လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို တည်ဆောက်တော့မည် ( သူများနိုင်ငံတွေများ အားကျချက် ကြိုးမဲ့အားသွင်းနိုင်တဲ့ကားလမ်းတဲ့…)

လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို  တည်ဆောက်တော့မည် ( သူများနိုင်ငံတွေများ အားကျချက်  ကြိုးမဲ့အားသွင်းနိုင်တဲ့ကားလမ်းတဲ့…)

 

လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို တည်ဆောက်တော့မည် ( သူများနိုင်ငံတွေများ အားကျချက် ကြိုးမဲ့အားသွင်းနိုင်တဲ့ကားလမ်းတဲ့…)

အမေရိကန် ပြည်ထောင်စု မီချီဂန်ဟာ လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ ကားလမ်းကို တည်ဆောက်ဖို့အတွက် အစ္စရေး ကုမ္ပဏီ ElectReon နဲ့ ပူးပေါင်းလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ အဲဒီ ကားလမ်းကို အသုံးပြုလို့ရတော့မှာ ဖြစ်ပြီး လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကားလမ်းဟာ ရပ်နားထားတဲ့

ကားတွေ သာမက သွားနေတဲ့ ကားတွေကိုပါ ကြိုးမဲ့ အားသွင်းပေးနိုင်ပြီး လက်ရှိမှာ ၁ မိုင် အရှည် တည်ဆောက်ဖို့ လျာထားပါတယ်။ ElectReon က အဲဒီ နည်းပညာကို Inductive Charging လို့ နာမည်ပေးထားပြီး ကားလမ်းအောက်မှာ ကော့ပါးကွိုင်တွေကို မြှပ်နှံထားပါတယ်။ အဲဒီကနေ လျှပ်စစ်စွမ်းအင်ကို ကားအောက်ခြေမှာ တပ်ဆင်ထားတဲ့ Receiver ဆီပေးပို့ပေးမှာ ဖြစ်ပြီး

အဲဒီကနေတစ်ဆင့် ကား အင်ဂျင်နဲ့ ဘက်ထရီဆီ စေလွှတ်ပေးမှာ ဖြစ်ပါတယ်။ ElectReon ဟာ အစ္စရေး ကုမ္ပဏီ ဖြစ်ပြီး လျှပ်စစ်ကားတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို အဓိက ဖန်တီးနေတာ ဖြစ်ပါတယ်။ မီချီဂန်က ကားလမ်း စီမံကိန်းကို ElectReon က ဦးဆောင်မှာ ဖြစ်ပြီး Jacobs Engineering Group , NextEnergy တို့နဲ့ ပူးပေါင်းကာ ဒီစီမံကိန်းကို

ပြုလုပ်နေတာ ဖြစ်ပါတယ်။ ElectReon က အမေရိကန် ပြည်ထောင်စုရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို တိုးတက်အောင် ပြုလုပ်မှာ ဖြစ်ပြီး အမေရိကန် ဈေးကွက်ကို ဝင်ရောက်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်လို့ ပြောပါတယ်။

crd-

ေဇာ္ဂ်ီ

လွ်ပ္စစ္ကားေတြကို ႀကိဳးမဲ့အားသြင္းေပးႏိုင္တဲ့ ကားလမ္းကို တည္ေဆာက္ေတာ့မည္ ( သူမ်ားႏိုင္ငံေတြမ်ား အားက်ခ်က္ ႀကိဳးမဲ့အားသြင္းႏိုင္တဲ့ကားလမ္းတဲ့…)

အေမရိကန္ ျပည္ေထာင္စု မီခ်ီဂန္ဟာ လွ်ပ္စစ္ကားေတြကို ႀကိဳးမဲ့အားသြင္းေပးႏိုင္တဲ့ ကားလမ္းကို တည္ေဆာက္ဖို႔အတြက္ အစၥေရး ကုမၸဏီ ElectReon နဲ႔ ပူးေပါင္းလိုက္ပါတယ္။ ၂၀၂၃ ခုႏွစ္မွာ အဲဒီ ကားလမ္းကို အသုံးျပဳလို႔ရေတာ့မွာ ျဖစ္ၿပီး လွ်ပ္စစ္ကားေတြကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာဖို႔ ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။ အဲဒီ ကားလမ္းဟာ ရပ္နားထားတဲ့

ကားေတြ သာမက သြားေနတဲ့ ကားေတြကိုပါ ႀကိဳးမဲ့ အားသြင္းေပးႏိုင္ၿပီး လက္ရွိမွာ ၁ မိုင္ အရွည္ တည္ေဆာက္ဖို႔ လ်ာထားပါတယ္။ ElectReon က အဲဒီ နည္းပညာကို Inductive Charging လို႔ နာမည္ေပးထားၿပီး ကားလမ္းေအာက္မွာ ေကာ့ပါးကြိဳင္ေတြကို ျမႇပ္ႏွံထားပါတယ္။ အဲဒီကေန လွ်ပ္စစ္စြမ္းအင္ကို ကားေအာက္ေျခမွာ တပ္ဆင္ထားတဲ့ Receiver ဆီေပးပို႔ေပးမွာ ျဖစ္ၿပီး

အဲဒီကေနတစ္ဆင့္ ကား အင္ဂ်င္နဲ႔ ဘက္ထရီဆီ ေစလႊတ္ေပးမွာ ျဖစ္ပါတယ္။ ElectReon ဟာ အစၥေရး ကုမၸဏီ ျဖစ္ၿပီး လွ်ပ္စစ္ကားေတြကို ႀကိဳးမဲ့အားသြင္းေပးႏိုင္တဲ့ နည္းပညာကို အဓိက ဖန္တီးေနတာ ျဖစ္ပါတယ္။ မီခ်ီဂန္က ကားလမ္း စီမံကိန္းကို ElectReon က ဦးေဆာင္မွာ ျဖစ္ၿပီး Jacobs Engineering Group , NextEnergy တို႔နဲ႔ ပူးေပါင္းကာ ဒီစီမံကိန္းကို

ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ElectReon က အေမရိကန္ ျပည္ေထာင္စုရဲ႕ သယ္ယူပို႔ေဆာင္ေရး စနစ္ကို တိုးတက္ေအာင္ ျပဳလုပ္မွာ ျဖစ္ၿပီး အေမရိကန္ ေဈးကြက္ကို ဝင္ေရာက္ရတာ စိတ္လႈပ္ရွားစရာေကာင္းပါတယ္လို႔ ေျပာပါတယ္။

crd-

 

Crd