

လှုပ်ခတ်လာတဲ့ ကားဈေးကွက် နဲ့ ဆိပ်ကမ်းမှာ ပုံနေတဲ့ကားတွေကို လေ‌လံပစ်မယ့်သတင်း

ယနေ့ ကားလောကရဲ့ အလှုပ်ခတ်ဆုံး သတင်းကတော့ မြန်မာပြည်ရောက်နေပြီး အကြောင်းကြောင်းကြောင့် ဆိပ်ကမ်းမှာ ပုံနေတဲ့ ကားတွေကို စကစက လေလံပစ်မယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ လတ်တလောမှာ စကစအနေနဲ့ ငွေအသည်းအသန်လိုအပ်နေတာကြောင့်

ဒီသတင်းဟာ ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း သုံးသပ်နေကြသလို မဖြစ်နိုင်ဘူးလို့လည်း ပြောနေကြပါတယ်။ ကားလောကထဲက ဝါသနာရှင်၊ ပညာရှင်တွေရဲ့ ရှုထောင့်အသီးသီးက မှတ်ချက်များကို ဖော်ပြ ပေးလိုက်ပါတယ်- မှတ်ချက် (၁) – တကယ်ဖြစ်နိုင်တယ်ဆိုရင်လည်း

ခေါင်ကြီးတွေလောက်ပဲ တိုးတိုးတိတ်တိတ် လေလံယူလိုက်မှာပါ၊ တော်ရုံ လူတွေတောင် သိလိုက်မှာမဟုတ်ဘူး။ မှတ်ချက် (၂) – ခုမှ ကားတွေခြံထဲထည့်ရောင်းနေတဲ့ ဘောစိတစ်ယောက်နဲ့ လက်ဖက်ရည်သောက်ရင်းကြားတာ ဒီခေတ်သတင်းက ယုံမရတော့ ဟုတ်ပါမလားလို့တွေးနေတာ။ လုပ်လဲ သူတို့အမျိုးတွေပဲ ကပ်‌နိုင်မှာ ကိုယ်တွေအပြင်လူက

အပေါက်ဝတောင်ရောက်လိုက်မှာမဟုတ်ဘူး။ မှတ်ချက် (၃) – အခွံလဲမှရမယ် ကားတွေက မြေစိုက် မြက်ပေါက်နေပြီ။ အစုတ်ပဲရမယ်။ မှတ်ချက် (၄) – ထုထောင်း မန်းမှုတ်ပြီးရင် အော်ဆေးပတ်လည် အတိုက်အခိုက် King လိုင်စင်အသစ်နဲ့ဆိုတာလေးတွေ တွေ့ရတော့မှာပေါ့နော်။

မှတ်ချက် (၅) – မာမူတွေ ယူလို့တောင် ၅ ပုံ ၁ ပုံ ပြောင်နေပြီ အရည်ကျိုဈေးနဲ့။ မှတ်ချက် (၆) – ဆိပ်ကမ်းကကောင်တေ ဖြုတ်ရောင်းတာနဲ့ ကုန်နေပြီ။ ခွင်ကောင်းတခု ရှိပြီဆိုရင် အမျိုးတွေနဲ့ တပည့်တွေကို

အရင်ပြောတဲ့ စကစဗက်ဗက်တို့ကတော့ ဘယ်လို အကွက်တွေ ခင်းဦးမလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရဦးမှာပါ။ စာဖတ်သူတွေလည်း ဒီသတင်းအပေါ် အမြင်နဲ့ မှတ်ချက်များ ပေးသွားနိုင်ပါတယ် ခင်ဗျာ။

crd-

ယူနီကုတ်








crd-

Crd

Crd