ရွှေစွဲလမ်းတဲ့အမျိုးသားက နေ့စဉ်ရွှေထည်များကို ဆင်မြန်းပြီး ရွှေချထားတဲ့ကားနဲ့ မောင်နှင်သွားလာ

ရွှေစွဲလမ်းတဲ့အမျိုးသားက နေ့စဉ်ရွှေထည်များကို ဆင်မြန်းပြီး ရွှေချထားတဲ့ကားနဲ့ မောင်နှင်သွားလာ

ရွှေစွဲလမ်းတဲ့အမျိုးသားက နေ့စဉ်ရွှေထည်များကို ဆင်မြန်းပြီး ရွှေချထားတဲ့ကားနဲ့ မောင်နှင်သွားလာ

ထရန်ဒုလွိုင်(Tran Duc Loi)လို့ အမည်ရတဲ့ အသက် ၃၉ နှစ်အရွယ် ဗီယက်နမ် အမျိုးသားတစ်ဦးဟာ သာမန်ထက် ရွှေမက်လွန်းသူလို့ ဆိုရမှာပါ။ သူဟာ လည်ပင်းနဲ့ လက်တွေမှာ ရွှေထည် လက်ဝတ်ရတနာတွေကို ကြွားနေအောင် ဆင်မြန်းလေ့ရှိတာကြောင့် မကြာသေးမီက အွန်လိုင်းမှာ ပျံ့နှံ့ပြီး နာမည်ကြီးနေပါတယ်။

တစ်ကိုယ်လုံးကို ရွှေထည်တွေ ညွတ်နေအောင် ဝတ်ဆင်ထားရုံတင် မကသေးပါဘူး သူမောင်းနှင်တဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်ကိုတောင်မှ ရွှေချထားတယ်လို့ သိရပါတယ်။

သူဟာ အန်ဂီယန်ပြည်နယ်မှာနေထိုင်တဲ့ စွန့်ဦးလုပ်ငန်းရှင်အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူဟာ ရွှေထည်တွေကို သူတကာထက် ပိုမိုကြွားနေ၊ ညွတ်နေအောင်ကို ဆင်မြန်းဝတ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ဝတ်ဆင်ထားတဲ့ ရွှေများဟာဆို ၂ ကီလိုဂရမ်ကျော် ရှိတယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ သုံးနှစ်ကတည်းက တောင်အမေရိက ဖွတ်မျိုးတွေကို တန်ဖိုးကြီးပေးဝယ်ရတဲ့ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ရောင်းချကာ စီးပွားရှာဖွေနေသူလည်း ဖြစ်ပါတယ်။

ရွှေက လာဘ်လာဘ ပေါများစေပြီး ဥစ္စာဓန တိုးပွားစေတဲ့ အရာအဖြစ် စွဲလမ်းနှစ် သက်လာခဲ့ကာ သူရဲ့လုပ်ငန်းအောင်မြင်မှုကလည်း သူရဲ့ ရွှေအဆင်တန်ဆာတွေကြောင့်ဖြစ်တယ်လို့ ယုံကြည်စွဲလမ်းနေပါတယ်။

ဒီလိုအစွဲကြီးလာတာနဲ့အမျှ ရွှေကိုဆင်မြန်းရုံမျှမကဘဲ သူရဲ့ပတ်ဝန်းကျင်မှာ ရှိရှိသမျှအရာအားလုံးနီးပါးကို ရွှေတွေချသလို ဝတ်ဆင်တဲ့ လက်ဝတ်ရတနာတွေကိုလည်း အလွယ်တကူ မကျိုးမပျက်ရလေအောင် အထည်ကြီးတွေသာ ပြုလုပ်ဆင်မြန်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ၎င်းကဆိုပါတယ်။

သူရဲ့ ထူးခြားတဲ့ ရွှေထည်စွဲလမ်းမှုပုံစံကြောင့် ထရန်ဒုလွိုင်ဟာ Tik Tok မှာ နာမည်ကျော် တစ်ဦးဖြစ်လာခဲ့ပြီး သူ့ကိုအားကျနေကြတဲ့လူတွေ အများအ ပြားရှိလာခဲ့ပါတယ်။

သို့သော်လည်း တစ်ချို့ကတော့ သူရဲ့ မလိုအပ်ဘဲ ချဲ့ကား ကြွားလုံးထုတ်မှုက အန္တရာယ်ဖိတ်ခေါ်သလိုဖြစ်နိုင်တယ်လို့ ဝေဖန်နေကြသူတွေလည်း ရှိနေပါတယ်

Crd