ်သွားရင် Kinzhal တို့ Zircon တို့လို Hypersonic Missile Post လေးများများပြန်တင်ပေးပါ ဘယ်လိုမှမသာတဲ့ နျူရေငုပ်သင်္ဘောတို့ Cago Plane တို့လိုဟာတွေနဲ့လေမတိုက်ပါနဲ့။အနာပိုဆိုးနိုင်ပါတယ်☺️

Crd – Daniel Halsey

Crd