ရုရှား T – 72 တင့်တွေ ရဲ့ အားနည်းချက်က ရှရှားကို အိုလံပစ်မှာ အမြဲအနိုင်ရစေခဲ့

ရုရှား T – 72 တင့်တွေ ရဲ့ အားနည်းချက်က ရှရှားကို အိုလံပစ်မှာ အမြဲအနိုင်ရစေခဲ့

ရုရှားတွေ ပြိုင်ဖက်မရှိ အမြဲအနိုင်ရနေတဲ့ အိုလံပစ် အားကစားတစ်ခု

တင့်ဖျက်လက်နက်တစ်ခုခုက တင့်ရဲ့သံချပ်ကာအကာအကွယ်ကို ဖောက်ထွင်းလိုက်နိုင်ပီ ဆိုတာနဲ့ အထဲက သိမ်းထားတဲ့ ကျည်တွေကို မီးကူးသွားတတ်ပါတယ်။ ဒါက တိုက်ပွဲဝင် တင့်ကားတိုင်း ရင်ဆိုင်ရမယ့် ပြဿနာပါ။ ဒါပေမယ့် ရုရှားတွေရဲ့ T-72 မှာ အတွင်းပိုင်းတည်ဆောက်ပုံကြောင့် ကျည်တွေမီးကူးသွားရင် ပိုပီး ပြဿနာကြီးပါတယ်။ အဲ့တာဘာတွေကြောင့်လဲ ဆိုတာ လေ့လာကြည့်‌ရအောင်။

ရုရှား T-72 tank တွေက အလိုအလျောက်ကျည်ထိုးစနစ်(auto loader) ကိုအသုံးပြုပါတယ်။
အမြှောက်ဆုံလည်(turret) ရဲ့ အောက်နားမှ အမြှောက်ကျည်တွေကို ပတ်ပတ်လည် အဝိုင်းလိုက် သိမ်းထားတာပါ။ အဆိုပါ သိမ်းထားတဲ့ကျည် တွေဟာ တင့်ကားမောင်းနှင်မယ့် tank crew တွေနဲ့ တဆက်တည်း အကန့် (compartment) မခွဲထားပဲ ရှိနေပါတယ်။

အားသာချက်တွေက-

အလိုအလျောက်ကျည်ထိုးစနစ် (auto loader) ကြောင့် ကျည်ထိုးတာမြန်တယ်

-ကျည်ထိုးမယ့်သူ loader မလိုတော့ တင့်ကို မောင်းနှင်ဖို့ commander, driver, gunner, 3 ယောက်ပဲလိုတယ် (US ရဲ့ M1 Abrams ဆို 4 ယောက်လိုတယ်)

-တယောက်စာ နေရာသက်သာတော့ အမြှောက်ဆုံလည်က M1 Abrams တို့ထက် သေးပါတယ်။

အားနည်းချက်တွေလဲ ရှိပါတယ်။
အရေးကြီးဆုံးအချက်ကတော့ armor အဖောက်ခံရလို့ ကျည်တွေမီးကူးပီး ပေါက်ကွဲပီဆိုရင် တစ်ခန်းတည်း ရှိနေတဲ့ crew အတွက် ဘာအကာအကွယ်မှ မရှိပါဘူး။ ဒါ့အပြင် သိမ်းထားတဲ့ ကျည်‌တွေပေါက်ကွဲမှုကို crew ဘက်ကိုဦးမတည်စေပဲ လမ်းကြောင်းလွှဲပေးမယ့် blow out panel ဆိုတာမျိုးလဲ မပါပါဘူး။

(ဥပမာ ပေးရရင် M1 Abrams တင့်တွေမှာ ကျည်သိုလှောင်ရာနေရာနဲ့ crew ကို compartment ခွဲထားတဲ့အပြင် blow out panel ပါ ပါသေးတယ်။ ကျည်တွေပေါက်ကွဲခဲ့မယ်ဆိုရင်တောင် အလုံပိတ် အခန်းထဲမှာ ပေါက်ကွဲသလို မဖြစ်တော့ပဲ ပြတင်းပေါက်တပေါက် ဖွင့်ပေးပီး ပေါက်ကွဲမှုကို အပြင်အမြန်ထွက်စေတဲ့ သဘောမျိုးပါ၊ ဒါက အမြဲတမ်း crew ကို မထိခိုက်အောင်ကာကွယ်နိုင်တယ်တော့မဟုတ်ပေမယ့် ဘာမှ မပါတာထက်တော့ အများကြီးကောင်းပါတယ်။)

အဲ့တာကြောင့် အခြား modern tank တွေနဲ့ ယှဉ်မယ်ဆိုရင် T-72 tank တွေရဲ့ armor ပေါက်သွားပီဆိုတာနဲ့ အထဲက crew အသက်ရှင်ဖို့ ပိုပီးအခွင့်အရေးနည်းပါတယ်။

ဒီ link က video မှာဆိုရင် 30mm canon ပဲပါပီး ပစ်အားနည်းတဲ့ ယူကရိန်း BTR-4 က ရုရှား တင့်ကား T-72 ကိုဖျက်ဆီးလိုက်နိုင်တာတွေ့ရမှာပါ။ ဖြစ်နိုင်ချေ အများအပြားရှိပေမယ့် T-72 ရဲ့ အကာအကွယ်ပိုနည်းတဲ့ ဘေးအောက်ပိုင်းကို သေချာချိန်ပီး ပစ်နေရာက အထဲက ammo storage ထိမှန်ပေါက်ကွဲသွားတယ်လို့ ယူဆထားကြပါတယ်။

ယခု ရုရှား-ယူကရိန်း စစ်ပွဲအတွင်း T-72 တွေ အပစ်ခံရပီးရင် အထဲက ကျည်တွေပြင်းပြင်းထန်ထန် ပေါက်ကွဲတာကြောင့် အမြှောက်ဆုံလည်ပါ အဝေးကြီး လွင့်ထွက်သွားတာ မကြာမကြာတွေ့နေရမှာပါ။
(Jack-in-the-box effect လို့ခေါ်ပါတယ်၊ ပုံမြင်ရင် ပိုသဘောပေါက်မှာပါ)

အဲ့တာကြောင့် ရုရှားရဲ့ T-72 tank တွေကို “Olympic turret throwing champion” (တင့်အမြှောက်အဝေးလွင့် တဲ့နေရာမှာ အိုလံပစ် ချန်ပီယံ) ‌တွေလို့ နာမည်ပြောင်ခေါ်တတ်ကြပါတယ်။

ဒီမှာပြောစရာရှိတာက T-72 ရင်ဆိုင်နေရတဲ့ ခေတ်မှီ တင့်ဖျက်လက်နက်တွေက US ရဲ့ M1 Abrams အပါအဝင် အခြားနာမည်ကြီး တင့်ကားများကိုလဲ အထိုက်အလျောက် ဖောက်ထွင်းနိုင်မှာပါ။ ရုရှားလုပ် တင့်ဖျက်လက်နက်‌တွေကြောင့် အီရတ် နဲ့ ယီမင်(Yemen)မှာ Abrams တွေ ဆုံးရှုံးရတဲ့ဖြစ်စဉ်တွေ ရှိပီးသားပါ။

အခုရေးတာတွေက ဖောက်ထွင်းသွားခဲ့ရင် အထဲက သိမ်းထားတဲ့ ကျည်တွေရဲ့ ပေါက်ကွဲမှုဒဏ်က ကာကွယ်ဖို့ ဘယ်လောက် ‌ထည့်သွင်းစဉ်းစားလဲ ဆိုတာကိုပဲ အခြေပြုရေးထားတာပါ။ T-72တင့်ရဲ့ သံချပ်ကာ အကာအကွယ် မကောင်းဘူး ပြောချင်တာမဟုတ်ပါဘူး။

Tactical Raptor
Raptorone
crd

Crd