သခင်နှင့်အတူ ပင်လယ်ထဲသို့ အလည်လိုက်သွားခဲ့သည့် ခွေးကလေး လင်းပိုင်လေး၏ အနမ်းပေးကြိုဆိုခြင်းကို ခံခဲ့ရ

ဥရောပဒေသများတွင် လူအများစုတို့ဟာ ပင်လယ်ထဲသို့ သွားရောက်လည်ပတ်ပြီး အနားယူရတာကို သဘောကျနှစ်သက်ကြပါတယ်။သူတို့အနားယူရာတွင် မွေးထားသော တိရိစ္ဆာန်လေးတွေကိုလည်း အဖော်အနေဖြင့် ခေါ်ဆောင်သွားတတ်တာဖြစ်ပါတယ်။
ယခုတွင်လည်း ခွေးကလေးနှစ်ကောင်ဟာ သခင်ဖြစ်သူနှင့် ပင်လယ်ထဲသို့ မော်တော်ဘုတ်စီးရင်း လိုက်ပါသွားခဲ့ရာမှ ပင်လယ်ပျော်လင်းပိုင်လေးများဖြင့် ဆုံတွေ့ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။လင်းပိုင်တို့ဆိုသည်မှာ လူသားတို့ကို အန္တာရာယ်မပေးဘဲ ကူညီပေးတတ်သူများလည်းဖြစ်ကြပါတယ်။
လင်းပိုင်လေးများဟာ ပင်လယ်ထဲလာလည်သူတွေကို နှုတ်ဆက်ကြိုဆိုနေရင်း ခွေးကလေးတစ်ကောင်ကို ရေထဲမှခုန်ထွက်ပြီး အနမ်းပေးသွားခဲ့ခြင်းလည်းဖြစ်ပါတယ်။လင်းပိုင်လေးများ၏ ဖော်ရွေပြီး သဘောကောင်းနေမှုဟာ လူတိုင်းပြောစမှတ်တွင်နေခဲ့ခြင်း၏ အဖြေပင်ဖြစ်ပါလိမ့်မယ်။
Shoon (Cele Daily)
Unicode
Shoon (Cele Daily)
Crd