ရှားပါးရောဂါကြောင့် အသက် ၅ နှစ်တည်းနဲ့ ဘာသာစကားပေါင်းများစွာကို သင်ယူပြီး ရှုပ်ထွေးတဲ့သင်္ချာညီမျှခြင်းတွေကိုပါ ဖြေရှင်းနိုင်နေပြီဖြစ်တဲ့ ကလေးမလေး (ရုပ်သံ)

ရှားပါးရောဂါကြောင့် အသက် ၅ နှစ်တည်းနဲ့ ဘာသာစကားပေါင်းများစွာကို သင်ယူပြီး ရှုပ်ထွေးတဲ့သင်္ချာညီမျှခြင်းတွေကိုပါ ဖြေရှင်းနိုင်နေပြီဖြစ်တဲ့ ကလေးမလေး (ရုပ်သံ)

တောက်ပလှပတဲ့မျက်လုံးများနှင့် စူးစမ်းလိုစိတ်ရှိတဲ့ ကလေးမလေးတစ်ဦးဟာ မဝံ့မရဲ ပြုံးပြကာ ဖြတ်သွားဖြတ်လာသူတွေကို စောင့်ကြည့်နေတတ်ပါတယ်။ သူမဟာ အသက် 2 နှစ်အရွယ်မှာ အော်တစ်ဇင်( autism ) ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပေမဲ့လည်း ကလေးပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဆီးရီးယားမှ လက်ရှိ အသက် ၅ နှစ်အရွယ် Sari Azzam ဟာ ညဘက်မှာ ကြယ်များကိုငေးကြည့်ရတာ နှစ်သက်ပြီး သူမရဲ့မိခင် Abeer Issa က Sari ဟာ သူမတို့မိသားစုအတွက် “ကောင်းကင်ကပေးတဲ့လက်ဆောင်” အဖြစ် မှတ်ယူခဲ့ကြောင်း အင်တာဗျူး၌ ပြောကြားခဲ့ပါတယ်။ Sari ဟာ မိသားစု၌ Autism ရှိတဲ့ တစ်ဦးတည်းသော အဖွဲ့ဝင်မဟုတ်ဘဲ သူမရဲ့အစ်မဖြစ်သူမှာလည်း အလားတူရောဂါကို ခံစားနေရပါတယ်။

.

အသက်နှစ်နှစ်အရွယ်တွင် အော်တစ်ဇင်ရောဂါရှိကြောင်း တွေ့ရှိခဲ့ပေမဲ့လည်း သူမဟာ သူမရဲ့ပထမစကားလုံးတွေကို တစ်ချိန်တည်းမှာဘဲ ချရေးနိုင်ခဲ့ပါတယ်။ လက်ရှိအရွယ်မှာ သူမဟာ မနက်အိပ်ရာနိုးချိန်တွင် YouTube ဗီဒီယိုများကို နာရီပေါင်းများစွာ ကြည့်ရှုရင်း အင်္ဂလိပ်၊ ပြင်သစ်၊ ကိုးရီးယား၊ ဂျပန်၊ ဂရိနှင့် စပိန်စသည့် ဘာသာစကားအမျိုးမျိုးကို လေ့လာသင်ယူနေပြီး သူမဟာ ဤဘာသာစကားများဖြင့် စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ကို ကျွမ်းကျင်ပါတယ်။ Sari ဟာ ဘာသာစကားများကိုကျွမ်းကျင်ရုံသာမက၊ အသက် ၂ နှစ်သားအရွယ်မှာ ကျမ်းစာများကိုလည်း စတင်အလွတ်ကျက်ခဲ့ပါတယ်။ ယခုအချိန်မှာ သူမဟာ ရှုပ်ထွေးသောသချင်္ာညီမျှခြင်းများကို ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။

.

Autism and Down Syndrome အထူးကုဒေါက်တာ Majd Al-Alousi က ကလေးမလေးအား အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဓာတ်မှန်ရိုက်မှုများ ပြုလုပ်ခဲ့ပြီး သူမရဲ့ အခြေအနေမှာ ရှားပါးကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူမဟာ အလွန်စူးစမ်းလိုစိတ်ရှိပြီး အသိပညာပိုမိုရရှိရန် စိတ်အားထက်သန်တဲ့အတွက်ကြောင့် ဆက်သွယ်ရေးစွမ်းရည်များတိုးတက်စေရန်အတွက် လမ်းညွှန်မှုပိုမိုလိုအပ်ပေမဲ့လည်း သူမဟာ အရွယ်ရောက်ပြီးသူတွေ လုပ်ဆောင်နိုင်သည့်အလုပ်များကိုလည်း လုပ်ဆောင်နိုင်ပြီး သူမမှာ “မြန်ဆန်တိကျသောအမြင်အာရုံမှတ်ဉာဏ်” ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် ” သူမမှာ အရည်အချင်းများစွာရှိပြီး အထူးသဖြင့် လျင်မြန်ပြီး တိကျသော အမြင်အာရုံမှတ်ဉာဏ်များရှိနေတယ် ၊ ဒါ့ကြောင့် ရေရှည်မှာ သူမမြင်သမျှကို တိကျစွာ အလွတ်ကျက် ၊ထုတ်ယူနိုင်သလို Sari က သင်ယူမှုကိုနှစ်သက်ပြီး သိပ္ပံပညာကို ဝါသနာပါတဲ့အတွက် ၎င်းကို အနာဂတ်မှာအရေးကြီးတဲ့ ကမ္ဘာ့ပရောဂျက်တစ်ခုအဖြစ် မြင်ပါတယ် ” လို့လည်း ဒေါက်တာ Majd က ပြောကြားခဲ့ပါတယ်။

Sari ရဲ့မိခင်ကလည်း သူမအား လမ်းကြောင်းမှန်ပေါ်၌ ကြီးပြင်းလာစေရန်နှင့် အထူးဂရုစိုက်မှုကို ခံယူလိုပါတယ်။ သူမဟာ ထက်မြက်သော ကလေးတစ်ယောက်ဖြစ်ပြီး လိုအပ်ချက်များအားလုံးနှင့် သူမရဲ့ဆန္ဒများကို ဖြည့်ဆည်းပေးရန် ထိုက်တန်နေပါတယ်။ ဝမ်းနည်းစရာကောင်းတာက Azzam မိသားစုဟာ အဆင့်အတန်းနိမ့်ကျပြီး နေရာရွှေ့ပြောင်းနေထိုင်ရတဲ့ စစ်ဘေးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

.

Sari ဟာ သူမရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် တက်ဘလက်တစ်လုံး၊ ရိုးရှင်းသော မိုဘိုင်းလ်ဖုန်း၊ ဖောင်တိန်နှင့် စာရွက်များထက် ပိုပြီး မပံ့ပိုးခံရပါဘူး။ အခြားဆီးရီးယားကလေးများကဲ့သို့ပင် Sari ဟာ ဇိမ်ခံဘဝတစ်ခုကို အိပ်မက်မမက်ဘဲ သူမဟာ ပိုမိုလေ့လာသင်ယူကာ ဗဟုသုတများစွာ ဆည်းပူးရသည့်အတွက် ကျေနပ်နေပြီး တစ်ချိန်ချိန်မှာ နောင်လာမည့်ကလေးများအတွက် ကမ္ဘာကြီးက ပိုမိုကောင်းမွန်တဲ့နေထိုင်စရာနေရာတစ်ခုဖြစ်လာရန်အတွက်သာ မျှော်လင့်အိမ်မက်မက်နေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Sari လေးက ဂျပန် ၊ ကိုးရီးယားနဲ့ ဂရိဘာသာစကားတို့ဖြင့် ဗျည်းအက္ခရာသံတွေ ရွတ်ဆိုနေတာကို ထင်ရှားစွာ ကြားနိုင်ပြီး သူမ ဘယ်လောက်ဉာဏ်ထက်မြက်လဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Crd