သူငယ်ချင်းဖြစ်တဲ့ဆင်မကြီးတစ်ကောင်ရဲ့နောက်ဆုံးထွက်သက် ခရီးအတွက် ၎င်းရဲ့အနားကနေ မလှုပ်တမ်း တိတ်တဆိတ်ရှိနေပေးရင်း ခွဲခွါသွားရန် ငြင်းဆန်နေခဲ့တဲ့ ခွေးလေး

သူငယ်ချင်းဖြစ်တဲ့ဆင်မကြီးတစ်ကောင်ရဲ့နောက်ဆုံးထွက်သက် ခရီးအတွက် ၎င်းရဲ့အနားကနေ မလှုပ်တမ်း တိတ်တဆိတ်ရှိနေပေးရင်း ခွဲခွါသွားရန် ငြင်းဆန်နေခဲ့တဲ့ ခွေးလေး

တိရိစ္ဆာန်လောက၌ မိတ်ဖွဲ့မှုဟာ မည်သည့်မျိုးစိတ်မှ ပေါက်ဖွားလာနိုင်ပြီး ၎င်းက အရွယ်အစား သို့မဟုတ် အရောင်ပုံသဏ္ဍာန်များနဲ့ မခွဲခြားပါဘူး။ အစာကွင်းဆက်ကြောင့် မပြေမလည်ဖြစ်နေတဲ့မျိုးစိတ်တွေဘဲရှိတာပါ။ ၎င်းတို့ဟာ တစ်နည်းနည်းတစ်ဖုံဖုံဖြင့် ၎င်းတို့ခံစားခဲ့ရတာကို သဘောပေါက်ကြပြီး အချင်းချင်း အဆက်အသွယ်များ အမြန်ဖန်တီးတတ်ကြပါတယ်။ Pancake ဟာ အရမ်းချစ်ဖို့ကောင်းတဲ့ ခွေးမလေးတစ်ကောင်ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်က Boon Lott’s Elephant Sanctuary (BLES ) ၏တည်ထောင်သူနှင့် CEO ဖြစ်သူ Katherine Connor ဟာ သူမကို လမ်းဘေးမှကယ်တင်မွေးစားပြီး ထိုင်းနိုင်ငံ Sukhothai မြို့ရှိ ၎င်းဆင်ဘေးမဲ့စခန်းဆီကို ခေါ်လာခဲ့တာဖြစ်ပါတယ်။ Pancake ဟာ ဆင်နဲ့မတူရုံမှတစ်ပါး အရာအားလုံးကိုသိနေတာကြောင့် သူမဟာ ကောင်းစွာ လိုက်လျောညီထွေ နေတတ်တဲ့ခွေးမလေးပါဘဲ။

.

ထို့ပြင် Katherine ဟာ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ခရီးသွားများကို သယ်ဆောင်ရလွန်းလို့ ကျောရိုးမကောင်းတော့တဲ့ Boon Thong လို့ခေါ်တဲ့ဆင်မကြီးတစ်ကောင်ကိုလည်း ကယ်တင်ပေးခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ Boon Thong ဟာ Katherine ကြောင့် သူမ အသက် ၆၀ အရွယ်မှာ ဆင်ဘေးမဲ့တောသို့ ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းသောဘဝ၌နေထိုင်ကာ သူနှစ်သက်တဲ့အရာများကို သိရှိသင်ယူလာနိုင်ခဲ့ပါတယ်။ Boon Thong က ဆင်ဘေးမဲ့တောသို့ရောက်လာချိန်မှာတော့ လုံးဝကို မောပန်းနွမ်းနယ်နေပေမယ့် ပတ်ဝန်းကျင်က သူမကို သိကျွမ်းစေပြီး ဘဝသစ်တစ်ခု ရရှိစေခဲ့ပါတယ်။

.

စခန်းသို့ရောက်ရှိလာပြီးနောက်မှာ Boon Thong ဟာ ချက်ချင်းဆိုသလို လွန်ခဲ့သည့် ၂ နှစ်ခန့်က သေဆုံးသွားခဲ့တဲ့ Sao Noi လို့ခေါ်တဲ့ သက်ကြီးဆင်မတစ်ကောင်နှင့် မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။ Sao Noi သေခါနီးအချိန်မှာ Boon Thong ဟာ သူမနှင့်အတူအဖော်ပြုပေးရင်း သူမဘေးမှာရပ်ကာ သူမအား အဖော်ပြုပေးနေကြောင်းသိစေဖို့အတွက် သူမနှာမောင်းဖြင့် Sao Noi ကို လှမ်းကိုင်ထားပေးခဲ့ပါတယ်။

.

ဒီတစ်ခါမှာတော့ Boon Thong ဟာ ​​ကမ္ဘာကြီးကို အပြီးတိုင် နှုတ်ဆက်ဖို့ အလှည့်ရောက်လာပြီဖြစ်ပေမယ့် သူမတစ်ကောင်တည်း အထီးမကျန်နေခဲ့ပါဘူး။ Pancake လေးဟာ တစ်ခုခုဖြစ်နေပြီလို့ခံစားလိုက်ရပြီး Boonthong နာမကျန်းဖြစ်နေကြောင်း သူမ မြင်လိုက်ရတဲ့အခါမှာ Boonthong ဘေးမှာ ရှိနေပေးခဲ့ပါတယ်။

.

Pancake ဟာ သူမရဲ့အဖော်ကို ဘာမှမလုပ်ပေးနိုင်ပေမဲ့လည်း သူမကိုတော့ တစ်ကောင်တည်းမထားခဲ့ပါဘူး။ နောက်ဆုံးမှာ Katherine နှင့် Pancake တို့ဟာ Boon Thong ရဲ့နောက်ဆုံးခရီးအတွက် ဘေးကနေ အတူတူ ကိုးနာရီအကြာ အဖော်ပြုပေးခဲ့ကြပါတယ်။

လှပတဲ့နှလုံးသားရှိတဲ့ Pancake လေးဟာ နောက်ဆုံးအကြိမ်အထိ Katherine ဒါမှမဟုတ် Boon Thong တို့ကို အကြိမ်လေး​တောင်မှ မပစ်ထားခဲ့ပါဘူး။ ထို့ပြင် Pancake ဟာ ပံ့ပိုးကူညီပေးဖို့လိုအပ်ကြောင်း သိနေခဲ့ပြီး သူမဟာ Boon Thong ရဲ့နောက်ဆုံးထွက်သက် ဘဝနေဝင်ချိန်အထိ Boon Thong ရဲ့ဘေးမှာ မလှုပ်တမ်း တိတ်ဆိတ်စွာ ရှိနေပေးခဲ့ကြောင်း BLES မှ တာဝန်ရှိသူများက ၎င်းတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : lolitopia

Crd