




Shoon (Cele Daily)

Unicode

လင်မယားနှစ်ယောက်စကားများရာမှ ဇနီးသည်က လိုင်းပေါ်ကချစ်သူကို ဖုန်းဆက်ပြီး လာခေါ်ဖို့ပြောနေလို့ ထွက်မသွားရန် ဒူးထောက်ပြီးအတင်းဖက်ကာ တောင်းပန်နေသည့် ခင်ပွန်း

တကယ့်တော့ အချစ်စစ်နှင့်ချစ်မိခဲ့ပြီဆိုလျှင် မည်သို့သောအကြောင်းမျိုးပင်ဖြစ်လာပါစေ လမ်းခွဲရန် ဝန်လေးနေတတ်ကြပါတယ်။အတူတူနေထိုင်ဖို့ မသင့်တော်ဘူးဆိုလျှင် ချစ်ရတဲ့လူက ပျော်ရွင်မှုတွေမပေးနိုင်ခဲ့လျှင် လမ်းခွဲလိုက်ခြင်းဟာ အကောင်းဆုံးသောအဖြေဖြစ်ပါတယ်။

မကြာသေးမီက တရုတ်နိုင်ငံ ရှန်ကျန်းမြို့၏တစ်နေရာတွင် ခင်ပွန်းဖြစ်သူဟာ ဇနီးသည်လေးကို အတင်းဖက်ကာ ဒူးထောက်ထားပြီး တောင်းပန်နေခဲ့ပါတယ်။သူတို့လင်မယားနှစ်ဦးဟာ ပေါင်းသင်လာခဲ့တာ၁နှစ်ကျော်ရှိခဲ့ပြီဖြစ်သော်လည်း ဇနီးသည်က အခြားအမျိုးသားတစ်ဦးကို စိတ်ယိုင်နေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်စကားများရာမှာတော့ ဇနီးဖြစ်သူဟာ ခင်ပွန်းနှင့်လုံးဝအတူတူမနေနိုင်တော့ဘူးဟုဆိုကာ ချစ်သူကောင်လေးကို ဖုန်းဆက်ပြီးလာခေါ်ပေးဖို့ပြောနေခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Crd